ဦးဇင်းတစ်ပါး ရင်ဖွင့်စာ(ဒီခေတ်မှာ ရဟန်းတပါးဖြစ်ဖို့ မပြောနဲ့ ကိုရင်တပါးဖြစ်ဖို့တောင် အတော်ခက်တဲ့အနေအထား)

မနေ့ညက ဦးဇင်းတပါးကိုဂွင်းထိုးဖိနပ်စီးလို့တဲ့ ဝိနည်းက ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ လူတယောက် နှောက်ယှက်နေတယ်

ဦးဇင်းကလည်း ဘယ်ဥပဒေနဲ့ ငြိတာလဲ ပြင်မယ် ကြိုက်တဲ့အချိန်လာခဲ့ဆိုပီး ဖိတ်ခေါ်တယ်

လူတွေအတော် စိတ်ပျက်ဖို့ ကောင်းလာတယ်

နာသင့်တာကျ မနာ မနာသင့်တာကျ နာ ဖျက်သင့်တာကျ မဖျက် မဖျက်သင့်တာကျ ဖျက်ကြတယ်

တကယ်ဆိုရင် ယူဦးမလားဘုရား ရော့ ဆိုပီး နောက်တရံတောင်ဝယ်ပေးရမှာ

ရှေးတုန်းက ကိုရင်တွေ ဆရာသိမှာဆိုးလို့ ကုဋီထဲမှာ ဆေးလိပ်ခိုးသောက်တယ် ဒါကို မဟာဒါဝန်ကတွေ့တော့

ဦးဗုဓ်ကိုသွားလျှောက်တယ် ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ အေး ငါကတော့ အဲ့လိုခိုးသောက်တာလေးကို ကြည်ညိုနေရတာ

သူ့ခမျာ သူသောက်တာကို အကြောင်းပြုပြီး သာသနာနဲ့ တခြားသူတွေကို အထင်သေးမှာကြောက်တာနဲ့

ခိုးသောက်ရှာတယ် အဲ့စိတ်ကလေးကို ကြည်ညိုတာလို့ မိန့်သတဲ့

သဲကုန်းက ဒကာမကြီးတယောက် ဦးဇင်းကိုရင်ဘဝက လျှောက်းဖူးတယ်

ကိုရင် သာသနာမှာ နေရတာ ပျော်ရဲ့လားဘုရား

ဟာ ဒကာမကြီး သိပ်ပျော်ပေါ့ စာကျက်နေရတာ စာသင်နေရတာ ညနေ ဘောလုံးကန် ခြင်းခတ်နေရတာနဲ့ ပျင်းချိန်တောင်မရှိပါဘူးဗျာလို့ ဖြေတော့

တပည့်တော်ကတော့ မနက်ဆွမ်းခံထွက်ချိန် ဖိနပ်မစီးတာလေးတွေကို ချစ်ချစ်နေရတာဘုရား ချစ်လို့ကိုမဝဘူးတဲ့

ကျန်တာ ဘာလုပ်လုပ် အပြစ်မမြင်ရက်ဘူးတဲ့ ဒါ့ကြောင့် နေပျော်သလိုနေပါဘုရားတဲ့

ဒီခေတ်မှာ ရဟန်းတပါးဖြစ်ဖို့ မပြောနဲ့

( အဋ္ဌကထာ ဆရာကဆိုရင် ဘုရားဖြစ်ဖို့ကလွယ်တယ် ရဟန်းဖြစ်ဖို့က ပိုခက်သတဲ့)

ကိုရင်တပါးဖြစ်ဖို့တောင် အတော်ခက်တဲ့အနေအထား

နောက်ပိုင်းကလေးတွေက ကိုရင်ဝတ်ဖို့ဆို ၇ ရက်တောင် မုန့်ဖိုးပေးယူရတယ်

မိဘတွေကိုတိုင်ကလည်း တပည့်တော်သားလေးက ခုမှ ၆ တန်းရှိသေးတယ် ပညာသင်ဦးမှာဆိုပီး အတင်းဆွဲချွတ်နေလေရဲ့ (မိမိ ကိုယ်တွေ့)

မိမိကိုယ်တိုင်လည်း မဝတ်ချင် ဝတ်နေတဲ့ သားကိုလည်း ဆွဲချွတ်

သူများသားသမီး သာသနာပြုနေတာကိုတော့ မထောက်ပံ့တဲ့ အပြင်

ဝိနည်းက ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ စိတ်အနှောက်ယှက်ပေးတာကတော့ အတော် အောက်တန်းကျလွန်းတဲ့စိတ်ဓါတ်ပဲ

ရှေးဆရာတော်ကြီးတွေ ဆိုရင် ဒီလိုကိစ္စမျိုးကို အပြင်းအထန် ရှုတ်ချတယ်

သူ့ဟာသူ ဘောလုံးကန် ခြင်းခတ်နေတာ တွေ့ရင် ရေခတ်တိုက်ပီး မုန့်ပါဝယ်ကျွေးပစ်ရမှာ ကစားချိန်ဆိုတာ အချိန်ပိုင်းလေးတင်ပါ

စာကျက်ချိန် စာသင်ချိန် စာအံချိန် တွေကိုတော့ မမြင်ပဲနဲ့ မြင်အောင်မကြိုးစားပဲနဲ့

ဒါလောက်ကလေးမှ ဖြစ်ပျက်နေရင် ခင်ဗျားလှူထားတဲ့ ကျောင်းကြီးကိုပြန်ဖြုတ်ယူသွားလို့ မစိုးရိမ်ဆရာတော်ကြီးကမိန့်သတဲ့ ဒီတော့မှ ဒကာလည်း ကြည်ညိုတတ်သွားသတဲ့

လူတွေ လူတွေသံဃာ့ကျေးဇူးမပြောနဲ့ တပါးချင်းစီရဲ့ကျေးဇူးကိုတောင် မြင်အောင်ကြည့်တတ်ဖို့အတော်မလွယ်ကြပါလားဗျာ။

စာသင်သား မစိုးရိမ်

မေန႔ညက ဦးဇင္းတပါးကိုဂြင္းထိုးဖိနပ္စီးလို႔တဲ႔ ဝိနည္းက ဘာျဖစ္တယ္ ညာျဖစ္တယ္နဲ႔ လူတေယာက္ ေႏွာက္ယွက္ေနတယ္

ဦးဇင္းကလည္း ဘယ္ဥပေဒနဲ႕ ျငိတာလဲ ျပင္မယ္ ျကိဳက္တဲ႔အခ်ိန္လာခဲ႔ဆိုပီး ဖိတ္ေခၚတယ္

လူေတြအေတာ္ စိတ္ပ်က္ဖို႔ ေကာင္းလာတယ္

နာသင့္တာက် မနာ မနာသင့္တာက် နာ ဖ်က္သင့္တာက် မဖ်က္ မဖ်က္သင့္တာက် ဖ်က္ျကတယ္

တကယ္ဆိုရင္ ယူဦးမလားဘုရား ေရာ့ ဆိုပီး ေနာက္တရံေတာင္ဝယ္ေပးရမွာ

ေရွးတုန္းက ကိုရင္ေတြ ဆရာသိမွာဆိုးလို႔ ကုဋီထဲမွာ ေဆးလိပ္ခိုးေသာက္တယ္ ဒါကို မဟာဒါဝန္ကေတြ႔ေတာ့

ဦးဗုဓ္ကိုသြားေလ်ွာက္တယ္ ဘာျဖစ္တယ္ ညာျဖစ္တယ္နဲ႔ ေအး ငါကေတာ့ အဲ႔လိုခိုးေသာက္တာေလးကို ျကည္ညိဳေနရတာ

သူ႔ခမ်ာ သူေသာက္တာကို အေျကာင္းျပဳျပီး သာသနာနဲ႔ တျခားသူေတြကို အထင္ေသးမွာေျကာက္တာနဲ႔

ခိုးေသာက္ရွာတယ္ အဲ႔စိတ္ကေလးကို ျကည္ညိဳတာလို႔ မိန္႔သတဲ႔

သဲကုန္းက ဒကာမျကီးတေယာက္ ဦးဇင္းကိုရင္ဘဝက ေလ်ွာက္းဖူးတယ္

ကိုရင္ သာသနာမွာ ေနရတာ ေပ်ာ္ရဲ႔လားဘုရား

ဟာ ဒကာမျကီး သိပ္ေပ်ာ္ေပါ့ စာက်က္ေနရတာ စာသင္ေနရတာ ညေန ေဘာလံုးကန္ ျခင္းခတ္ေနရတာနဲ႔ ပ်င္းခ်ိန္ေတာင္မရွိပါဘူးဗ်ာလို႔ ေျဖေတာ့

တပည့္ေတာ္ကေတာ့ မနက္ဆြမ္းခံထြက္ခ်ိန္ ဖိနပ္မစီးတာေလးေတြကို ခ်စ္ခ်စ္ေနရတာဘုရား ခ်စ္လို႔ကိုမဝဘူးတဲ႔

က်န္တာ ဘာလုပ္လုပ္ အျပစ္မျမင္ရက္ဘူးတဲ႔ ဒါ့ေျကာင့္ ေနေပ်ာ္သလိုေနပါဘုရားတဲ႔

ဒီေခတ္မွာ ရဟန္းတပါးျဖစ္ဖို႔ မေျပာနဲ႔

( အ႒ကထာ ဆရာကဆိုရင္ ဘုရားျဖစ္ဖို႔ကလြယ္တယ္ ရဟန္းျဖစ္ဖို႔က ပိုခက္သတဲ႔)

ကိုရင္တပါးျဖစ္ဖို႔ေတာင္ အေတာ္ခက္တဲ႔အေနအထား

ေနာက္ပိုင္းကေလးေတြက ကိုရင္ဝတ္ဖို႔ဆို ၇ ရက္ေတာင္ မုန္႕ဖိုးေပးယူရတယ္

မိဘေတြကိုတိုင္ကလည္း တပည့္ေတာ္သားေလးက ခုမွ ၆ တန္းရွိေသးတယ္ ပညာသင္ဦးမွာဆိုပီး အတင္းဆြဲခ်ြတ္ေနေလရဲ႕ (မိမိ ကိုယ္ေတြ႔)

မိမိကိုယ္တိုင္လည္း မဝတ္ခ်င္ ဝတ္ေနတဲ႔ သားကိုလည္း ဆြဲခ်ြတ္

သူမ်ားသားသမီး သာသနာျပဳေနတာကိုေတာ့ မေထာက္ပံ႔တဲ့ အျပင္

ဝိနည္းက ဘာျဖစ္တယ္ ညာျဖစ္တယ္နဲ႔ စိတ္အေႏွာက္ယွက္ေပးတာကေတာ့ အေတာ္ ေအာက္တန္းက်လြန္းတဲ႔စိတ္ဓါတ္ပဲ

ေရွးဆရာေတာ္ႀကီးေတြ ဆိုရင္ ဒီလိုကိစၥမ်ိဳးကို အျပင္းအထန္ ရႈတ္ခ်တယ္

သူ႔ဟာသူ ေဘာလံုးကန္ ျခင္းခတ္ေနတာ ေတြ႔ရင္ ေရခတ္တိုက္ပီး မုန္႔ပါဝယ္ေက်ြးပစ္ရမွာ ကစားခ်ိန္ဆိုတာ အခ်ိန္ပိုင္းေလးတင္ပါ

စာက်က္ခ်ိန္ စာသင္ခ်ိန္ စာအံခ်ိန္ ေတြကိုေတာ့ မျမင္ပဲနဲ႔ ျမင္ေအာင္မျကိဳးစားပဲနဲ႔

ဒါေလာက္ကေလးမွ ျဖစ္ပ်က္ေနရင္ ခင္ဗ်ားလွဴထားတဲ႔ ေက်ာင္းျကီးကိုျပန္ျဖဳတ္ယူသြားလို႔ မစိုးရိမ္ဆရာေတာ္ျကီးကမိန္႔သတဲ႔ ဒီေတာ့မွ ဒကာလည္း ျကည္ညိဳတတ္သြားသတဲ႔

လူေတြ လူေတြသံဃာ့ေက်းဇူးမေျပာနဲ႔ တပါးခ်င္းစီရဲ႕ေက်းဇူးကိုေတာင္ ျမင္ေအာင္ျကည့္တတ္ဖို႔အေတာ္မလြယ္ျကပါလားဗ်ာ။

စာသင္သား မစိုးရိမ္