ဖြူစင်ရိုးသားမူတွေကို ခုတုံးလုပ်ခံရဖန်များလာတော့ ယုံကြည်မူတွေပျောက်ဆုံးလို့ သံသယဆူးတွေထားတတ်လာတယ်

အဆိပ်ဆူး

အရင်ကလူတစ်ကာအပေါ် ရိုးသားဖြူစင်ခဲ့တဲ့ မိန်းမတစ်ယောက်ပါ။

ဖြူစင်ရိုးသားမူတွေကို ခုတုံးလုပ်ခံရဖန်များလာတော့

ယုံကြည်မူတွေပျောက်ဆုံးလို့ သံသယဆူးတွေထားတတ်လာတယ်။

အရင်ကလူတစ်ကာအပေါ် စေတနာထားလွန်းတဲ့ မိန်းမတစ်ယောက်ပါ။

စေတနာတွေပိုမိတော့ ဝေဒနာတွေပဲရရလာတော့ ဥပေက္ခာဆူးတွေထားတတ်လာတယ်။

အရင်ကလူတစ်ကာအပေါ် သည်းခံတတ်တဲ့မိန်းမတစ်ယောက်ပါ။

လည်ပင်းချည်း တက်နင်းခံရဖန်များလာတော့ မဟုတ်မခံတတ်တဲ့ မာနဆူးတွေထားတတ်လာတယ်။

အရင်ကလူတစ်ကာအပေါ် ရိုးသားဖြူစင်မူနဲ့နှလုံးသားက နူးညံ့တဲ့မိန်းမတစ်ယောက်ပေမယ့်

လူတွေရဲ့အနိုင်ကျင့်,စော်ကားတာတွေ အထပ်ထပ်ကြုံရတာတွေများလာတော့ “ဆူး”တွေကရင်ထဲကို သူ့အလိုလိုရောက်လာခဲ့တယ်။

အဲဒီဆူးတွေက ရိုင်းစိုင်းမောက်မာ စော်ကားသူတွေအတွတ်ကတော့ အဆိပ်ဆူးတွေပဲဖြစ်နေမှာပါ။

Nan Khin May Win

အဆိပ်​ဆူး











Nan Khin May Win