ယောင်္ကျားတစ်ယောက်နဲ့လမ်းခွဲလိုက်ရလို့မျက်ရည်နဲ့မျက်ခွက်ဖြစ်နေမယ့်ခပ်ပျော့ပျော့မိန်းမထဲမှာကျွန်မ မပါဘူး

မိန်းမတစ်ယောက်ရဲ့ဖွင့်ဟဝန်ခံချက်

ယောင်္ကျားတစ်ယောက်နဲ့လမ်းခွဲလိုက်ရလို့မျက်ရည်နဲ့မျက်ခွက်ဖြစ်နေမယ့်ခပ်ပျော့ပျော့မိန်းမထဲမှာကျွန်မ မပါဘူး။

ယောင်္ကျားတစ်ယောက်ပြစ်သွားလို့မျက်ဝန်းတွေဖောင်းမို့နေအောင်ငိုမယ့်မိန်းမထဲမှာလည်းကျွန်မ မပါဘူး။

ယောင်္ကျားတစ်ယောက်သစ္စာဖောက်သွားလို့ကိုယ့်ကိုယ်ကို သတ်သေမယ့်ခပ်ထူထူမိန်းမထဲမှာလည်းကျွန်မ မပါဘူး။

အချစ်ဆိုတာဘဝရဲ့တစ်စိတ်တစ်ပိုင်းထဲမှာပါဝင်ပေမယ့်ကိုးကွယ်ရမယ့်အရာမဟုတ်ဘူးလေ။

ကျွန်မဆိုတာအချစ်ကိုစိတ်ကူးနဲ့ရူးနေတတ်တဲ့မိန်းမတစ်ယောက်မဟုတ်ဘူး။

အချစ်ကိုဦးစားပေးလို့ကိုးကွယ်တတ်တဲ့မိန်းမတစ်ယောက်လည်းမဟုတ်ဘူး။

အချစ်ဆိုတာကို အရွဲ့တိုက်ပြီးကိုယ့်ကိုယ်ကိုပျက်စီးအောင်လုပ်မယ့်မိန်းမတစ်ယောက်လည်းမဟုတ်ဘူး။

အရင်ကထက်ပိုပိုပြီးလှအောင်နေမယ့်မိန်းမ

အရင်ကထက်ပိုပိုပြီးပျော်အောင်နေမယ့်မိန်းမ

အရင်ကထက်ပိုပိုပြီးပြုံးနေတတ်မယ့်မိန်းမ

အရင်ကထက်ကိုယ့်ဘဝကိုမြင့်မားသထက်မြင့်မားအောင်ကြိုးစားနေမယ့်မိန်းမမျိုးပါ။

ကျွန်မဆိုတာယောင်္ကျားတစ်ယောက်ကိုနေပါလို့လည်းခခယယမတောင်းဆိုသလိုမသွားပါနဲ့လို့လည်းခြေသလုံးဖက်ဆွဲမထားဘူး။

သူကစွန့်လွှတ်ရဲတဲ့သတ္တိရှိရင်ကျွန်မကလှည့်ထွက်ရဲတဲ့မာနတွေရှိတယ်။

အဲဒါမိန်းမတစ်ယောက်ရဲ့ဖွင့်ဟဝန်ခံချက်ပါပဲ။

Nan Khin May Win


ေ​ယာင်္ကျားတစ်​​​ယောက်​နဲ့လမ်းခွဲလိုက်​ရလို့မျက်​ရည်​နဲ့မျက်​ခွက်​ဖြစ်​​နေမယ့်​ခပ်​​ပျော့​ပျော့မိန်းမထဲမှာကျွန်​မ မပါဘူး။














Nan Khin May Win