သူ႕အျမင္မွာသင္ကလြယ္လြန္းတဲ့မိန္းကေလးလို႕ထင္သြားေစနိုင္တဲ့အခ်က္(၇)ခ်က္

freepik

ဟိုးအရင္ေခတ္က မိန္းကေလးေတြဟာ ကိုယ့္ကိုေယာက်ာ္းေလးတစ္ေယာက္ကခ်စ္ေရးဆိုတဲ့အခါ သံုးနွစ္သံုးမိုးအကဲခတ္ျပီးမွ သင့္ေတာ္၏ မေတာ္၏ ဆံုးျဖတ္ၾကပါတယ္။ ဒါေပမယ့္ အခုေခတ္မွာေတာ့ သံုးနွစ္သံုးမိုးေတြ မစဉ္းစားၾကေတာ့ပါဘူး။ စိတ္ခံစားခ်က္ကို ဦးစားေပးလာၾကတာေၾကာင့္လည္းပါျပီး ဒီလိုစဉ္းစားေနဖို႕ အခ်ိန္မေပးနိုင္ၾကတာလည္းပါပါတယ္။ ဒါေပမယ့္ မိန္းကေလးတစ္ေယာက္အေနနဲ႕ ဒီအခ်က္ေတြကိုလုပ္ေနတယ္ဆိုရင္ေတာ့ သင္ဟာ သူ႕အျမင္မွာအရမ္းလြယ္တဲ့မိန္းကေလးတစ္ေယာက္ျဖစ္ေနမွာမို႕ သတိေလးထားဖို႕လိုတယ္ေနာ္။

(၁) သူ႕အတြက္ဆိုအျမဲအားေနတယ္

freepik

သူလည္းအလုပ္မ်ားတဲ့သူတစ္ေယာက္ျဖစ္သလို သင္လည္းအလုပ္မ်ားတဲ့သူျဖစ္တယ္။ ဒါေပမယ့္ သင္တို႕ေတြ႕ဖို႕အတြက္ သင္အားတဲ့အခ်ိန္ကိုသူကလိုက္ညွိေပးတာမ်ိဳးမဟုတ္ဘဲ သူအားတဲ့အခ်ိန္ေတြမွာ သင့္ဘက္ကအားေအာင္လိုက္လုပ္ေပးေနတာမ်ိဳး၊ သူနဲ႕ေတြ႕ဖို႕ဆို သင္မအားရင္ေတာင္ အလုပ္ေတြဖ်က္ပစ္လိုက္တာမ်ိဳးေတြကို လုပ္ေနမယ္ဆိုရင္ သူ႕အျမင္မွာ သင္ကအရမ္းလြယ္တဲ့ပံု ေပါက္ေနပါလိမ့္မယ္။

(၂) သင့္ဘက္ကစျပီးဖုန္းခဏခဏဆက္ေနတယ္

သူအဆင္မေျပတာေတြ၊ သူ႕ခံစားခ်က္ေတြကို သင့္ကိုဖုန္းဆက္ျပီးမေျပာတတ္ေပမယ့္ သင့္ဘက္ကေတာ့ သူ႕ကိုအျမဲဖုန္းစဆက္ျပီး စကားေျပာတယ္၊ သူနဲ႕ေတြ႕ဖို႕ သင့္ဘက္ကအျမဲစခ်ိန္းေနတယ္ဆိုရင္လည္း သင္ဟာ သူ႕အတြက္လြယ္လြန္းတဲ့ပံုစံျဖစ္ေနမွာပါပဲ။

(၃) သူေတြ႕ဖုိ႕ေျပာတဲ့အခ်ိန္တိုင္းအျမဲအသင့္ျဖစ္ေနတယ္

သူ႕ဘက္က မနက္ျဖန္အားလားလို႕ေျပာရင္ အားတယ္လို႕ခ်က္ခ်င္းျပန္ေျပာလိုက္တာမ်ိဳး၊ ခဏေနေတြ႕လို႕ရမလားဆို ရတယ္လို႕ ခ်က္ခ်င္းလက္ခံလိုက္တာမ်ိဳး၊ သူနဲ႕ေတြ႕ဖို႕ေျပာတိုင္းျငင္းတယ္ဆိုတာမရွိဘဲ အျမဲအသင့္ျဖစ္ေနတာမ်ိဳးက သူ႕အျမင္မွာ သင္ဟာ အရမ္းလြယ္တယ္လို႕ ျမင္သြားေစပါတယ္။

(၄) သူ႕ေၾကာင့္နဲ႕တျခားသူေတြနဲ႕ဆက္ဆံေရးကိုပါထိခိုက္ခံတယ္

freepik

သူနဲ႕ေတြ႕ဖို႕ ကိုယ့္မိသားစု၊သူငယ္ခ်င္းေတြကိုေတာင္လစ္လ်ူရႈထားတာမ်ိဳး၊ သူ႕အတြက္နဲ႕ ကိုယ့္အေပၚေကာင္းတဲ့သူေတြကိုေတာင္အေလးမထားေတာ့တာမ်ိဳး၊ သူ႕ကိုအရာအားလံုးထက္ဦးစားေပးတာမ်ိဳးေတြက သင့္ကိုနည္းနည္း အေပါစားဆန္ေစပါတယ္။

(၅) သူ႕ကိုကိုယ့္ရဲ႕လွ်ို႕ဝွက္ခ်က္ေတြအကုန္ေျပာျပထားတယ္

တျခားသူေတြကိုေတာင္မေျပာျပတဲ့လွ်ို႕ဝွက္ခ်က္ေတြကို သူ႕ကိုေျပာျပလိုက္ျခင္းက သူ႕စိတ္ထဲမွာ သင္ကသူ႕ကိုယံုၾကည္တာေၾကာင့္လို႕ မျမင္ဘဲ သင္ကကိုယ့္ကိုယ္ကို တန္ဖိုးမထားဘူးလို႕ ျမင္သြားေစပါတယ္။

(၆) သူဘာေျပာေျပာသေဘာတူတယ္

သူေျပာသမွ်၊ သူလုပ္သမွ်အရာအားလံုးကို ကန္႕ကြက္တာမရွိဘဲ အကုန္သေဘာတူေနတာကလည္း သင့္ကိုလြယ္လြန္းတဲ့မိန္းကေလးတစ္ေယာက္လို႕ ထင္ရေစပါတယ္။

(၇) သူမရွိရင္မျဖစ္တဲ့ပံုစံမ်ိဳးလုပ္ျပတယ္

freepik

သင့္ဘဝမွာသူမရွိရင္မျဖစ္ေတာ့တဲ့ပံုစံမ်ိဳးလုပ္ျပရင္ သူကသင့္ကိုမထားသြားေတာ့ဘူးလို႕မထင္လိုက္ပါနဲ႕။ ဒီလိုလုပ္ျပေလ သူ႕အျမင္မွာ သင္ကအေပါစားဆန္ေလပါပဲ။

တခါတေလမွာ မိန္းကေလးေတြက အခုေျပာခဲ့တဲ့အခ်က္ေတြကိုလုပ္ရင္ သူ႕ကိုကိုယ္ဘယ္ေလာက္လိုအပ္တယ္၊ သူကကိုယ့္အတြက္ဘယ္ေလာက္အေရးၾကီးတယ္ဆိုတာကို ေဖာ္ျပနိုင္မယ္လို႕ထင္တတ္ၾကပါတယ္။ တကယ္တမ္းေတာ့ အခုလိုလုပ္ရပ္ေတြလုပ္တာက သူအျမင္မွာသင္က အရမ္းလြယ္လြန္းတဲ့မိန္းကေလးတစ္ေယာက္၊ တန္ဖိုးမရွိတဲ့မိန္းကေလးတစ္ေယာက္လို႕ပဲ ထင္သြားေစမွာပါ။

written by PP

ဟိုးအရင်ခေတ်က မိန်းကလေးတွေဟာ ကိုယ့်ကိုယောကျာ်းလေးတစ်ယောက်ကချစ်ရေးဆိုတဲ့အခါ သုံးနှစ်သုံးမိုးအကဲခတ်ပြီးမှ သင့်တော်၏ မတော်၏ ဆုံးဖြတ်ကြပါတယ်။ ဒါပေမယ့် အခုခေတ်မှာတော့ သုံးနှစ်သုံးမိုးတွေ မစဉ်းစားကြတော့ပါဘူး။ စိတ်ခံစားချက်ကို ဦးစားပေးလာကြတာကြောင့်လည်းပါပြီး ဒီလိုစဉ်းစားနေဖို့ အချိန်မပေးနိုင်ကြတာလည်းပါပါတယ်။ ဒါပေမယ့် မိန်းကလေးတစ်ယောက်အနေနဲ့ ဒီအချက်တွေကိုလုပ်နေတယ်ဆိုရင်တော့ သင်ဟာ သူ့အမြင်မှာအရမ်းလွယ်တဲ့မိန်းကလေးတစ်ယောက်ဖြစ်နေမှာမို့ သတိလေးထားဖို့လိုတယ်နော်။

(၁) သူ့အတွက်ဆိုအမြဲအားနေတယ်

သူလည်းအလုပ်များတဲ့သူတစ်ယောက်ဖြစ်သလို သင်လည်းအလုပ်များတဲ့သူဖြစ်တယ်။ ဒါပေမယ့် သင်တို့တွေ့ဖို့အတွက် သင်အားတဲ့အချိန်ကိုသူကလိုက်ညှိပေးတာမျိုးမဟုတ်ဘဲ သူအားတဲ့အချိန်တွေမှာ သင့်ဘက်ကအားအောင်လိုက်လုပ်ပေးနေတာမျိုး၊ သူနဲ့တွေ့ဖို့ဆို သင်မအားရင်တောင် အလုပ်တွေဖျက်ပစ်လိုက်တာမျိုးတွေကို လုပ်နေမယ်ဆိုရင် သူ့အမြင်မှာ သင်ကအရမ်းလွယ်တဲ့ပုံ ပေါက်နေပါလိမ့်မယ်။

(၂) သင့်ဘက်ကစပြီးဖုန်းခဏခဏဆက်နေတယ်

သူအဆင်မပြေတာတွေ၊ သူ့ခံစားချက်တွေကို သင့်ကိုဖုန်းဆက်ပြီးမပြောတတ်ပေမယ့် သင့်ဘက်ကတော့ သူ့ကိုအမြဲဖုန်းစဆက်ပြီး စကားပြောတယ်၊ သူနဲ့တွေ့ဖို့ သင့်ဘက်ကအမြဲစချိန်းနေတယ်ဆိုရင်လည်း သင်ဟာ သူ့အတွက်လွယ်လွန်းတဲ့ပုံစံဖြစ်နေမှာပါပဲ။

(၃) သူတွေ့ဖို့ပြောတဲ့အချိန်တိုင်းအမြဲအသင့်ဖြစ်နေတယ်

သူ့ဘက်က မနက်ဖြန်အားလားလို့ပြောရင် အားတယ်လို့ချက်ချင်းပြန်ပြောလိုက်တာမျိုး၊ ခဏနေတွေ့လို့ရမလားဆို ရတယ်လို့ ချက်ချင်းလက်ခံလိုက်တာမျိုး၊ သူနဲ့တွေ့ဖို့ပြောတိုင်းငြင်းတယ်ဆိုတာမရှိဘဲ အမြဲအသင့်ဖြစ်နေတာမျိုးက သူ့အမြင်မှာ သင်ဟာ အရမ်းလွယ်တယ်လို့ မြင်သွားစေပါတယ်။

(၄) သူ့ကြောင့်နဲ့တခြားသူတွေနဲ့ဆက်ဆံရေးကိုပါထိခိုက်ခံတယ်

သူနဲ့တွေ့ဖို့ ကိုယ့်မိသားစု၊သူငယ်ချင်းတွေကိုတောင်လစ်လျူရှုထားတာမျိုး၊ သူ့အတွက်နဲ့ ကိုယ့်အပေါ်ကောင်းတဲ့သူတွေကိုတောင်အလေးမထားတော့တာမျိုး၊ သူ့ကိုအရာအားလုံးထက်ဦးစားပေးတာမျိုးတွေက သင့်ကိုနည်းနည်း အပေါစားဆန်စေပါတယ်။

(၅) သူ့ကိုကိုယ့်ရဲ့လျှို့ဝှက်ချက်တွေအကုန်ပြောပြထားတယ်

တခြားသူတွေကိုတောင်မပြောပြတဲ့လျှို့ဝှက်ချက်တွေကို သူ့ကိုပြောပြလိုက်ခြင်းက သူ့စိတ်ထဲမှာ သင်ကသူ့ကိုယုံကြည်တာကြောင့်လို့ မမြင်ဘဲ သင်ကကိုယ့်ကိုယ်ကို တန်ဖိုးမထားဘူးလို့ မြင်သွားစေပါတယ်။

(၆) သူဘာပြောပြောသဘောတူတယ်

သူပြောသမျှ၊ သူလုပ်သမျှအရာအားလုံးကို ကန့်ကွက်တာမရှိဘဲ အကုန်သဘောတူနေတာကလည်း သင့်ကိုလွယ်လွန်းတဲ့မိန်းကလေးတစ်ယောက်လို့ ထင်ရစေပါတယ်။

(၇) သူမရှိရင်မဖြစ်တဲ့ပုံစံမျိုးလုပ်ပြတယ်

သင့်ဘဝမှာသူမရှိရင်မဖြစ်တော့တဲ့ပုံစံမျိုးလုပ်ပြရင် သူကသင့်ကိုမထားသွားတော့ဘူးလို့မထင်လိုက်ပါနဲ့။ ဒီလိုလုပ်ပြလေ သူ့အမြင်မှာ သင်ကအပေါစားဆန်လေပါပဲ။

တခါတလေမှာ မိန်းကလေးတွေက အခုပြောခဲ့တဲ့အချက်တွေကိုလုပ်ရင် သူ့ကိုကိုယ်ဘယ်လောက်လိုအပ်တယ်၊ သူကကိုယ့်အတွက်ဘယ်လောက်အရေးကြီးတယ်ဆိုတာကို ဖော်ပြနိုင်မယ်လို့ထင်တတ်ကြပါတယ်။ တကယ်တမ်းတော့ အခုလိုလုပ်ရပ်တွေလုပ်တာက သူအမြင်မှာသင်က အရမ်းလွယ်လွန်းတဲ့မိန်းကလေးတစ်ယောက်၊ တန်ဖိုးမရှိတဲ့မိန်းကလေးတစ်ယောက်လို့ပဲ ထင်သွားစေမှာပါ။

written by PP