ဘုန်းကြီးကျောင်းထဲမှာ လူတွေဖိနပ်စီးကောင်းသလား

ဘုန်းကြီးကျောင်းထဲမှာ လူတွေဖိနပ်စီးကောင်းသလား

ဘုန်းကြီးကျောင်းထဲမှာ လူတွေဖိနပ်မစီးရဟု တားမြစ်ထားသော ဘုရားဟော ပါဠိမရှိ။ အဋ္ဌကထာ၌လည်း အထင်အရှားမရှိ။ ဗိမ္ဗိသာရမင်း ဓားခွဲခံရခြင်းအကြောင်းကို ပန်းနံ့သာစသည် ပူဇော်ရာ စေတီရင်ပြင်၌ ဖိနပ်စီးသောကြောင့်ဟူ၍လည်းကောင်း ( ရဟန်းသံဃာတော်များထိုင်ရန် ပြင်ဆင်ထားသည့်နေရာ ခင်းထားသောသင်ဖြူးပေါ်၌ ခြေမဆေးပဲ တက်နင်းသောကြောင့် ဟူ၍လည်းကောင်း) ရှေးဆရာတို့ဆိုကြောင်း မထင်မရှားပြဆိုထား၏။

ထိုပြဆိုချက်၌လည်း စေတီရင်ပြင်၌ဖိနပ်စီးခြင်းကို ဘုန်းကြီးကျောင်းဝင်းအတွင်းဟူ၍ မဆိုချေ။ ရဟန်းသံဃာများထိုင်ရန် သင်ဖြူးပေါ်၌ ခြေမဆေးပဲနင်းသည်ဟု ဆိုသောအကြောင်းကို ထောက်ဆကြည့်လျှင် ယခုကာလဖိနပ်မစီးကြသော်လည်း ခြေမဆေးပဲ ကျောင်းပေါ်တက်ခြင်း ဖျာပေါ်နင်းခြင်းအတွက် ဆင်ခြင်စရာရှိ၏။

ခရီးသွားအာဂန္တုရဟန်းတော်များ အခြားကျောင်းတိုက်သို့ဝင်လျှင် ဖိနပ်ချွတ်ခြင်းစသော အာဂန္တုကဝတ်ကို ပြုရ၏။ ထိုဝတ်ပြုပုံကိုထောက်၍ ဘုန်းကြီးကျောင်းဝင်းအတွင်း၌ လူများဖိနပ်မစီးပဲ အရိုအသေပြုလာခဲ့ကြဟန်တူသည်။

သီလက္ခန်(၄၇) ၌ ” ယာဝတိကာ နာဂဿ ဘူမိ၊ နာဂေန ဂန္တွာ နာဂါ ပစ္စောရောဟိတွာ ပတ္တိကောဝ ယေန မဏ္ဍလမာလဿ ဒွါရံ တေနုပသင်္ကမိ” ဟူ၍လည်းကောင်း

နှာ-၁၀၁ ၌ ” ယာဝတိကာ ယာနဿဘူမိ၊ ယာနေန ဂန္တွယာန ပစ္စောရောဟိတွာ ပတ္တိကောဝ ယေန ဘဂဝါ တေနုပသင်္ကမိ” ဟူ၍လည်းကောင်း

ပြဆိုထားသည်ကိုထောက်လျှင် ကျောင်းဝင်းကိုမဆို၊ ယာဉ်ဖြင့်သွားနိုင်ရာအရပ် ယာဉ်ဖြင့်မသွားနိုင်ရာအရပ်ကိုသာ ပြဆိုထား၏။

ယာဉ်ရထား စီးကောင်းရာအရပ်၌ ဖိနပ်လည်းစီးကောင်းသည်ဟု အဘယာရာမဆရာတော် မိန့်ဆို၏။

ထိုအလိုအားဖြင့် ယခုကာလ၌ ကျောင်းလှေကားအနီးထိ ယာဉ်ရထားစီး၍ လာတတ်သောကြောင့် ထိုအရပ်တိုင်အောင် ဖိနပ်စီးကောင်းသည်ဟု ယူသင့်သကဲ့သို့ ရှိ၏။

ဖိနပ်မစီးပဲလာလျှင် ခြေဆေးနိုင်ပါမူ ကောင်း၏။ ခြေမဆေးပဲ ကျောင်းပေါ်တက်လျှင် ကျောင်းကို ညစ်ပေစေသဖြင့် မရိုသေရာရောက်သည်ဟူ၍လည်း အဘယာရာမဆရာတော် မိန့်ဆိုသေး၏။

မိထွေးတော်ဂေါတမီ မြတ်စွာဘုရားထံ ဘိက္ခုနီပြုရေးအတွက် ခွင့်တောင်းရန် လိုက်လာစဉ် ဘုရားကိုရိုသေသောအားဖြင့် နန်းတော်မှထွက်ကတည်းက ဖိနပ်မစီးပဲလာသည်ဟု ဆို၏။ ထိုသို့ရိုသေခြင်းမှာ ကျောင်းဝင်းနှင့်မဆိုင်။ ဤအလုံးစုံကို ထောက်ဆကြည့်လျှင် ဖိနပ်မစီးခြင်းသည် အရိုအသေပေးခြင်းသဘော ဖြစ်၏။ ကျောင်းဝင်းအတွင်း၌သာမဟုတ် လမ်းမှာလည်း ရိုသေထိုက်သောရဟန်းကိုတွေ့လျှင် အချို့ကဖိနပ်ချွတ်၍ အရိုအသေပြုကြ၏။ ထိုသို့အရိုအသေပြုရာ၌ အရိုအသေပြုခံရသောရဟန်းက ဖိနပ်စီးပါဟု ခွင့်ပြုနိုင်၏။ ခွင့်ပြုသည့်အတိုင်းလည်း ဖိနပ်စီးနိုင်ပါ၏။

ထို့အတူပင် သံဃိကဖြစ်စေ ပုဂ္ဂလိကဖြစ်စေ ကျောင်းတိုက်အတွင်း၌ ရဟန်းတော်များက ခွင့်ပြုထားလျှင် ဖိနပ်စီးခွင့်ရှိပါ၏။ အပြစ်ဖြစ်စရာအကြောင်း မမြင်ပါ။ ကျောင်းပေါ်တက်သောအခါ ကျောင်းကို မလူးလဲ မညစ်ပေစေရန် ရည်ရွယ်လျှင် သေနာသနကို ရိုသေရာလည်း ရောက်ပါသေး၏။

( မဟာစည်ဆရာတော်ကြီး၏ ထူးခြားသော အတွေးအမြင်များ)

ဘုန္းႀကီးေက်ာင္းထဲမွာ လူေတြဖိနပ္စီးေကာင္းသလား

ဘုန္းႀကီးေက်ာင္းထဲမွာ လူေတြဖိနပ္မစီးရဟု တားျမစ္ထားေသာ ဘုရားေဟာ ပါဠိမရွိ။ အ႒ကထာ၌လည္း အထင္အရွားမရွိ။ ဗိမၺိသာရမင္း ဓားခြဲခံရျခင္းအေၾကာင္းကို ပန္းနံ ့သာစသည္ ပူေဇာ္ရာ ေစတီရင္ျပင္၌ ဖိနပ္စီးေသာေၾကာင့္ဟူ၍လည္းေကာင္း ( ရဟန္းသံဃာေတာ္မ်ားထိုင္ရန္ ျပင္ဆင္ထားသည့္ေနရာ ခင္းထားေသာသင္ျဖဴးေပၚ၌ ေျခမေဆးပဲ တက္နင္းေသာေၾကာင့္ ဟူ၍လည္းေကာင္း) ေရွးဆရာတို႔ဆိုေၾကာင္း မထင္မရွားျပဆိုထား၏။

ထိုျပဆိုခ်က္၌လည္း ေစတီရင္ျပင္၌ဖိနပ္စီးျခင္းကို ဘုန္းႀကီးေက်ာင္းဝင္းအတြင္းဟူ၍ မဆိုေခ်။ ရဟန္းသံဃာမ်ားထိုင္ရန္ သင္ျဖဴးေပၚ၌ ေျခမေဆးပဲနင္းသည္ဟု ဆိုေသာအေၾကာင္းကို ေထာက္ဆၾကည့္လွ်င္ ယခုကာလဖိနပ္မစီးၾကေသာ္လည္း ေျခမေဆးပဲ ေက်ာင္းေပၚတက္ျခင္း ဖ်ာေပၚနင္းျခင္းအတြက္ ဆင္ျခင္စရာရွိ၏။

ခရီးသြားအာဂႏၲဳရဟန္းေတာ္မ်ား အျခားေက်ာင္းတိုက္သို႔ဝင္လွ်င္ ဖိနပ္ခၽြတ္ျခင္းစေသာ အာဂႏၲဳကဝတ္ကို ျပဳရ၏။ ထိုဝတ္ျပဳပံုကိုေထာက္၍ ဘုန္းႀကီးေက်ာင္းဝင္းအတြင္း၌ လူမ်ားဖိနပ္မစီးပဲ အ႐ိုအေသျပဳလာခဲ့ၾကဟန္တူသည္။

သီလကၡန္(၄၇) ၌ ” ယာဝတိကာ နာဂႆ ဘူမိ၊ နာေဂန ဂႏ႖ာ နာဂါ ပေစၥာေရာဟိတြာ ပတၱိေကာဝ ေယန မ႑လမာလႆ ဒြါရံ ေတႏုပသကၤမိ” ဟူ၍လည္းေကာင္း

ႏွာ-၁၀၁ ၌ ” ယာဝတိကာ ယာနႆဘူမိ၊ ယာေနန ဂႏ႖ယာန ပေစၥာေရာဟိတြာ ပတၱိေကာဝ ေယန ဘဂဝါ ေတႏုပသကၤမိ” ဟူ၍လည္းေကာင္း

ျပဆိုထားသည္ကိုေထာက္လွ်င္ ေက်ာင္းဝင္းကိုမဆို၊ ယာဥ္ျဖင့္သြားႏိုင္ရာအရပ္ ယာဥ္ျဖင့္မသြားႏိုင္ရာအရပ္ကိုသာ ျပဆိုထား၏။

ယာဥ္ရထား စီးေကာင္းရာအရပ္၌ ဖိနပ္လည္းစီးေကာင္းသည္ဟု အဘယာရာမဆရာေတာ္ မိန္႔ဆို၏။

ထိုအလိုအားျဖင့္ ယခုကာလ၌ ေက်ာင္းေလွကားအနီးထိ ယာဥ္ရထားစီး၍ လာတတ္ေသာေၾကာင့္ ထိုအရပ္တိုင္ေအာင္ ဖိနပ္စီးေကာင္းသည္ဟု ယူသင့္သကဲ့သို႔ ရွိ၏။

ဖိနပ္မစီးပဲလာလွ်င္ ေျခေဆးႏိုင္ပါမူ ေကာင္း၏။ ေျခမေဆးပဲ ေက်ာင္းေပၚတက္လွ်င္ ေက်ာင္းကို ညစ္ေပေစသျဖင့္ မ႐ိုေသရာေရာက္သည္ဟူ၍လည္း အဘယာရာမဆရာေတာ္ မိန္႔ဆိုေသး၏။

မိေထြးေတာ္ေဂါတမီ ျမတ္စြာဘုရားထံ ဘိကၡဳနီျပဳေရးအတြက္ ခြင့္ေတာင္းရန္ လိုက္လာစဥ္ ဘုရားကို႐ိုေသေသာအားျဖင့္ နန္းေတာ္မွထြက္ကတည္းက ဖိနပ္မစီးပဲလာသည္ဟု ဆို၏။ ထိုသို႔႐ိုေသျခင္းမွာ ေက်ာင္းဝင္းႏွင့္မဆိုင္။ ဤအလံုးစံုကို ေထာက္ဆၾကည့္လွ်င္ ဖိနပ္မစီးျခင္းသည္ အ႐ိုအေသေပးျခင္းသေဘာ ျဖစ္၏။ ေက်ာင္းဝင္းအတြင္း၌သာမဟုတ္ လမ္းမွာလည္း ႐ိုေသထိုက္ေသာရဟန္းကိုေတြ႕လွ်င္ အခ်ိဳ႕ကဖိနပ္ခၽြတ္၍ အ႐ိုအေသျပဳၾက၏။ ထိုသို႔အ႐ိုအေသျပဳရာ၌ အ႐ိုအေသျပဳခံရေသာရဟန္းက ဖိနပ္စီးပါဟု ခြင့္ျပဳႏိုင္၏။ ခြင့္ျပဳသည့္အတိုင္းလည္း ဖိနပ္စီးႏိုင္ပါ၏။

ထို႔အတူပင္ သံဃိကျဖစ္ေစ ပုဂၢလိကျဖစ္ေစ ေက်ာင္းတိုက္အတြင္း၌ ရဟန္းေတာ္မ်ားက ခြင့္ျပဳထားလွ်င္ ဖိနပ္စီးခြင့္ရွိပါ၏။ အျပစ္ျဖစ္စရာအေၾကာင္း မျမင္ပါ။ ေက်ာင္းေပၚတက္ေသာအခါ ေက်ာင္းကို မလူးလဲ မညစ္ေပေစရန္ ရည္ရြယ္လွ်င္ ေသနာသနကို ႐ိုေသရာလည္း ေရာက္ပါေသး၏။

( မဟာစည္ဆရာေတာ္ႀကီး၏ ထူးျခားေသာ အေတြးအျမင္မ်ား)