ရလာဒ်
အမြင့်ဆုံးကိုကြိုးစား ပျံကြည့်တယ်။မုန်တိုင်းနဲ့တွေ့တဲ့အခါတော့ အနိမ့်ဆုံးကို ချပြီးပျံသန်းရတာပေါ့။ လတ်ခုလတ်မှာ ပြုတ်ကျလို့မဖြစ်သေးပဲလေ။
မောရင်ခဏနားတယ်။ပြီးရင် ရှေ့ဆက်လှမ်းတယ်။ ပန်းတိုင်တစ်ခုဆီကိုပေါ့။ပုံမှန်လျှောက်နေဖို့ပါပဲ။
ပန်းတိုင်တစ်ခုရောက်တိုင်း မရပ်တန့်လိုက်ပါနဲ့။ရှေ့ဆက်တိုးပါ။ရောက်နေတဲ့ ပန်းတိုင်ထက် ရှေ့ကပန်းတိုင်တွေက ပိုလို့ လှတာ။ဒါပေမဲ့ အန္တရာယ်များလာပြီနော်။သတိတော့ထားပေါ့။
မောတယ်လို့မညည်းနဲ့။ပန်းတယ်ဆိုပြီးပစ်လဲမချနဲ့။မောတဲ့အခါ မော ပန်းတဲ့အခါပန်းပေမဲ့ ရောက်ရာ အဆင့်မှာ ပျော်ရွှင်ရပါတယ်။ကျေနပ်ရတယ်။ဒါပေမဲ့ ရပ်တန့်လို့မဖြစ်ဘူး။
တချို့အရာတွေမှာ ရောင့်ရဲတဲ့စိတ်က ကောင်းပေမဲ့ တချို့အရာတွေမှာတော့ ရောင့်ရဲတတ်တဲ့စိတ် ထားလို့မရဘူး။
အောင်မြင်ချင်ရင်တော့ ပင်ပန်းပါမယ်။တနေ့နှင့်တနေ့ မရိုးတဲ့ ပြသနာတွေတွေ့ရပါမယ် ။ ပြသနာဆိုတာ စိတ်ညစ်စရာမဟုတ်ပါဘူး။အောင်မြင်ဖို့အတွက် စိန်ခေါ်မှုတစ်ရပ်ပါပဲ။
စိန်ခေါ်မှုတွေများလေ ကိုယ်ကစင်ပေါ်ရောက်လေပါပဲ။ မကြောက်ပါနဲ့။အားမငယ်ပါနဲ့။ရဲရဲဆက်လျှောက်ပါမယ်။
စိတ်ညစ်တဲ့အခါ ငိုလိုက်ပါ။စိတ်လှုပ်ရှားပြီး အရမ်းကြောက်နေတဲ့မခါ မျက်စိလေးမှိတ်ပြီး ခဏလေး ရပ်နေလိုက်ပါ။ နောက်ပြန့်တော့ ဘယ်တော့မှ မလှည့်လိုက်ပါနဲ့။
ပျော်ရွှင်ချင်ရင် ခရီးထွက်ပါ။အေးချမ်းချင်ရင်တော့ ဝိပသနာရှု့ရမှာပေါ့။ဒါနမျိုးစေ့လဲ လမ်းတလျှောက်ကျဲပက်ခဲ့ပါ။နည်းစေများစေ မတွေးပါနဲ့။ကိုယ့်တနိုင်တပိုင်သာ ဖြန့်ကျဲခဲ့ပေါ့။
ဒါနဲ့ ..ပြောရအုံးမယ်။ တခါတရံလည်း စိတ်လိုလက်ရ ရယ်မောဖို့မမေ့နဲ့နော်။
ပတ်ဝန်းကျင်ကိုချစ်ပါ။ သစ်ပင်တွေ စိုက်ပေးပါ။ကလေးလေးတွေကို မုန့်ကျွေးပါ။တချို့သော သေးငယ်တဲ့ လုပ်ရပ်လေးတွေက မေတ္တာတရားတွေ အပြည့်ရတာ။ပေးကမ်းတဲ့လက်ဟာ ပိုပြီးကြံ့ခိုင်တာ။
ဘဝဟာ တခါတရံ အချိုအခါး အဖန်ရသစုံလာပါတယ်။
ဘဝဟာဒီလိုပါပဲ။ကျေနပ်တဲ့ ရလဒ်တခုဆီရောက်ရင်တော့ ပျော်ရွှင်ရတာပေါ့။ မရရင်တော့ စိတ်ညစ်စိတ်ပျက်တာတွေကြုံရမယ်။ဘယ်လိုပဲ ကြုံကြုံ ဇွဲမလျှော့လိုက်ဖို့ပါပဲ။
များများပျော်ချင်ရင် စိန်ခေါ်မှုများများလုပ်ပါ။အသစ်အသစ်တွေ တိုးချဲ့ပါ။ စိန်ခေါ်မှုများလေ စိတ်လှုပ်ရှားလေ။
စိတ်လှုပ်ရှားမှုတွေက လူထဲက လူတစ်ယောက်ဖြစ်ဖို့ တွန်းပို့လိုက်တာပါပဲ။
စိတ်လှုပ်ရှားမှုက မွန်းကြပ်မှုနဲ့အတူ စိန်ခေါ်မှုတွေကို တိုက်ထုတ်နိုင်တဲ့ စွမ်းအားတခုပဲ။ကိုယ်မသိတဲ့အချိန်မှာ ကိုယ့်စိတ်စွမ်းအားဟာ အများကြီးလုပ်ဆောင်ဆောင်နိုင်တယ်ဆိုတာမမေ့ပါနဲ့။
ဪ..ဒါနဲ့ နောက်ထပ် ပြောခဲ့ဦးမယ်။ မွန်းကြပ်လွန်းရင် ငိုဖို့မမေ့နဲ့နော်။ဒါမှ ဘဝက အဓိပါယ်ရှိတာ။
Ma Po(Htilin)
ရလာဒ္
အျမင့္ဆုံးကိုႀကိဳးစား ပ်ံၾကည့္တယ္။မုန္တိုင္းနဲ႔ေတြ႕တဲ့အခါေတာ့ အနိမ့္ဆုံးကို ခ်ၿပီးပ်ံသန္းရတာေပါ့။ လတ္ခုလတ္မွာ ျပဳတ္က်လို႔မျဖစ္ေသးပဲေလ။
ေမာရင္ခဏနားတယ္။ၿပီးရင္ ေရွ႕ဆက္လွမ္းတယ္။ ပန္းတိုင္တစ္ခုဆီကိုေပါ့။ပုံမွန္ေလွ်ာက္ေနဖို႔ပါပဲ။
ပန္းတိုင္တစ္ခုေရာက္တိုင္း မရပ္တန႔္လိုက္ပါနဲ႔။ေရွ႕ဆက္တိုးပါ။ေရာက္ေနတဲ့ ပန္းတိုင္ထက္ ေရွ႕ကပန္းတိုင္ေတြက ပိုလို႔ လွတာ။ဒါေပမဲ့ အႏၲရာယ္မ်ားလာၿပီေနာ္။သတိေတာ့ထားေပါ့။
ေမာတယ္လို႔မညည္းနဲ႔။ပန္းတယ္ဆိုၿပီးပစ္လဲမခ်နဲ႔။ေမာတဲ့အခါ ေမာ ပန္းတဲ့အခါပန္းေပမဲ့ ေရာက္ရာ အဆင့္မွာ ေပ်ာ္႐ႊင္ရပါတယ္။ေက်နပ္ရတယ္။ဒါေပမဲ့ ရပ္တန႔္လို႔မျဖစ္ဘူး။
တခ်ိဳ႕အရာေတြမွာ ေရာင့္ရဲတဲ့စိတ္က ေကာင္းေပမဲ့ တခ်ိဳ႕အရာေတြမွာေတာ့ ေရာင့္ရဲတတ္တဲ့စိတ္ ထားလို႔မရဘူး။
ေအာင္ျမင္ခ်င္ရင္ေတာ့ ပင္ပန္းပါမယ္။တေန႔ႏွင့္တေန႔ မ႐ိုးတဲ့ ျပသနာေတြေတြ႕ရပါမယ္ ။ ျပသနာဆိုတာ စိတ္ညစ္စရာမဟုတ္ပါဘူး။ေအာင္ျမင္ဖို႔အတြက္ စိန္ေခၚမႈတစ္ရပ္ပါပဲ။
စိန္ေခၚမႈေတြမ်ားေလ ကိုယ္ကစင္ေပၚေရာက္ေလပါပဲ။ မေၾကာက္ပါနဲ႔။အားမငယ္ပါနဲ႔။ရဲရဲဆက္ေလွ်ာက္ပါမယ္။
စိတ္ညစ္တဲ့အခါ ငိုလိုက္ပါ။စိတ္လႈပ္ရွားၿပီး အရမ္းေၾကာက္ေနတဲ့မခါ မ်က္စိေလးမွိတ္ၿပီး ခဏေလး ရပ္ေနလိုက္ပါ။ ေနာက္ျပန႔္ေတာ့ ဘယ္ေတာ့မွ မလွည့္လိုက္ပါနဲ႔။
ေပ်ာ္႐ႊင္ခ်င္ရင္ ခရီးထြက္ပါ။ေအးခ်မ္းခ်င္ရင္ေတာ့ ဝိပသနာရႈ႕ရမွာေပါ့။ဒါနမ်ိဳးေစ့လဲ လမ္းတေလွ်ာက္က်ဲပက္ခဲ့ပါ။နည္းေစမ်ားေစ မေတြးပါနဲ႔။ကိုယ့္တႏိုင္တပိုင္သာ ျဖန႔္က်ဲခဲ့ေပါ့။
ဒါနဲ႔ ..ေျပာရအုံးမယ္။ တခါတရံလည္း စိတ္လိုလက္ရ ရယ္ေမာဖို႔မေမ့နဲ႔ေနာ္။
ပတ္ဝန္းက်င္ကိုခ်စ္ပါ။ သစ္ပင္ေတြ စိုက္ေပးပါ။ကေလးေလးေတြကို မုန႔္ေကြၽးပါ။တခ်ိဳ႕ေသာ ေသးငယ္တဲ့ လုပ္ရပ္ေလးေတြက ေမတၱာတရားေတြ အျပည့္ရတာ။ေပးကမ္းတဲ့လက္ဟာ ပိုၿပီးႀကံ့ခိုင္တာ။
ဘဝဟာ တခါတရံ အခ်ိဳအခါး အဖန္ရသစုံလာပါတယ္။
ဘဝဟာဒီလိုပါပဲ။ေက်နပ္တဲ့ ရလဒ္တခုဆီေရာက္ရင္ေတာ့ ေပ်ာ္႐ႊင္ရတာေပါ့။ မရရင္ေတာ့ စိတ္ညစ္စိတ္ပ်က္တာေတြႀကဳံရမယ္။ဘယ္လိုပဲ ႀကဳံႀကဳံ ဇြဲမေလွ်ာ့လိုက္ဖို႔ပါပဲ။
မ်ားမ်ားေပ်ာ္ခ်င္ရင္ စိန္ေခၚမႈမ်ားမ်ားလုပ္ပါ။အသစ္အသစ္ေတြ တိုးခ်ဲ႕ပါ။ စိန္ေခၚမႈမ်ားေလ စိတ္လႈပ္ရွားေလ။
စိတ္လႈပ္ရွားမႈေတြက လူထဲက လူတစ္ေယာက္ျဖစ္ဖို႔ တြန္းပို႔လိုက္တာပါပဲ။
စိတ္လႈပ္ရွားမႈက မြန္းၾကပ္မႈနဲ႔အတူ စိန္ေခၚမႈေတြကို တိုက္ထုတ္ႏိုင္တဲ့ စြမ္းအားတခုပဲ။ကိုယ္မသိတဲ့အခ်ိန္မွာ ကိုယ့္စိတ္စြမ္းအားဟာ အမ်ားႀကီးလုပ္ေဆာင္ေဆာင္ႏိုင္တယ္ဆိုတာမေမ့ပါနဲ႔။
ဪ..ဒါနဲ႔ ေနာက္ထပ္ ေျပာခဲ့ဦးမယ္။ မြန္းၾကပ္လြန္းရင္ ငိုဖို႔မေမ့နဲ႔ေနာ္။ဒါမွ ဘဝက အဓိပါယ္ရွိတာ။
Ma Po(Htilin)