ေလာကၾကီးထဲမွာကိုယ့္အတြက္အေကာင္းဆံုးလူကိုျပပါဆိုရင္ အေမ ကိုျပလိုက္ပါ

ေလာကၾကီးမွာ ကိုယ့္အေပၚအရမ္းေကာင္းျပီးအရမ္းကိုယံုရပါတယ္ဆိုတဲ့သူေတြဟာ အခ်ိန္ေတြ၊အေျခအေနေတြေျပာင္းလဲသြားတဲ့အခါ ကိုယ့္အေပၚေျပာင္းလဲလာျပီး ယံုလို႕မရတဲ့သူေတြျဖစ္သြားတတ္ပါတယ္။ ဒါေပမယ့္ ကိုယ့္အေပၚဘယ္သူေတြဘယ္ေလာက္ပဲ ေျပာင္းလဲသြားေပမယ့္ ဘယ္ေတာ့မွေျပာင္းလဲမသြားမယ့္ သူတစ္ေယာက္ရွိပါတယ္။ အဲ့ဒါကေတာ့ အေမပါပဲ။ အေမဆိုတာ …..

ကိုယ့္ကိုတံဆိပ္မကပ္တဲ့သူ

freepik

ကိုယ္ဟာ ဘယ္လိုလူမ်ိဳးလဲ၊ လူေကာင္းလား၊ လူဆိုးလား၊ စိတ္ဓာတ္ေပ်ာ့ညံ့သူလား၊ အရံႈးသမားလား စသျဖင့္ ကိုယ့္ကိုတံဆိပ္ေတြကပ္ျပီး မၾကည့္တတ္သူျဖစ္ပါတယ္။ ကိုယ္ဘယ္လိုလူမ်ိဳးျဖစ္ျဖစ္ ကိုယ့္အေပၚ မေျပာင္းလဲတဲ့တစ္ေယာက္တည္းေသာသူဟာ အေမပါ။

ကိုယ့္ကိုအေကာင္းဆံုးနွစ္သိမ့္ေပးတတ္သူ

ကိုယ့္စိတ္အဆင္မေျပမႈေတြျဖစ္လာတဲ့အခါ၊ အားငယ္ဝမ္းနည္းျပီး ျပိုလဲေနတဲ့အခါ၊ တစ္ေယာက္ေယာက္ဆီက အားေပးမႈေတြရဖို႕လိုအပ္လာတဲ့အခါေတြမွာ ကိုယ့္စိတ္အဆင္ေျပဖို႕အတြက္ အေကာင္းဆံုးနွစ္သိမ့္ေပးတတ္သူဟာ အေမပါ။

ကိုယ္နဲ႕ပတ္သက္လာရင္ သူရဲ႕ကိုယ္က်ိုးကိုမၾကည့္တဲ့သူ

freepik

ဘယ္သူေတြဘယ္ေလာက္ပဲ ကိုယ့္အေပၚေကာင္းပါေစ၊ သူတို႕ကိုယ္က်ိဳးကိုမၾကည့္ဘဲ ကိုယ့္အတြက္ပဲၾကည့္ေပးတတ္တဲ့သူဆိုတာ အေမကလြဲရင္ဘယ္သူမွမရွိပါဘူး။ သူ႕အတြက္အက်ိဳးအျမတ္ကိုမစဉ္းစားဘဲ ကိုယ့္အတြက္ပဲၾကည့္ေပးတဲ့ အေကာင္းဆံုးလူသားတစ္ေယာက္ျဖစ္ပါတယ္။

ကိုယ္ေပ်ာ္ရႊင္ဖို႕ အျမဲေမွ်ာ္လင့္ေနတဲ့သူ

သူငယ္ခ်င္း၊မိတ္ေဆြေတြဆိုတာက ကိုယ္က်ရံႈးေနခ်ိန္မွာ သနားတတ္ေပမယ့္ ကိုယ္ေအာင္ျမင္တဲ့အခ်ိန္မွာ မုဒိတာပြားနိုင္တဲ့သူရွားပါတယ္။ ကိုယ္ေအာင္ျမင္ဖို႕၊ ေပ်ာ္ရႊင္ဖို႕အျမဲေမွ်ာ္လင့္ေနတတ္တာဟာ အေမကလြဲရင္ တျခားဘယ္သူမွမရွိပါဘူး။

ကိုယ့္အတြက္အမွန္ကိုေျပာေပးတတ္သူ

freepik

အမွန္တရားက ဘယ္ေလာက္ပဲခါးသီးေနပါေစ၊ ကိုယ္ၾကားဖို႕လိုတယ္ဆိုရင္ မျဖစ္မေနေျပာတတ္သူျဖစ္ပါတယ္။ ကိုယ္ၾကားဖို႕လိုတဲ့အမွန္တရားကိုဖံုးကြယ္ထားျပီး သကာဖံုးေနတဲ့စကားေတြပဲေျပာတတ္တဲ့သူေတြနဲ႕ေတာ့ ဘယ္လိုမွနိႈင္းလို႕မရတဲ့သူ၊ ကိုယ့္အေပၚအျမဲတမ္းစစ္မွန္တဲ့သူက အေမပါ။

written by PP

လောကကြီးမှာ ကိုယ့်အပေါ်အရမ်းကောင်းပြီးအရမ်းကိုယုံရပါတယ်ဆိုတဲ့သူတွေဟာ အချိန်တွေ၊အခြေအနေတွေပြောင်းလဲသွားတဲ့အခါ ကိုယ့်အပေါ်ပြောင်းလဲလာပြီး ယုံလို့မရတဲ့သူတွေဖြစ်သွားတတ်ပါတယ်။ ဒါပေမယ့် ကိုယ့်အပေါ်ဘယ်သူတွေဘယ်လောက်ပဲ ပြောင်းလဲသွားပေမယ့် ဘယ်တော့မှပြောင်းလဲမသွားမယ့် သူတစ်ယောက်ရှိပါတယ်။ အဲ့ဒါကတော့ အမေပါပဲ။ အမေဆိုတာ …..

ကိုယ့်ကိုတံဆိပ်မကပ်တဲ့သူ

ကိုယ်ဟာ ဘယ်လိုလူမျိုးလဲ၊ လူကောင်းလား၊ လူဆိုးလား၊ စိတ်ဓာတ်ပျော့ညံ့သူလား၊ အရှုံးသမားလား စသဖြင့် ကိုယ့်ကိုတံဆိပ်တွေကပ်ပြီး မကြည့်တတ်သူဖြစ်ပါတယ်။ ကိုယ်ဘယ်လိုလူမျိုးဖြစ်ဖြစ် ကိုယ့်အပေါ် မပြောင်းလဲတဲ့တစ်ယောက်တည်းသောသူဟာ အမေပါ။

ကိုယ့်ကိုအကောင်းဆုံးနှစ်သိမ့်ပေးတတ်သူ

ကိုယ့်စိတ်အဆင်မပြေမှုတွေဖြစ်လာတဲ့အခါ၊ အားငယ်ဝမ်းနည်းပြီး ပြိုလဲနေတဲ့အခါ၊ တစ်ယောက်ယောက်ဆီက အားပေးမှုတွေရဖို့လိုအပ်လာတဲ့အခါတွေမှာ ကိုယ့်စိတ်အဆင်ပြေဖို့အတွက် အကောင်းဆုံးနှစ်သိမ့်ပေးတတ်သူဟာ အမေပါ။

ကိုယ်နဲ့ပတ်သက်လာရင် သူရဲ့ကိုယ်ကျိုးကိုမကြည့်တဲ့သူ

ဘယ်သူတွေဘယ်လောက်ပဲ ကိုယ့်အပေါ်ကောင်းပါစေ၊ သူတို့ကိုယ်ကျိုးကိုမကြည့်ဘဲ ကိုယ့်အတွက်ပဲကြည့်ပေးတတ်တဲ့သူဆိုတာ အမေကလွဲရင်ဘယ်သူမှမရှိပါဘူး။ သူ့အတွက်အကျိုးအမြတ်ကိုမစဉ်းစားဘဲ ကိုယ့်အတွက်ပဲကြည့်ပေးတဲ့ အကောင်းဆုံးလူသားတစ်ယောက်ဖြစ်ပါတယ်။

ကိုယ်ပျော်ရွှင်ဖို့ အမြဲမျှော်လင့်နေတဲ့သူ

သူငယ်ချင်း၊မိတ်ဆွေတွေဆိုတာက ကိုယ်ကျရှုံးနေချိန်မှာ သနားတတ်ပေမယ့် ကိုယ်အောင်မြင်တဲ့အချိန်မှာ မုဒိတာပွားနိုင်တဲ့သူရှားပါတယ်။ ကိုယ်အောင်မြင်ဖို့၊ ပျော်ရွှင်ဖို့အမြဲမျှော်လင့်နေတတ်တာဟာ အမေကလွဲရင် တခြားဘယ်သူမှမရှိပါဘူး။

ကိုယ့်အတွက်အမှန်ကိုပြောပေးတတ်သူ

အမှန်တရားက ဘယ်လောက်ပဲခါးသီးနေပါစေ၊ ကိုယ်ကြားဖို့လိုတယ်ဆိုရင် မဖြစ်မနေပြောတတ်သူဖြစ်ပါတယ်။ ကိုယ်ကြားဖို့လိုတဲ့အမှန်တရားကိုဖုံးကွယ်ထားပြီး သကာဖုံးနေတဲ့စကားတွေပဲပြောတတ်တဲ့သူတွေနဲ့တော့ ဘယ်လိုမှနှိုင်းလို့မရတဲ့သူ၊ ကိုယ့်အပေါ်အမြဲတမ်းစစ်မှန်တဲ့သူက အမေပါ။

written by PP