“အပြစ်လည်းမမြင်နဲ့ အပြစ်လည်းမတင်နဲ့တော့ ကြံဖန်သာကျေးဇူးတင်လိုက်”
ကိုယ့်ကို အရေးမလုပ်သူတစ်ချို့ကြောင့် တစ်ယောက်တည်း ခပ်အေးအေးနေတတ်သွားတယ်..
စွန့်ခွာသွားတဲ့သူတစ်ချို့ကြောင့်မတည်မြဲခြင်းဆိုတဲ့ ဓမ္မအသိနဲ့ တရင်းတနှီးဖြစ်လာတယ်..
စကားကို ဗလောင်းဗလဲပြောတတ်သူတစ်ချို့ကြောင့်စကားမမှားရအောင် ဆင်ဆင်ခြင်ခြင်ပြောတတ်တဲ့ အကျင့်တစ်ခုရလာတယ်..
အပြစ်မြင်လွယ်တတ်သူတစ်ချို့ကြောင့်ခံစားဖို့ တုန့်ပြန်ဖို့ မလိုအပ်တာတွေကို သိမြင်လာရတယ်..
တာဝန်မဲ့သူတစ်ချို့ကြောင့်ကိုယ့်ကြောင့် လောကကြီး အကျည်းမတန်အောင် ပိုသတိထားဖြစ်သွားတယ်..
ရှုံ့ချတတ်သူတစ်ချို့ကြောင့်လူကဲ့ရဲ့စရာမဖြစ်အောင် ကိုယ့်ကိုကိုယ် ပိုဆင်ခြင်မိသွားတယ်..
အနိုင်ကျင့်လွန်းသူတစ်ချို့ကြောင့်တော်ရုံနဲ့သိပ်မဖြုံပဲ ကိုယ့်ရဲ့စိတ်ဓာတ်တွေ ပိုမာကျောလာတယ်..
ကိုယ့်အပေါ်အခွင့်အရေးယူလွန်းသူတစ်ချို့ကြောင့်လိမ္မာပါးနပ်ဖို့ မဖြစ်မနေသင်ယူတတ်လာတယ်..
တစ်ကယ်ပါ သူတို့ကြောင့်ပဲ ပိုရင့်ကျက်လာတယ်..သူတို့ကြောင့်ပဲ ဆင်ခြင်တုံတရား ပိုရှိလာတယ်..သူတို့ကြောင့်ပဲ ပိုသတိရှိလာတယ်..သူတို့ကြောင့်ပဲ လူတွေအကြောင်းကို ပိုသိလာတယ်..
အပြစ်မြင်ရတာ အပြစ်တင်ရတာ စိတ်ပင်ပန်းပါတယ်..ကြံဖန်ကျေးဇူးတင်လိုက်တာ ကောင်းပါတယ်လေ..။
ယောဆရာတော်ကြီး
“အျပစ္လည္းမျမင္နဲ႔ အျပစ္လည္းမတင္နဲ႔ေတာ့ ၾကံဖန္သာေက်းဇူးတင္လိုက္”
ကိုယ့္ကို အေရးမလုပ္သူတစ္ခ်ိဳ႕ေၾကာင့္ တစ္ေယာက္တည္း ခပ္ေအးေအးေနတတ္သြားတယ္..
စြန္႔ခြာသြားတဲ့သူတစ္ခ်ိဳ႕ေၾကာင့္မတည္ျမဲျခင္းဆိုတဲ့ ဓမၼအသိနဲ႔ တရင္းတႏွီးျဖစ္လာတယ္..
စကားကို ဗေလာင္းဗလဲေျပာတတ္သူတစ္ခ်ိဳ႕ေၾကာင့္စကားမမွားရေအာင္ ဆင္ဆင္ျခင္ျခင္ေျပာတတ္တဲ့ အက်င့္တစ္ခုရလာတယ္..
အျပစ္ျမင္လြယ္တတ္သူတစ္ခ်ိဳ႕ေၾကာင့္ခံစားဖို႔ တုန္႔ျပန္ဖို႔ မလိုအပ္တာေတြကို သိျမင္လာရတယ္..
တာဝန္မဲ့သူတစ္ခ်ိဳ႕ေၾကာင့္ကိုယ့္ေၾကာင့္ ေလာကႀကီး အက်ည္းမတန္ေအာင္ ပိုသတိထားျဖစ္သြားတယ္..
ရံႈ႕ခ်တတ္သူတစ္ခ်ိဳ႕ေၾကာင့္လူကဲ့ရဲ႕စရာမျဖစ္ေအာင္ ကိုယ့္ကိုကိုယ္ ပိုဆင္ျခင္မိသြားတယ္..
အႏိုင္က်င့္လြန္းသူတစ္ခ်ိဳ႕ေၾကာင့္ေတာ္ရံုနဲ႔သိပ္မျဖံဳပဲ ကိုယ့္ရဲ႕စိတ္ဓာတ္ေတြ ပိုမာေက်ာလာတယ္..
ကိုယ့္အေပၚအခြင့္အေရးယူလြန္းသူတစ္ခ်ိဳ႕ေၾကာင့္လိမၼာပါးနပ္ဖို႔ မျဖစ္မေနသင္ယူတတ္လာတယ္..
တစ္ကယ္ပါ သူတို႔ေၾကာင့္ပဲ ပိုရင့္က်က္လာတယ္..သူတို႔ေၾကာင့္ပဲ ဆင္္ျခင္တုံတရား ပိုရွိလာတယ္..သူတို႔ေၾကာင့္ပဲ ပိုသတိရွိလာတယ္..သူတို႔ေၾကာင့္ပဲ လူေတြအေၾကာင္းကို ပိုသိလာတယ္..
အျပစ္ျမင္ရတာ အျပစ္တင္ရတာ စိတ္ပင္ပန္းပါတယ္..ၾကံဖန္ေက်းဇူးတင္လိုက္တာ ေကာင္းပါတယ္ေလ..။
ေယာဆရာေတာ္ၾကီး