ကျမအားငယ်တဲ့အချိန်မှာ…နွေးထွေးစွာခိုလုံရမဲ့ ရင်ခွင်တစ်ခုကို တမ်းတဖူးတယ်..

အတိတ်နေ့စွဲ

ကျမအားငယ်တဲ့အချိန်မှာ…နွေးထွေးစွာခိုလုံရမဲ့ ရင်ခွင်တစ်ခုကို တမ်းတဖူးတယ်..

ကျမငိုနေတဲ့အချိန်မှာ…မှီတွယ်စရာ ပခုံးတစ်ဖက် မျော်လင့်ခဲ့ဖူးတယ်…

ကျမအခက်ခဲပြဿနာတွေနဲ့ ကြုံတွေ့ချိန်မှာ…ရှေ့ကနေ မားမားရပ်ဖြေရှင်းပေးမဲ့ လူတစ်ယောက်ကိုပိုင်ဆိုင်ချင်ခဲ့တယ်…

အကယ်၍သာ…ကျမတမ်းတဖူးတဲ့ ရင်ခွင်တစ်ခုသာရှိနေခဲ့မယ်ဆိုရင်

သူ့ရင်ခွင်ခိုလုံရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နွေးထွေးဖို့မေ့နေမိမယ်ထင်ပါရဲ့…

အကယ်၍သာ…ကျမမျော်လင့်ဖူးတဲ့ ပုခုံးတစ်ဘက်သာ ရှိနေခဲ့မယ်ဆိုရင်

ထစ်ခနဲဆို ငိုဖို့ပဲ စဉ်းစားမိပြီး အားတင်းဖို့မေ့နေမယ်ထင်ပါရဲ့…

အကယ်၍သာ…ကျမပိုင်ဆိုင်ချင်တဲ့ လူတစ်ယောက်သာ ရှေ့ကရပ်တည်ပေးနေခဲ့မယ်ဆိုရင် သူ့အပေါ်အားကိုးစိတ်နဲ့ ကြိုးစားရုန်းကန်ဖို့ မေ့နေမယ်ထင်ပါရဲ့…

ဘာဖြစ်ဖြစ်..လောကကြီးဟာ မျော်လင့်တိုင်း ဖြစ်မလာသလိုပေးတိုင်းလဲ ပြန်မရတတ်ပါဘူး..

ပန်းတိုင်းလဲ မမွှေးသလိုမွှေးတဲ့ပန်းတိုင်းလဲ အရောင်အသွေး မတောက်ပနိုင်ပါဘူး..

ပြည့်စုံခြင်းဆိုတာ မရှိတဲ့ လောကမှာအဖြစ် အပျက်သဘာဝကို လက်ခံနိုင်ပြီး လောကဓံကို ရင်ဆိုင်ဖြေရှင်းခွင့်တွေ ရလာတော့

ကျမ တမ်းတမျော်လင့်ပိုင်ဆိုင်ချင်ခဲ့တဲ့ အရာတွေ အနားမရှိနေခြင်းဟာလဲ ကိုယ့်အတွက် ရင့်ကျက်တည်ငြိမ်မှုတွေဖြစ်လာရပါတယ်..

မပို ( ထီးလင်း )

အတိတ္ေန႔စြဲ

က်မအားငယ္တဲ့အခ်ိန္မွာ…ေႏြးေထြးစြာခိုလုံရမဲ့ ရင္ခြင္တစ္ခုကို တမ္းတဖူးတယ္..

က်မငိုေနတဲ့အခ်ိန္မွာ…မွီတြယ္စရာ ပခုံးတစ္ဖက္ ေမ်ာ္လင့္ခဲ့ဖူးတယ္…

က်မအခက္ခဲျပႆနာေတြနဲ႔ ႀကဳံေတြ႕ခ်ိန္မွာ…ေရွ႕ကေန မားမားရပ္ေျဖရွင္းေပးမဲ့ လူတစ္ေယာက္ကိုပိုင္ဆိုင္ခ်င္ခဲ့တယ္…

အကယ္၍သာ…က်မတမ္းတဖူးတဲ့ ရင္ခြင္တစ္ခုသာရွိေနခဲ့မယ္ဆိုရင္

သူ႔ရင္ခြင္ခိုလုံရင္းနဲ႔ ကိုယ့္ကိုယ္ကိုယ္ ကာကြယ္ေႏြးေထြးဖို႔ေမ့ေနမိမယ္ထင္ပါရဲ႕…

အကယ္၍သာ…က်မေမ်ာ္လင့္ဖူးတဲ့ ပုခုံးတစ္ဘက္သာ ရွိေနခဲ့မယ္ဆိုရင္

ထစ္ခနဲဆို ငိုဖို႔ပဲ စဥ္းစားမိၿပီး အားတင္းဖို႔ေမ့ေနမယ္ထင္ပါရဲ႕…

အကယ္၍သာ…က်မပိုင္ဆိုင္ခ်င္တဲ့ လူတစ္ေယာက္သာ ေရွ႕ကရပ္တည္ေပးေနခဲ့မယ္ဆိုရင္ သူ႔အေပၚအားကိုးစိတ္နဲ႔ ႀကိဳးစား႐ုန္းကန္ဖို႔ ေမ့ေနမယ္ထင္ပါရဲ႕…

ဘာျဖစ္ျဖစ္..ေလာကႀကီးဟာ ေမ်ာ္လင့္တိုင္း ျဖစ္မလာသလိုေပးတိုင္းလဲ ျပန္မရတတ္ပါဘူး..

ပန္းတိုင္းလဲ မေမႊးသလိုေမႊးတဲ့ပန္းတိုင္းလဲ အေရာင္အေသြး မေတာက္ပႏိုင္ပါဘူး..

ျပည့္စုံျခင္းဆိုတာ မရွိတဲ့ ေလာကမွာအျဖစ္ အပ်က္သဘာဝကို လက္ခံႏိုင္ၿပီး ေလာကဓံကို ရင္ဆိုင္ေျဖရွင္းခြင့္ေတြ ရလာေတာ့

က်မ တမ္းတေမ်ာ္လင့္ပိုင္ဆိုင္ခ်င္ခဲ့တဲ့ အရာေတြ အနားမရွိေနျခင္းဟာလဲ ကိုယ့္အတြက္ ရင့္က်က္တည္ၿငိမ္မႈေတြျဖစ္လာရပါတယ္..

မပို ( ထီးလင္း )