ေပြ႕ဖက္ျခင္းဟာ ခ်စ္ျခင္းေမတၱာကိုေဖာ္ျပတာျဖစ္ျပီး တစ္ေယာက္နဲ႕တစ္ေယာက္ေပြ႕ဖက္တာက ေကာင္းတဲ့ခံစားခ်က္ေတြ၊ ေကာင္းမြန္တဲ့အက်ိဳးဆက္ေတြကိုျဖစ္ေစပါတယ္။ မိဘေတြက ကေလးေတြကိုေပြ႕ဖက္ေပးျခင္းက ဒီလိုအက်ိဳးေက်းဇူးေတြကို ရေစပါတယ္။
(၁) ေပ်ာ္ရႊင္ေစတယ္

ကေလးေတြကိုေပြ႕ဖက္တဲ့အခါ သူတို႕ကိုခ်စ္တယ္၊ သံေယာဇဉ္ရွိတယ္၊ သူတို႕အေပၚၾကင္နာေနြးေထြးတယ္ဆိုတာကို ျပသလိုက္တာျဖစ္လို႕ သူတို႕စိတ္ထဲမွာ ေက်နပ္မႈကိုျဖစ္ေပၚေစတယ္။ အဲ့ဒါက သူတို႕ကို ကိုယ့္ကိုယ္ကိုယံုၾကည္မႈပိုရွိေစ၊ အေကာင္းျမင္စိတ္ပိုရွိေစျပီး ပိုမိုေပ်ာ္ရႊင္တဲ့ကေလးေတြျဖစ္လာေစပါတယ္။
(၂) သူမ်ားအေပၚေနြးေထြးတတ္လာတယ္
သူတို႕အေပၚေနြးေထြးမႈကို ေဖာ္ျပေပးတဲ့အခါ သူတို႕ကလည္း သူမ်ားအေပၚေနြးေထြးတတ္လာပါတယ္။ တစ္ဖက္သားကို ဘယ္လိုၾကင္နာရမယ္ဆိုတာကို ေကာင္းေကာင္းနားလည္တတ္လာပါတယ္။
(၃) ဉာဏ္ထက္ေစတယ္

ကိုယ့္ကိုယ္ကိုယံုၾကည္မႈရွိတဲ့ကေလး၊ အေကာင္းျမင္စိတ္ရွိတဲ့ကေလးဟာ အိမ္မွာေရာ၊ ေက်ာင္းမွာပါ ပိုေပ်ာ္လာျပီး ပိုပိုျပီးလည္း ေတာ္လာပါတယ္။
(၄) ပိုက်န္းမာေစတယ္
ေပြ႕ဖက္တဲ့အခါ oxytocin hormone ကို ထြက္လာေစျပီး အဲ့ဒီေဟာ္မုန္းက ကေလးရဲ႕ကိုယ္ခံအားကိုတိုးေစတာေၾကာင့္ ကေလးကို ပိုက်န္းမာေစပါတယ္။
(၅) မိဘနဲ႕ကေလးၾကားနားလည္မႈပိုရွိလာေစတယ္

ေပြ႕ဖက္ျခင္းက မိဘနဲ႕ကေလးၾကားမွာ စကားလံုးေတြေျပာေနတာထက္ပိုျပီး နားလည္မႈရွိေစပါတယ္။ သူတို႕ကိုဘယ္ေလာက္ခ်စ္ေၾကာင္း၊ သူတို႕ကိုဘယ္ေလာက္ေနြးေထြးေၾကာင္းကို စကားတစ္ခြန္းမွေျပာဖို႕မလိုဘဲ ျပသလိုက္တဲ့နည္းလမ္းျဖစ္တာေၾကာင့္ မိဘေတြအေပၚကိုနားလည္မႈပိုရွိေစပါတယ္။
written by PP
ပွေ့ဖက်ခြင်းဟာ ချစ်ခြင်းမေတ္တာကိုဖော်ပြတာဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက်ပွေ့ဖက်တာက ကောင်းတဲ့ခံစားချက်တွေ၊ ကောင်းမွန်တဲ့အကျိုးဆက်တွေကိုဖြစ်စေပါတယ်။ မိဘတွေက ကလေးတွေကိုပွေ့ဖက်ပေးခြင်းက ဒီလိုအကျိုးကျေးဇူးတွေကို ရစေပါတယ်။
(၁) ပျော်ရွှင်စေတယ်
ကလေးတွေကိုပွေ့ဖက်တဲ့အခါ သူတို့ကိုချစ်တယ်၊ သံယောဇဉ်ရှိတယ်၊ သူတို့အပေါ်ကြင်နာနွေးထွေးတယ်ဆိုတာကို ပြသလိုက်တာဖြစ်လို့ သူတို့စိတ်ထဲမှာ ကျေနပ်မှုကိုဖြစ်ပေါ်စေတယ်။ အဲ့ဒါက သူတို့ကို ကိုယ့်ကိုယ်ကိုယုံကြည်မှုပိုရှိစေ၊ အကောင်းမြင်စိတ်ပိုရှိစေပြီး ပိုမိုပျော်ရွှင်တဲ့ကလေးတွေဖြစ်လာစေပါတယ်။
(၂) သူများအပေါ်နွေးထွေးတတ်လာတယ်
သူတို့အပေါ်နွေးထွေးမှုကို ဖော်ပြပေးတဲ့အခါ သူတို့ကလည်း သူများအပေါ်နွေးထွေးတတ်လာပါတယ်။ တစ်ဖက်သားကို ဘယ်လိုကြင်နာရမယ်ဆိုတာကို ကောင်းကောင်းနားလည်တတ်လာပါတယ်။
(၃) ဉာဏ်ထက်စေတယ်
ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတဲ့ကလေး၊ အကောင်းမြင်စိတ်ရှိတဲ့ကလေးဟာ အိမ်မှာရော၊ ကျောင်းမှာပါ ပိုပျော်လာပြီး ပိုပိုပြီးလည်း တော်လာပါတယ်။
(၄) ပိုကျန်းမာစေတယ်
ပွေ့ဖက်တဲ့အခါ oxytocin hormone ကို ထွက်လာစေပြီး အဲ့ဒီဟော်မုန်းက ကလေးရဲ့ကိုယ်ခံအားကိုတိုးစေတာကြောင့် ကလေးကို ပိုကျန်းမာစေပါတယ်။
(၅) မိဘနဲ့ကလေးကြားနားလည်မှုပိုရှိလာစေတယ်
ပွေ့ဖက်ခြင်းက မိဘနဲ့ကလေးကြားမှာ စကားလုံးတွေပြောနေတာထက်ပိုပြီး နားလည်မှုရှိစေပါတယ်။ သူတို့ကိုဘယ်လောက်ချစ်ကြောင်း၊ သူတို့ကိုဘယ်လောက်နွေးထွေးကြောင်းကို စကားတစ်ခွန်းမှပြောဖို့မလိုဘဲ ပြသလိုက်တဲ့နည်းလမ်းဖြစ်တာကြောင့် မိဘတွေအပေါ်ကိုနားလည်မှုပိုရှိစေပါတယ်။
written by PP