သင့်အနီးနားမှာမြင်တွေ့ရတဲ့လိပ်ပြာများကတဆင့်သိနိုင်တဲ့ သင့်ကံကြမ္မာအပြောင်းအလဲ


(၁) အနီရောင်လိပ်ပြာ

freepik


(၂) အဖြူရောင်လိပ်ပြာ


(၃) အညိုရောင်လိပ်ပြာ

freepik


(၄) အစိမ်းရောင်လိပ်ပြာ


(၅) အဝါရောင်လိပ်ပြာ

freepik


written by PP

လိပ်ပြာတွေဟာ ဝိဉာဉ်တွေနဲ့ပတ်သက်ဆက်စပ်မှုရှိပြီး ထူးခြားတဲ့သံတမန်တွေလို့ ပြောကြပါတယ်။ ဘာလို့လဲဆိုတော့လိပ်ပြာတွေကို အနီးတဝိုက်မှာမြင်တဲ့အခါ ဒီလို အဓိပ္ပါယ်တွေ ရှိနေလို့ပါ။

(၁) အနီရောင်လိပ်ပြာ

သင့်အနီးနားမှာ အနီရောင်လိပ်ပြာကို တွေ့တဲ့အခါ မကြာခင်မှာ ထူးခြားတဲ့သတင်းစကားတစ်ခုကိုကြားရတော့မယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။

(၂) အဖြူရောင်လိပ်ပြာ

အဖြူရောင်လိပ်ပြာတွေကို တွေ့တယ်ဆိုရင်တော့ မကြာခင်မှာသင့်ဘဝဟာ ကြီးမားတဲ့အပြောင်းအလဲတွေနဲ့တွေ့ကြုံလာရတော့မယ်ဆိုတဲ့အဓိပ္ပါယ်ပါ။ ပိုကောင်းတဲ့အပြောင်းအလဲမျိုး ဖြစ်လာပါလိမ့်မယ်။

(၃) အညိုရောင်လိပ်ပြာ

အညိုရောင်လိပ်ပြာကိုတွေ့ရင်တော့ အရင်ကဆုံးပါးသွားခဲ့တဲ့မိသားစုဝင်တစ်ယောက်က သင့်ကိုတစ်ခုခုသတိပေးချင်တဲ့အဓိပ္ပါယ်ပါ။ သင့်ရဲ့လက်ရှိဘဝနဲ့ပတ်သက်လို့ အကောင်းမြင်စိတ်ရှိအောင် ကြိုးစားစေချင်တဲ့သဘောဖြစ်ပါတယ်။

(၄) အစိမ်းရောင်လိပ်ပြာ

အစိမ်းရောင်လိပ်ပြာတွေကတော့ ကံကောင်းခြင်းကို ရည်ညွှန်းပါတယ်။ အစိမ်းရောင်လိပ်ပြာတွေကို သင့်အနီးနားမှာမြင်တွေ့နေရတာဟာ မကြာခင်မှာငွေကြေးကံကောင်းမှုကို ကြုံတွေ့ရမယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။

(၅) အဝါရောင်လိပ်ပြာ

အဝါရောင်လိပ်ပြာတွေကို တွေ့မြင်ရတာကတော့ သင်ဟာ ပိုပျော်ရွှင်တဲ့နေ့တွေကို ပိုင်ဆိုင်ရမယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ အဝါရောင်လိပ်ပြာတွေကို မြင်တွေ့ရတဲ့အချိန်ကစပြီး ရက်အနည်းငယ်အတွင်းမှာပဲ စိတ်လှုပ်ရှားပျော်ရွှင်ရမယ့် အဖြစ်အပျက်တွေကို ကြုံတွေ့ရတတ်ပါတယ်။

written by PP