ပုဂံ အတွက်မရေးချင်ပဲရေးတဲ့စာ

Htet Tun Aung ပုဂံညောင်ဦး (သတင်းစုံ)တွင် ရေးသားထားသော အကြောင်းအရာအား သမီးလေးမှ ပြန်လည်မျှဝေသည်

ဒီနေ့ ပုဂံက ဘုရား(၅)ဆူ ဌာပနာ အဖောက်ခံရတာ အားလုံးသိမှာပါ။ အဆိုးထဲက အကောင်းလို့ပြောရမလား မသိဘူး၊

သူတို့ဖောက်သွားတဲ့ ဘုရားတွေက ၁၉၉၀ နောက်ပိုင်းပြန်ပြင်ထားတဲ့ ဘုရားတွေပါ။

အဲ့ခေတ်က ဘုရားတွေပြန်ပြင်ပြီးရင် ဌာပနာထည့်၊ ရေစက်ချ၊ အနေကဇာတင် လုပ်ကြပါတယ်။

အဲ့လို ဘုရားတွေကိုပဲ ရည်ရွယ်ချက်ရှိရှိဖောက်သွားတာပါ။ ဆက်လက်စစ်ဆေးဆဲပါ၊ ထပ်တိုးလာဖို့ရှိပါသေးတယ်။

သူခိုးတွေက နောက်ထပ်တစ်ဆင့်တိုးပြီး ရှေးဟောင်းဘုရားတွေကိုများ ဖျက်ဆီးပစ်လိုက်ရင်တော့ ဒုက္ခပဲဆိုတဲ့ အတွေးက ရင်ထဲကို ဗလောင်ဆူစေပါတယ်။

ပုဂံမှာ ဘုရားအဆူ (၃၀၀၀) ကျော်ခန့်ရှိတော့ ရှေး/သု ဝန်ထမ်းအင်အားနဲ့ အမြဲမပြတ်စောင့်ရှောက်ဖို့ဆိုတာလည်းမလွယ် တဲ့ကိစ္စဆိုတာတွေး မိပါတယ်။

ဒီလို ကပ်ရောဂါကာလမှာ ဒါမျိုးတွေ ဖြစ်လာနိုင်လို့ တပ်အားသရွေ့ ပုဂံညောင်ဦး ဧည့်လမ်းညွှန်များ ကိုယ့်စရိတ်ကိုယ်ခံပြီး ပတ်နေကြတာပါ။

ပါဝင်ကြတဲ့ ဧည့်လမ်းညွှန်အယောက်စီတိုင်းကို ကျေးဇူးလည်းတင်သလို၊ဂုဏ်လည်းယူပါကြောင်းဒီနေရာကနေလေးလေးနက်နက်ပြောပါရစေ။

ဒီနှစ်ပုဂံ ဇုန်ဝင်ကြေးထဲမှ ဒေသအတွက် တချို့တဝက်ရရှိငွေ သိန်း (၂၈၀၀၀) ရရှိတယ်လို့ကြားသိရပါတယ်။

အဲ့ငွေတွေကို လုံခြုံရေးဝန်ထမ်းတွေခန့်ဖို့ အတွက်လည်း သုံးသင့်ပါတယ်လို့တင်ပြပါရစေ။

ဒီဘုရားတွေကြောင့်ရရှိငွေကို ဒီဘုရားတွေရဲ့ လုံခြုံရေးအတွက် သုံးကိုသုံးရမှာပါ။ နောက်ပြီး အဆင့်မြင့် လုံခြုံရေး စနစ်တွေကို စတင်အသုံးပြုသင့်ပါပြီ။

cctv တွေ၊ alarm system တွေ ၊ ဂျောင်ကျိုဂျောင်ကြားက ဘုရားတွေထဲမှာ movement detection လို စနစ်တွေ ကို ကျွမ်းကျင် သူတွေနဲ့တိုင်ပင်ပြီးလုပ်သင့်ပါပြီ။

နောက်ပြီး အမုန်းခံပြောရရင် ပုဂံက ဧည့်သည်လက်ခံတဲ့ ဘုန်းကြီးကျောင်းတွေကိုလည်း စီစစ်သင့် ပါပြီ။

ဧည့်စာရင်းတိုင်စရာမလို လူ ၁၀၀/၂၀၀ လောက်သာသာတည်းနိုင်တဲ့ ဘုန်းကြီးကျောင်းတွေ ပုဂံမှာအများကြီးပါ။

မသမာသူတွေဟာ အလှူငွေလေးထည့် ၃/၄ ရက်တည်းပြီး ခိုးကြတာမျိုးတွေလည်းရှိခဲ့ဖူး ပါတယ်။

ဆိုင်ကယ်တွေပျောက်တုန်းကဆို လေး၊ငါးစီး ခိုးပြီးမှ light truck နဲ့စုသယ် တာပါ။

Biker တွေရဲ့ စည်းလုံးမှုကြောင့် အမြန်လမ်း မပေါ်မှ ဖမ်းဆီးမိသွားတယ့်ကိစ္စလည်း ပုဂံမှာ ဖြစ်ခဲ့ ဖူးပါတယ်။

နောက်တစ်ချက်က မူးယစ်ဆေးဝါး ပါ။ ခုဌာပနာ ဖောက်ခံရတယ့် ဘုရားရဲ့ ဘေးက ဘုရားထဲမှာ ငွေစက္ကူ တစ်ရာတန်ကို လိပ်ပြီး ပိုက် လိုလုပ် ပြီး ဆေးချထားတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။

ဆေးမှုတွေလည်း ပုဂံမှာ များနေလို့ နေပြည်တော် ကတောင်လာဖမ်းရတာတွေ ကြားသိနေရပါတယ်။ဒါတွေဟာ လူတစ်ဦးတစ်ယောက်ထဲလုပ်လို့ ရတဲ့ကိစ္စ တွေမဟုတ်တော့ မိမိအသိစိတ်၊ ပုဂံချစ်စိတ်တွေနဲ့ အဖွဲ့အစည်း၊ ဌာနဆိုင်ရာ၊ ကျွမ်းကျင်ပညာရှင်တွေ၊ ပြည်သူတွေ အားလုံးပေါင်းစု လုပ်မှသာ ရမယ့်ကိစ္စတွေဖြစ်ပါတယ်။

ဒါတွေ ဘာကြောင့်အမုန်းခံပြောနေလည်းဆိုတော့ ကျနော့် အဖိုးပေးခဲ့တဲ့ အမွေဖြစ်တဲ့ ပုဂံကို ချစ်တဲ့ စိတ်တစ်ခုတည်း နဲ့ အမုန်းခံပြောတာပါ။ အားလုံးကိုကျေးဇူးတင်ပါတယ်။ မှားတာရှိရင်လည်း ခွင့်လွှတ်ကြပါ။

Htet Tun Aung

ပုဂံ အတြက္မေရးခ်င္ပဲေရးတဲ့စာ

Htet Tun Aung ပုဂံေညာင္ဦး (သတင္းစုံ)တြင္ ေရးသားထားေသာ အေၾကာင္းအရာအား သမီးေလးမွ ျပန္လည္မွ်ေ၀သည္

ဒီေန႔ ပုဂံက ဘုရား(၅)ဆူ ဌာပနာ အေဖာက္ခံရတာ အားလုံးသိမွာပါ။ အဆိုးထဲက အေကာင္းလို႔ေျပာရမလား မသိဘူး၊

သူတို႔ေဖာက္သြားတဲ့ ဘုရားေတြက ၁၉၉၀ ေနာက္ပိုင္းျပန္ျပင္ထားတဲ့ ဘုရားေတြပါ။

အဲ့ေခတ္က ဘုရားေတြျပန္ျပင္ၿပီးရင္ ဌာပနာထည့္၊ ေရစက္ခ်၊ အေနကဇာတင္ လုပ္ၾကပါတယ္။

အဲ့လို ဘုရားေတြကိုပဲ ရည္႐ြယ္ခ်က္ရွိရွိေဖာက္သြားတာပါ။ ဆက္လက္စစ္ေဆးဆဲပါ၊ ထပ္တိုးလာဖို႔ရွိပါေသးတယ္။

သူခိုးေတြက ေနာက္ထပ္တစ္ဆင့္တိုးၿပီး ေရွးေဟာင္းဘုရားေတြကိုမ်ား ဖ်က္ဆီးပစ္လိုက္ရင္ေတာ့ ဒုကၡပဲဆိုတဲ့ အေတြးက ရင္ထဲကို ဗေလာင္ဆူေစပါတယ္။

ပုဂံမွာ ဘုရားအဆူ (၃၀၀၀) ေက်ာ္ခန္႔ရွိေတာ့ ေရွး/သု ဝန္ထမ္းအင္အားနဲ႔ အၿမဲမျပတ္ေစာင့္ေရွာက္ဖို႔ဆိုတာလည္းမလြယ္ တဲ့ကိစၥဆိုတာေတြး မိပါတယ္။

ဒီလို ကပ္ေရာဂါကာလမွာ ဒါမ်ိဳးေတြ ျဖစ္လာႏိုင္လို႔ တပ္အားသေ႐ြ႕ ပုဂံေညာင္ဦး ဧည့္လမ္းၫႊန္မ်ား ကိုယ့္စရိတ္ကိုယ္ခံၿပီး ပတ္ေနၾကတာပါ။

ပါဝင္ၾကတဲ့ ဧည့္လမ္းၫႊန္အေယာက္စီတိုင္းကို ေက်းဇူးလည္းတင္သလို၊ဂုဏ္လည္းယူပါေၾကာင္းဒီေနရာကေနေလးေလးနက္နက္ေျပာပါရေစ။

ဒီႏွစ္ပုဂံ ဇုန္ဝင္ေၾကးထဲမွ ေဒသအတြက္ တခ်ိဳ႕တဝက္ရရွိေငြ သိန္း (၂၈၀၀၀) ရရွိတယ္လို႔ၾကားသိရပါတယ္။

အဲ့ေငြေတြကို လုံၿခဳံေရးဝန္ထမ္းေတြခန္႔ဖို႔ အတြက္လည္း သုံးသင့္ပါတယ္လို႔တင္ျပပါရေစ။

ဒီဘုရားေတြေၾကာင့္ရရွိေငြကို ဒီဘုရားေတြရဲ႕ လုံၿခဳံေရးအတြက္ သုံးကိုသုံးရမွာပါ။ ေနာက္ၿပီး အဆင့္ျမင့္ လုံၿခဳံေရး စနစ္ေတြကို စတင္အသုံးျပဳသင့္ပါၿပီ။

cctv ေတြ၊ alarm system ေတြ ၊ ေဂ်ာင္က်ိဳေဂ်ာင္ၾကားက ဘုရားေတြထဲမွာ movement detection လို စနစ္ေတြ ကို ကြၽမ္းက်င္ သူေတြနဲ႔တိုင္ပင္ၿပီးလုပ္သင့္ပါၿပီ။

ေနာက္ၿပီး အမုန္းခံေျပာရရင္ ပုဂံက ဧည့္သည္လက္ခံတဲ့ ဘုန္းႀကီးေက်ာင္းေတြကိုလည္း စီစစ္သင့္ ပါၿပီ။

ဧည့္စာရင္းတိုင္စရာမလို လူ ၁၀၀/၂၀၀ ေလာက္သာသာတည္းႏိုင္တဲ့ ဘုန္းႀကီးေက်ာင္းေတြ ပုဂံမွာအမ်ားႀကီးပါ။

မသမာသူေတြဟာ အလႉေငြေလးထည့္ ၃/၄ ရက္တည္းၿပီး ခိုးၾကတာမ်ိဳးေတြလည္းရွိခဲ့ဖူး ပါတယ္။

ဆိုင္ကယ္ေတြေပ်ာက္တုန္းကဆို ေလး၊ငါးစီး ခိုးၿပီးမွ light truck နဲ႔စုသယ္ တာပါ။

Biker ေတြရဲ႕ စည္းလုံးမႈေၾကာင့္ အျမန္လမ္း မေပၚမွ ဖမ္းဆီးမိသြားတယ့္ကိစၥလည္း ပုဂံမွာ ျဖစ္ခဲ့ ဖူးပါတယ္။

ေနာက္တစ္ခ်က္က မူးယစ္ေဆးဝါး ပါ။ ခုဌာပနာ ေဖာက္ခံရတယ့္ ဘုရားရဲ႕ ေဘးက ဘုရားထဲမွာ ေငြစကၠဴ တစ္ရာတန္ကို လိပ္ၿပီး ပိုက္ လိုလုပ္ ၿပီး ေဆးခ်ထားတာကိုလည္း ေတြ႕ရွိခဲ့ရပါတယ္။

ေဆးမႈေတြလည္း ပုဂံမွာ မ်ားေနလို႔ ေနျပည္ေတာ္ ကေတာင္လာဖမ္းရတာေတြ ၾကားသိေနရပါတယ္။ဒါေတြဟာ လူတစ္ဦးတစ္ေယာက္ထဲလုပ္လို႔ ရတဲ့ကိစၥ ေတြမဟုတ္ေတာ့ မိမိအသိစိတ္၊ ပုဂံခ်စ္စိတ္ေတြနဲ႔ အဖြဲ႕အစည္း၊ ဌာနဆိုင္ရာ၊ ကြၽမ္းက်င္ပညာရွင္ေတြ၊ ျပည္သူေတြ အားလုံးေပါင္းစု လုပ္မွသာ ရမယ့္ကိစၥေတြျဖစ္ပါတယ္။

ဒါေတြ ဘာေၾကာင့္အမုန္းခံေျပာေနလည္းဆိုေတာ့ က်ေနာ့္ အဖိုးေပးခဲ့တဲ့ အေမြျဖစ္တဲ့ ပုဂံကို ခ်စ္တဲ့ စိတ္တစ္ခုတည္း နဲ႔ အမုန္းခံေျပာတာပါ။ အားလုံးကိုေက်းဇူးတင္ပါတယ္။ မွားတာရွိရင္လည္း ခြင့္လႊတ္ၾကပါ။

Htet Tun Aung