မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
မသိမောဟနဲ့နေလာခဲ့ရတဲ့တိရစ္ဆာန်ဘဝပေါင်းများစွာမှာကံဆိုးမိုးမှောင် ကျခဲ့ပြီးပြီ။
လူ့ဘဝဆိုတဲ့နေသာတဲ့နေ့ရက်တွေမှာကံကောင်းအောင် လုပ်ကြပါတော့။
ဒါနက ကောင်းကံတွေ ဆည်ပေးနေသမျှ၊သီလက စင်ကြယ်အောင် လုပ်ပေးရမယ်။
အတိတ်ဘဝက အကုသိုလ်တွေ ဆိုးကျိုးတွေ၊ဒီဘဝရဲ့ အကုသိုလ်တွေကိုသီလဖြင့် ဖယ်ရှားပေးရတယ်။
ဒါကြောင့် ဒါနပြုတိုင်းသီလဆောက်တည်ရတယ်။
ဒါန နဲ့ဝတ္ထုပစ္စည်းတွေ စွန့်လွှတ်ရသလိုသီလအားဖြင့် ကိုယ်ခံစားရတဲ့အာရုံတွေကိုတောင် စွန့်လွှတ်ရတယ်။
ဒါနက ကိုယ်ချမ်းသာမှုနှင့် လမ်းရိက္ခာအတွက် သီလက စိတ်ချမ်းသာမှုနဲ့ လမ်းသွား…
ဒီတော့ “ကိုယ်စိတ်နှစ်ဖြာချမ်းသာပါစေ” ဆိုတာဒါန များများပြုပြီး၊ သီလများများထိန်းပါ လို့ပြောတာနဲ့ မတူပေဘူးလား … ?
ဒါန၊ သီလ လုပ်လို့နတ်မင်းကြီးဖြစ်ရော ဆိုပါစို့၊ကာမစည်းစိမ်နဲ့ ဘဝစည်းစိမ်တွေမက်မောလာပြန်တော့…
တဏှာက အမိန့်ပေးတိုင်းလည်းသူများ သွားစော်ကားပေးရတယ်ဗျ။
မာနခိုင်းတိုင်းလည်း မော်ကြွားပေးရတယ်ဗျ။
ဒိဋ္ဌိညွန်းတိုင်းလည်း ပြစ်မှားပေးနေရတယ်ဗျ။
အဲဒီတော့ ကံကောင်းလို့နတ်မင်းကြီးဖြစ်တယ်ဆိုပြီးအကုသိုလ်က လွတ်သေးရဲ့လား။
လိုချင်တာတွေ မျှော်ပြီး လုပ်နေသမျှမလိုချင်တာတွေ ရလာလိမ့်မယ်။
တို့ဘုရားရှင်ကတော့…သိဒ္ဓတ္ထအလောင်းတော် ဘဝမှာတောင်စွန့်ခဲ့တာတွေ နည်းသလား။
မိဖုရားတွေက သာကီဝင်တွေချည်းတစ်သောင်းခြောက်ထောင်၊အခြားမျိုးတွေက တစ်သိန်းလေးထောင်ကာမစည်းစိမ်တွေဘယ်လောက် စွန့်ပစ်ခဲ့ရသလဲ။
ရမ္မ၊ သုဘ၊ သုဘရမ္မဆိုတဲ့နန်းမသုံးဆောင်နဲ့တကွနန်းလုံးပြည့် အဆောင်အယောင်တွေဘဝစည်းစိမ်တွေကိုလက်ပေါ်ကျလာတဲ့ မီးပွားလို ခါချ ပစ်ခဲ့တယ်။
အပေါင်းကြာ အကောင်းမှာရိုးလို့စွန့်နိုင်တာတွေပါကွာလို့ပြောချင် ပြောပါစေဦး။
နန်းရိပ်စွန့်ပြီး သစ်ရိပ်မှာ ပျော်နိုင်တဲ့ သတ္တိ၊
နတ်သုဒ္ဒါတမျှသော စားဖွယ်တွေ စွန့်ပြီးဆင်းရဲသားသုံးဘောဇဉ်တွေ စားနိုင်တဲ့ သတ္တိ၊
နန်းဝတ်နန်းစား စွန့်ပြီး မြေမှုန့်ပေကပ်အဝတ်စုတ်ပြတ်တွေကောက်ဝတ်နိုင်တဲ့ သတ္တိ၊
အဲဒီအလောင်းတော်တို့သတ္တိနတ်မင်းကြီးတွေ မတုပနိုင်ဘူး။
ဒီတော့ နတ်မင်းကြီးတွေလည်းပူဇော်ကြရတယ်။ ခစားကြရတယ်။
တစ်ခါ ဗြဟ္မာကြီးတွေ ဆိုပါတော့…သူတို့လည်း သူတို့ဘဝသူတို့ စည်းစိမ်သာယာ နေသေးတာပဲ၊မစွန့်လွှတ်နိုင်ဘူး။
ဘဝတဏှာကများ ခိုင်းခဲ့ရင်ဒီထက် ဈာန်ယာဉ်ပွားပြီးဘဝစည်းစိမ် ခံစားနေကြဦးမှာ။
တို့ဘုရား အလောင်းတော်ကတော့အာဠာရ၊ဥဒက ရသေ့ကြီးတွေနဲ့တွေ့ချိန်ကတောင်ဒါ လမ်းဆုံးမဟုတ်ဘူး ဆိုပြီးဈာန်လမ်းကို ပယ်ခဲ့တာ၊ဒီသတ္တိမျိုး ဗြဟ္မာတွေမှာလည်း မရှိဘူး။
ဒီတော့ ဗြဟ္မာတွေလည်းမနေသာလာပြီး ပူဇော်ခစားရတယ်။
ဗုဒ္ဓဘာသာဆိုတာအဲဒီလောက် အဆင့်မြင့်တယ်။
နတ်ဗြဟ္မာတွေတောင်ခစားပူဇော်ရတဲ့ တရားမျိုးလူ့ဘဝ၊ လူ့လက်ထဲမှာပဲ ရှိတယ်။
ဘာဖြစ်လို့ ရေစုန်မျှောလိုက်နေကြရမလဲ။
တိရစ္ဆာန်တွေလောက်ကံဆိုးမိုးမှောင်ကျနေလို့လား။
ကျင့်နိုင်တဲ့အစွမ်း၊သိနိုင်တဲ့ဉာဏ်မရှိကြလို့လား။
အဲဒီတော့ တိရစ္ဆာန်ဘဝကကံဆိုးမိုးမှောင်တွေကိုဒါန၊ သီလနဲ့ဖယ်ရှားပြီးကံကောင်းအောင်လုပ်ဆိုတာဘာဝနာမှုသတိဆိုတဲ့ရှုမှတ်မှု အမြဲရှိနေရမယ်လို့ ပြောတာ။
ကျေးဇူးတော်ရှင်မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
လူ႔ဘဝေရာက္တုန္းကံေကာင္းေအာင္လုပ္ၾက
မဟာေဗာဓိၿမိဳင္ဆရာေတာ္ဘုရားႀကီး
မသိေမာဟနဲ႔ေနလာခဲ့ရတဲ့တိရစာၦန္ဘဝေပါင္းမ်ားစြာမွာကံဆိုးမိုးေမွာင္ က်ခဲ့ၿပီးၿပီ။
လူ႔ဘဝဆိုတဲ့ေနသာတဲ့ေန႔ရက္ေတြမွာကံေကာင္းေအာင္ လုပ္ၾကပါေတာ့။
ဒါနက ေကာင္းကံေတြ ဆည္ေပးေနသမွ်၊သီလက စင္ၾကယ္ေအာင္ လုပ္ေပးရမယ္။
အတိတ္ဘဝက အကုသိုလ္ေတြ ဆိုးက်ိဳးေတြ၊ဒီဘဝရဲ႕ အကုသိုလ္ေတြကိုသီလျဖင့္ ဖယ္ရွားေပးရတယ္။
ဒါေၾကာင့္ ဒါနျပဳတိုင္းသီလေဆာက္တည္ရတယ္။
ဒါန နဲ႔ဝတၳဳပစၥည္းေတြ စြန္႔လႊတ္ရသလိုသီလအားျဖင့္ ကိုယ္ခံစားရတဲ့အာ႐ုံေတြကိုေတာင္ စြန္႔လႊတ္ရတယ္။
ဒါနက ကိုယ္ခ်မ္းသာမႈႏွင့္ လမ္းရိကၡာအတြက္ သီလက စိတ္ခ်မ္းသာမႈနဲ႔ လမ္းသြား…
ဒီေတာ့ “ကိုယ္စိတ္ႏွစ္ျဖာခ်မ္းသာပါေစ” ဆိုတာဒါန မ်ားမ်ားျပဳၿပီး၊ သီလမ်ားမ်ားထိန္းပါ လို႔ေျပာတာနဲ႔ မတူေပဘူးလား … ?
ဒါန၊ သီလ လုပ္လို႔နတ္မင္းႀကီးျဖစ္ေရာ ဆိုပါစို႔၊ကာမစည္းစိမ္နဲ႔ ဘဝစည္းစိမ္ေတြမက္ေမာလာျပန္ေတာ့…
တဏွာက အမိန္႔ေပးတိုင္းလည္းသူမ်ား သြားေစာ္ကားေပးရတယ္ဗ်။
မာနခိုင္းတိုင္းလည္း ေမာ္ႂကြားေပးရတယ္ဗ်။
ဒိ႒ိၫြန္းတိုင္းလည္း ျပစ္မွားေပးေနရတယ္ဗ်။
အဲဒီေတာ့ ကံေကာင္းလို႔နတ္မင္းႀကီးျဖစ္တယ္ဆိုၿပီးအကုသိုလ္က လြတ္ေသးရဲ႕လား။
လိုခ်င္တာေတြ ေမွ်ာ္ၿပီး လုပ္ေနသမွ်မလိုခ်င္တာေတြ ရလာလိမ့္မယ္။
တို႔ဘုရားရွင္ကေတာ့…သိဒၶတၳအေလာင္းေတာ္ ဘဝမွာေတာင္စြန္႔ခဲ့တာေတြ နည္းသလား။
မိဖုရားေတြက သာကီဝင္ေတြခ်ည္းတစ္ေသာင္းေျခာက္ေထာင္၊အျခားမ်ိဳးေတြက တစ္သိန္းေလးေထာင္ကာမစည္းစိမ္ေတြဘယ္ေလာက္ စြန္႔ပစ္ခဲ့ရသလဲ။
ရမၼ၊ သုဘ၊ သုဘရမၼဆိုတဲ့နန္းမသုံးေဆာင္နဲ႔တကြနန္းလုံးျပည့္ အေဆာင္အေယာင္ေတြဘ၀စည္းစိမ္ေတြကိုလက္ေပၚက်လာတဲ့ မီးပြားလို ခါခ် ပစ္ခဲ့တယ္။
အေပါင္းၾကာ အေကာင္းမွာ႐ိုးလို႔စြန္႔ႏိုင္တာေတြပါကြာလို႔ေျပာခ်င္ ေျပာပါေစဦး။
နန္းရိပ္စြန္႔ၿပီး သစ္ရိပ္မွာ ေပ်ာ္ႏိုင္တဲ့ သတၱိ၊
နတ္သုဒၵါတမွ်ေသာ စားဖြယ္ေတြ စြန္႔ၿပီးဆင္းရဲသားသုံးေဘာဇဥ္ေတြ စားႏိုင္တဲ့ သတၱိ၊
နန္းဝတ္နန္းစား စြန္႔ၿပီး ေျမမႈန္႔ေပကပ္အဝတ္စုတ္ျပတ္ေတြေကာက္ဝတ္ႏိုင္တဲ့ သတၱိ၊
အဲဒီအေလာင္းေတာ္တို႔သတၱိနတ္မင္းႀကီးေတြ မတုပႏိုင္ဘူး။
ဒီေတာ့ နတ္မင္းႀကီးေတြလည္းပူေဇာ္ၾကရတယ္။ ခစားၾကရတယ္။
တစ္ခါ ျဗဟၼာႀကီးေတြ ဆိုပါေတာ့…သူတို႔လည္း သူတို႔ဘ၀သူတို႔ စည္းစိမ္သာယာ ေနေသးတာပဲ၊မစြန္႔လႊတ္ႏိုင္ဘူး။
ဘဝတဏွာကမ်ား ခိုင္းခဲ့ရင္ဒီထက္ စ်ာန္ယာဥ္ပြားၿပီးဘဝစည္းစိမ္ ခံစားေနၾကဦးမွာ။
တို႔ဘုရား အေလာင္းေတာ္ကေတာ့အာဠာရ၊ဥဒက ရေသ့ႀကီးေတြနဲ႔ေတြ႕ခ်ိန္ကေတာင္ဒါ လမ္းဆုံးမဟုတ္ဘူး ဆိုၿပီးစ်ာန္လမ္းကို ပယ္ခဲ့တာ၊ဒီသတၱိမ်ိဳး ျဗဟၼာေတြမွာလည္း မရွိဘူး။
ဒီေတာ့ ျဗဟၼာေတြလည္းမေနသာလာၿပီး ပူေဇာ္ခစားရတယ္။
ဗုဒၶဘာသာဆိုတာအဲဒီေလာက္ အဆင့္ျမင့္တယ္။
နတ္ျဗဟၼာေတြေတာင္ခစားပူေဇာ္ရတဲ့ တရားမ်ိဳးလူ႔ဘဝ၊ လူ႔လက္ထဲမွာပဲ ရွိတယ္။
ဘာျဖစ္လို႔ ေရစုန္ေမွ်ာလိုက္ေနၾကရမလဲ။
တိရစာၦန္ေတြေလာက္ကံဆိုးမိုးေမွာင္က်ေနလို႔လား။
က်င့္ႏိုင္တဲ့အစြမ္း၊သိႏိုင္တဲ့ဥာဏ္မရွိၾကလို႔လား။
အဲဒီေတာ့ တိရစာၦန္ဘဝကကံဆိုးမိုးေမွာင္ေတြကိုဒါန၊ သီလနဲ႔ဖယ္ရွားၿပီးကံေကာင္းေအာင္လုပ္ဆိုတာဘာဝနာမႈသတိဆိုတဲ့ရႈမွတ္မႈ အၿမဲရွိေနရမယ္လို႔ ေျပာတာ။
ေက်းဇူးေတာ္ရွင္မဟာေဗာဓိၿမိဳင္ဆရာေတာ္ဘုရားႀကီး