ဝမွလွတာဆိုျပီးဝိတ္မခ်ဘဲေနတာက အသက္အႏၱရာယ္ကိုေတာင္ျဖစ္ေစနိုင္တာမို႕ ဝိတ္ခ်ပါ

မိန္းကေလးေတြၾကားမွာ အေျပာမ်ားတဲ့စကားတစ္ခြန္းရွိပါတယ္။ အဲ့ဒါကေတာ့ ဝမွလွတာ ဆိုတဲ့ စကားေလးပါ။ မိန္းကေလးတစ္ေယာက္ ဝဝျပည့္ျပည့္ေလးျဖစ္ေနတာက တကယ္လည္းၾကည့္လို႕ လွပါတယ္။ ဒါေပမယ့္ ကိုယ္အေလးခ်ိန္က ရွိသင့္တာထက္ ပိုမ်ားေနတယ္ဆိုရင္ က်န္းမာေရးအတြက္ မေကာင္းပါဘူး။ အထူးသျဖင့္ အမ်ိဳးသမီးေတြက အသက္ၾကီးလာရင္ ဝလာတတ္တာေၾကာင့္ ဒီအခ်က္နဲ႕ပတ္သက္လို႕ ပိုျပီးသတိထားသင့္ပါတယ္။ ဝမွလွတာေဟ့ ဆိုျပီး ကိုယ္အေလးခ်ိန္မထိန္းဘဲ မေနလိုက္ပါနဲ႕။ ဘာလို႕လဲဆိုေတာ့ ဝတာက ဒီလိုဆိုးက်ိဳးေတြကိုျဖစ္ေစလို႕ပါ။

(၁) အဝတ္အစားေရြးခ်ယ္ရခက္လာတယ္

freepik

ကိုယ္ခႏၶာက ဝလာတာနဲ႕အမွ် ဝတ္စရာအဝတ္အစားလည္းေရြးခ်ယ္ရခက္လာပါတယ္။ အထူးသျဖင့္ ၾကပ္တဲ့အဝတ္အစားေတြက သက္ေတာင့္သက္သာမရွိတာမ်ိဳး၊ တိုလြန္းတာေတြဝတ္ဖို႕ အဆင္မေျပတာမ်ိဳးေတြေပါ့။ ကိုယ္ကၾကိုက္ေပမယ့္ ကိုယ့္အတြက္ size မရွိလို႕ ဝယ္မလာရတာမ်ိဳး စတဲ့အခက္အခဲေတြျကံုရတတ္ပါတယ္။

(၂) ေနရထိုင္ရတာမေပါ့ပါးေတာ့ဘူး

ခႏၶာကိုယ္ကဝလာတာနဲ႕အမွ် ေနရထိုင္ရတာမေပါ့ပါးေတာ့ဘဲ ေလးလံထိုင္းမိႈင္းေနတတ္ပါတယ္။ ပိန္တုန္းကေလာက္ မေပါ့ပါးေတာ့ဘဲ ဘာလုပ္လုပ္ေလးလံေနတာမ်ိဳး၊ စိတ္သြားတိုင္းကိုယ္မပါေတာ့တာမ်ိဳးေတြျဖစ္လာတတ္ပါတယ္။ ပိုဝေလ၊ အဲ့ဒီျပႆနာမ်ိဳး ပိုၾကံုရေလပါပဲ။

(၃) ေသြးတိုး၊ဆီးခ်ိဳ၊ နွလံုးေရာဂါ စတဲ့ေရာဂါၾကီးေတြျဖစ္ဖို႕အခြင့္အလမ္းမ်ားတယ္

 

ဝလာတဲ့အခါ ခႏၶာကိုယ္ထဲမွာအဆီပိုေတြစုလာရံုတင္မကဘဲ ေသြးထဲမွာပါ အဆီေတြေရာက္လာျပီး ေသြးတိုး၊ ဆီးခ်ိဳ၊ နွလံုးေရာဂါေတြ ျဖစ္လာနိုင္ပါတယ္။ အသည္းအဆီဖံုးတာကလည္း ဝတဲ့လူေတြပိုျဖစ္တတ္ပါတယ္။

brightside.me

(၄) ေလျဖတ္နိုင္ေခ်ပိုမ်ားတယ္

ဝလာတဲ့အခါနွလံုးေရာဂါျဖစ္နိုင္ေခ်ပိုမ်ားျပီး အဲ့ဒါနဲ႕ဆက္စပ္ေနတာက ေလျဖတ္တာပါ။ ဝတဲ့လူေတြက တျခားသူေတြထက္ ေလျဖတ္နိုင္ေခ်ပိုမ်ားတာေၾကာင့္ ဆရာဝန္ေတြက ဝတဲ့သူေတြကို ဝိတ္ခ်ဖို႕တိုက္တြန္းၾကတာပါ။

(၅) အိပ္ေဟာက္တဲ့အက်င့္ကိုျဖစ္ေစတယ္

ဝတဲ့အခါ ခႏၶာကိုယ္ထဲအဆီပိုေတြမ်ားလာျပီး အသက္ရွဴလမ္းေၾကာင္းကိုက်ဉ္းၾကပ္ေစတာေၾကာင့္ ညအိပ္တဲ့အခ်ိန္ေဟာက္တဲ့အက်င့္ကို ျဖစ္ေစပါတယ္။ ဝတဲ့လူေတြက မ်ားေသာအားျဖင့္ ညဘက္မွာအိပ္ေဟာက္တတ္ၾကပါတယ္။

ဝတာက က်န္းမာေရးအတြက္ ဘယ္ေလာက္ထိခိုက္ေစသလဲဆိုတာ သိျပီဆိုေတာ့ ဝမွလွတာဆိုျပီး အယူစြဲမထားဘဲ က်န္းမာဖို႕ ဝိတ္ခ်ပါ။ အဆီပိုေတြမရွိတဲ့ခႏၶာကိုယ္ျဖစ္ေအာင္ ထိန္းသိမ္းပါ။ ဒါမွ လွလည္းလွ၊ က်န္းလည္းက်န္းမာတဲ့ အမ်ိဳးသမီးေတြျဖစ္မွာပါ။ သမီးေလးေတြအားလံုး က်န္းမာ၊လွပသူေလးေတြျဖစ္ၾကပါေစ။

written by PP

မိန်းကလေးတွေကြားမှာ အပြောများတဲ့စကားတစ်ခွန်းရှိပါတယ်။ အဲ့ဒါကတော့ ဝမှလှတာ ဆိုတဲ့ စကားလေးပါ။ မိန်းကလေးတစ်ယောက် ဝဝပြည့်ပြည့်လေးဖြစ်နေတာက တကယ်လည်းကြည့်လို့ လှပါတယ်။ ဒါပေမယ့် ကိုယ်အလေးချိန်က ရှိသင့်တာထက် ပိုများနေတယ်ဆိုရင် ကျန်းမာရေးအတွက် မကောင်းပါဘူး။ အထူးသဖြင့် အမျိုးသမီးတွေက အသက်ကြီးလာရင် ဝလာတတ်တာကြောင့် ဒီအချက်နဲ့ပတ်သက်လို့ ပိုပြီးသတိထားသင့်ပါတယ်။ ဝမှလှတာဟေ့ ဆိုပြီး ကိုယ်အလေးချိန်မထိန်းဘဲ မနေလိုက်ပါနဲ့။ ဘာလို့လဲဆိုတော့ ဝတာက ဒီလိုဆိုးကျိုးတွေကိုဖြစ်စေလို့ပါ။

(၁) အဝတ်အစားရွေးချယ်ရခက်လာတယ်

ကိုယ်ခန္ဓာက ဝလာတာနဲ့အမျှ ဝတ်စရာအဝတ်အစားလည်းရွေးချယ်ရခက်လာပါတယ်။ အထူးသဖြင့် ကြပ်တဲ့အဝတ်အစားတွေက သက်တောင့်သက်သာမရှိတာမျိုး၊ တိုလွန်းတာတွေဝတ်ဖို့ အဆင်မပြေတာမျိုးတွေပေါ့။ ကိုယ်ကကြိုက်ပေမယ့် ကိုယ့်အတွက် size မရှိလို့ ဝယ်မလာရတာမျိုး စတဲ့အခက်အခဲတွေကြုံရတတ်ပါတယ်။

(၂) နေရထိုင်ရတာမပေါ့ပါးတော့ဘူး

ခန္ဓာကိုယ်ကဝလာတာနဲ့အမျှ နေရထိုင်ရတာမပေါ့ပါးတော့ဘဲ လေးလံထိုင်းမှိုင်းနေတတ်ပါတယ်။ ပိန်တုန်းကလောက် မပေါ့ပါးတော့ဘဲ ဘာလုပ်လုပ်လေးလံနေတာမျိုး၊ စိတ်သွားတိုင်းကိုယ်မပါတော့တာမျိုးတွေဖြစ်လာတတ်ပါတယ်။ ပိုဝလေ၊ အဲ့ဒီပြဿနာမျိုး ပိုကြုံရလေပါပဲ။

(၃) သွေးတိုး၊ဆီးချို၊ နှလုံးရောဂါ စတဲ့ရောဂါကြီးတွေဖြစ်ဖို့အခွင့်အလမ်းများတယ်

ဝလာတဲ့အခါ ခန္ဓာကိုယ်ထဲမှာအဆီပိုတွေစုလာရုံတင်မကဘဲ သွေးထဲမှာပါ အဆီတွေရောက်လာပြီး သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ အသည်းအဆီဖုံးတာကလည်း ဝတဲ့လူတွေပိုဖြစ်တတ်ပါတယ်။

(၄) လေဖြတ်နိုင်ချေပိုများတယ်

ဝလာတဲ့အခါနှလုံးရောဂါဖြစ်နိုင်ချေပိုများပြီး အဲ့ဒါနဲ့ဆက်စပ်နေတာက လေဖြတ်တာပါ။ ဝတဲ့လူတွေက တခြားသူတွေထက် လေဖြတ်နိုင်ချေပိုများတာကြောင့် ဆရာဝန်တွေက ဝတဲ့သူတွေကို ဝိတ်ချဖို့တိုက်တွန်းကြတာပါ။

(၅) အိပ်ဟောက်တဲ့အကျင့်ကိုဖြစ်စေတယ်

ဝတဲ့အခါ ခန္ဓာကိုယ်ထဲအဆီပိုတွေများလာပြီး အသက်ရှူလမ်းကြောင်းကိုကျဉ်းကြပ်စေတာကြောင့် ညအိပ်တဲ့အချိန်ဟောက်တဲ့အကျင့်ကို ဖြစ်စေပါတယ်။ ဝတဲ့လူတွေက များသောအားဖြင့် ညဘက်မှာအိပ်ဟောက်တတ်ကြပါတယ်။

ဝတာက ကျန်းမာရေးအတွက် ဘယ်လောက်ထိခိုက်စေသလဲဆိုတာ သိပြီဆိုတော့ ဝမှလှတာဆိုပြီး အယူစွဲမထားဘဲ ကျန်းမာဖို့ ဝိတ်ချပါ။ အဆီပိုတွေမရှိတဲ့ခန္ဓာကိုယ်ဖြစ်အောင် ထိန်းသိမ်းပါ။ ဒါမှ လှလည်းလှ၊ ကျန်းလည်းကျန်းမာတဲ့ အမျိုးသမီးတွေဖြစ်မှာပါ။ သမီးလေးတွေအားလုံး ကျန်းမာ၊လှပသူလေးတွေဖြစ်ကြပါစေ။

written by PP