ပံုျပင္ေတြ၊ကာတြန္းကားေတြထဲက ကေလးေတြအတြက္အဆိပ္အေတာက္ျဖစ္ေစတဲ့အခ်က္မ်ား

ပံုျပင္ဆိုတာ ကေလးေတြအတြက္ အေဖာ္ျပုစရာတစ္ခုျဖစ္ပါတယ္။ ကေလးဘဝမွာ ပံုျပင္မ်ိဳးစံုနားေထာင္ဖူး၊ ကာတြန္းကားမ်ိဳးစံုၾကည့္ဖူးၾကပါတယ္။ ပံုျပင္ေလးေတြ၊ ကာတြန္းကားေလးေတြက ကေလးေတြကို အပ်င္းေျပေအာင္၊ စိတ္ေကာင္းရွိေအာင္သင္ေပးတတ္ေပမယ့္ တခ်ိဳ႕အခ်က္ေတြက ကေလးေတြအတြက္ အျမင္မွား၊ အေတြးမွားေတြျဖစ္ေစတာေၾကာင့္ မသိနားမလည္တဲ့ကေလးေတြအတြက္ အဆိပ္အေတာက္ေတြျဖစ္ေစပါတယ္။ ပံုျပင္နဲ႕ကာတြန္းကားအခ်ိဳ႕ရဲ႕ ကေလးေတြအတြက္အဆိပ္အေတာက္ျဖစ္ေစတဲ့အခ်က္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(၁) အိမ္ေထာင္ဖက္အျဖစ္ေရြးခ်ယ္ခံရဖို႕က ဘဝမွာအေရးၾကီးဆံုးအခ်က္ျဖစ္တယ္

တခ်ို႕ပံုျပင္နဲ႕ကာတြန္းကားေတြရဲ႕အဆံုးသတ္မွာ မင္းသားေလးနဲ႕လက္ထပ္ျပီးေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနသြားၾကသတဲ့ ဆိုတာမ်ိဳး၊ မင္းသားေလးရဲ႕အိမ္ေထာင္ဖက္အျဖစ္ေရြးခ်ယ္ခံရဖို႕အတြက္ အစြမ္းကုန္ၾကိုးစားၾကတာမ်ိုးကို ေတြ႕ရပါတယ္။ ဒါကို ကေလးေတြနားေထာင္မိ၊ ၾကည့္မိတဲ့အခါ အိမ္ေထာင္ဖက္အျဖစ္ေရြးခ်ယ္ခံရဖို႕က ဘဝမွာအေရးၾကီးဆံုးအခ်က္ျဖစ္တယ္၊ ဒီလုိေရြးခ်ယ္ခံရဖို႕ပဲ ဦးတည္ျပီးၾကိုးစားသင့္တယ္လို႕ ျမင္သြားနိုင္ပါတယ္။

(၂) ကိုယ္ခ်စ္တဲ့သူနဲ႕လက္ထပ္ရဖို႕အရာရာေပးဆပ္သင့္တယ္

ဒီအခ်က္ကလည္း ကေလးေတြကို လမ္းမွားေရာက္ေအာင္တြန္းပို႕နိုင္ပါတယ္။ အခ်စ္တစ္ခုအတြက္အရာရာေပးဆပ္တာ၊ အရြယ္မေရာက္ခင္ အိမ္ကေနထြက္ေျပးျပီးခ်စ္သူေနာက္လိုက္တာဟာ ေကာင္းတဲ့လုပ္ရပ္၊မွန္ကန္တဲ့လုပ္ရပ္လို႕ ထင္သြားနိုင္ပါတယ္။

(၃) ကိုယ့္ကိုကယ္တင္မယ့္လူတစ္ေယာက္အျမဲရွိတယ္

walt disney production

တကယ့္ေလာကၾကီးမွာ ကိုယ္ဒုကၡေရာက္တဲ့အခါ၊ အခက္အခဲေတြြၾကံုလာတဲ့အခါ ကိုယ့္ကိုကူညီဖုိ႕တစ္ေယာက္ေယာက္ကို ေစာင့္ေမွ်ာ္ေနတာက အဓိပၸါယ္မရွိတဲ့လုပ္ရပ္ပါ။ ကိုယ့္အခက္အခဲ၊ ကိုယ့္ဒုကၡေတြကို ကိုယ့္အားကိုကိုးျပီးေျဖရွင္းတတ္ဖို႕လိုတယ္ဆိုတာ ကေလးေတြကိုသင္ေပးရမွာပါ။ တခ်ို႕ေသာပံုျပင္ေတြ၊ကာတြန္းေတြထဲမွာေတာ့ အခက္အခဲျဖစ္ေနရင္ကိုယ့္ကိုကူညီမယ့္သူကအဆင္သင့္ပါပဲ။ ဒီအခ်က္က ကေလးေတြရဲ႕စိတ္ထဲမွာ ကိုယ္အခက္အခဲျဖစ္ေနရင္ တစ္ေယာက္ေယာက္လာကူညီဖို႕ ေမွ်ာ္လင့္တတ္ေအာင္ သင္ေပးသလိုျဖစ္ေနပါတယ္။

(၄) ရုပ္ရည္ကိုၾကည့္ျပီးစိတ္ဓာတ္ကိုဆံုးျဖတ္လို႕ရတယ္

ပံုျပင္ေတြ၊ကာတြန္းေတြမွာ ရုပ္ေခ်ာတဲ့သူကစိတ္ထားေကာင္းတဲ့သူ၊ ရုပ္ဆိုးတဲ့သူကစိတ္ဓာတ္မေကာင္းတဲ့သူဆိုတာမ်ိဳး အျမဲထည့္သြင္းထားပါတယ္။ ဒီအခ်က္က ကေလးေတြစိတ္ထဲမွာ ရုပ္ရည္ကိုၾကည့္ျပီး လူတစ္ေယာက္ကိုဆံုးျဖတ္လို႕ရတယ္လို႕ ထင္သြားေစပါတယ္။

(၅) ကိုယ့္အေပၚအနိုုင္ယူသမွ်ကိုသည္းခံသင့္တယ္

walt disney production

ပံုျပင္ေတြမွာ ကိုယ့္အေပၚဘယ္သူေတြဘယ္လိုပဲအနိုင္က်င့္က်င့္ သည္းခံလိုက္ရင္ ေနာက္ဆံုးမွာ ကိုယ္ကေအာင္ျမင္သြားတယ္လို႕ ထင္ရေစတဲ့အခ်က္ေတြပါဝင္ေနတတ္ပါတယ္။ ဒီအခ်က္က ကေလးေတြစိတ္ထဲမွာ ကိုယ့္အေပၚမတရားလုပ္တာကို လက္ခံရမယ္လို႕ သင္ေပးလိုက္သလိုပါပဲ။ ကိုယ့္အေပၚမေကာင္းရင္ ျပန္ျပီးတိုက္ခိုက္ရမယ္လို႕ေတာ့ မဆိုလိုေပမယ့္ ကိုယ့္အေပၚမတရားမႈက်ူးလြန္လာရင္ေတာ့ ျငိမ္မခံသင့္ဘူးဆိုတာ ကေလးေတြကိုသင္ေပးဖို႕လိုပါတယ္။

written by PP

ပုံပြင်ဆိုတာ ကလေးတွေအတွက် အဖော်ပြုစရာတစ်ခုဖြစ်ပါတယ်။ ကလေးဘဝမှာ ပုံပြင်မျိုးစုံနားထောင်ဖူး၊ ကာတွန်းကားမျိုးစုံကြည့်ဖူးကြပါတယ်။ ပုံပြင်လေးတွေ၊ ကာတွန်းကားလေးတွေက ကလေးတွေကို အပျင်းပြေအောင်၊ စိတ်ကောင်းရှိအောင်သင်ပေးတတ်ပေမယ့် တချို့အချက်တွေက ကလေးတွေအတွက် အမြင်မှား၊ အတွေးမှားတွေဖြစ်စေတာကြောင့် မသိနားမလည်တဲ့ကလေးတွေအတွက် အဆိပ်အတောက်တွေဖြစ်စေပါတယ်။ ပုံပြင်နဲ့ကာတွန်းကားအချို့ရဲ့ ကလေးတွေအတွက်အဆိပ်အတောက်ဖြစ်စေတဲ့အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

(၁) အိမ်ထောင်ဖက်အဖြစ်ရွေးချယ်ခံရဖို့က ဘဝမှာအရေးကြီးဆုံးအချက်ဖြစ်တယ်

တချို့ပုံပြင်နဲ့ကာတွန်းကားတွေရဲ့အဆုံးသတ်မှာ မင်းသားလေးနဲ့လက်ထပ်ပြီးပျော်ပျော်ရွှင်ရွှင်နေသွားကြသတဲ့ ဆိုတာမျိုး၊ မင်းသားလေးရဲ့အိမ်ထောင်ဖက်အဖြစ်ရွေးချယ်ခံရဖို့အတွက် အစွမ်းကုန်ကြိုးစားကြတာမျိုးကို တွေ့ရပါတယ်။ ဒါကို ကလေးတွေနားထောင်မိ၊ ကြည့်မိတဲ့အခါ အိမ်ထောင်ဖက်အဖြစ်ရွေးချယ်ခံရဖို့က ဘဝမှာအရေးကြီးဆုံးအချက်ဖြစ်တယ်၊ ဒီလိုရွေးချယ်ခံရဖို့ပဲ ဦးတည်ပြီးကြိုးစားသင့်တယ်လို့ မြင်သွားနိုင်ပါတယ်။

(၂) ကိုယ်ချစ်တဲ့သူနဲ့လက်ထပ်ရဖို့အရာရာပေးဆပ်သင့်တယ်

ဒီအချက်ကလည်း ကလေးတွေကို လမ်းမှားရောက်အောင်တွန်းပို့နိုင်ပါတယ်။ အချစ်တစ်ခုအတွက်အရာရာပေးဆပ်တာ၊ အရွယ်မရောက်ခင် အိမ်ကနေထွက်ပြေးပြီးချစ်သူနောက်လိုက်တာဟာ ကောင်းတဲ့လုပ်ရပ်၊မှန်ကန်တဲ့လုပ်ရပ်လို့ ထင်သွားနိုင်ပါတယ်။

(၃) ကိုယ့်ကိုကယ်တင်မယ့်လူတစ်ယောက်အမြဲရှိတယ်

တကယ့်လောကကြီးမှာ ကိုယ်ဒုက္ခရောက်တဲ့အခါ၊ အခက်အခဲတွေကြုံလာတဲ့အခါ ကိုယ့်ကိုကူညီဖို့တစ်ယောက်ယောက်ကို စောင့်မျှော်နေတာက အဓိပ္ပါယ်မရှိတဲ့လုပ်ရပ်ပါ။ ကိုယ့်အခက်အခဲ၊ ကိုယ့်ဒုက္ခတွေကို ကိုယ့်အားကိုကိုးပြီးဖြေရှင်းတတ်ဖို့လိုတယ်ဆိုတာ ကလေးတွေကိုသင်ပေးရမှာပါ။ တချို့သောပုံပြင်တွေ၊ကာတွန်းတွေထဲမှာတော့ အခက်အခဲဖြစ်နေရင်ကိုယ့်ကိုကူညီမယ့်သူကအဆင်သင့်ပါပဲ။ ဒီအချက်က ကလေးတွေရဲ့စိတ်ထဲမှာ ကိုယ်အခက်အခဲဖြစ်နေရင် တစ်ယောက်ယောက်လာကူညီဖို့ မျှော်လင့်တတ်အောင် သင်ပေးသလိုဖြစ်နေပါတယ်။

(၄) ရုပ်ရည်ကိုကြည့်ပြီးစိတ်ဓာတ်ကိုဆုံးဖြတ်လို့ရတယ်

ပုံပြင်တွေ၊ကာတွန်းတွေမှာ ရုပ်ချောတဲ့သူကစိတ်ထားကောင်းတဲ့သူ၊ ရုပ်ဆိုးတဲ့သူကစိတ်ဓာတ်မကောင်းတဲ့သူဆိုတာမျိုး အမြဲထည့်သွင်းထားပါတယ်။ ဒီအချက်က ကလေးတွေစိတ်ထဲမှာ ရုပ်ရည်ကိုကြည့်ပြီး လူတစ်ယောက်ကိုဆုံးဖြတ်လို့ရတယ်လို့ ထင်သွားစေပါတယ်။

(၅) ကိုယ့်အပေါ်အနိုင်ယူသမျှကိုသည်းခံသင့်တယ်
walt disney production

ပုံပြင်တွေမှာ ကိုယ့်အပေါ်ဘယ်သူတွေဘယ်လိုပဲအနိုင်ကျင့်ကျင့် သည်းခံလိုက်ရင် နောက်ဆုံးမှာ ကိုယ်ကအောင်မြင်သွားတယ်လို့ ထင်ရစေတဲ့အချက်တွေပါဝင်နေတတ်ပါတယ်။ ဒီအချက်က ကလေးတွေစိတ်ထဲမှာ ကိုယ့်အပေါ်မတရားလုပ်တာကို လက်ခံရမယ်လို့ သင်ပေးလိုက်သလိုပါပဲ။ ကိုယ့်အပေါ်မကောင်းရင် ပြန်ပြီးတိုက်ခိုက်ရမယ်လို့တော့ မဆိုလိုပေမယ့် ကိုယ့်အပေါ်မတရားမှုကျူးလွန်လာရင်တော့ ငြိမ်မခံသင့်ဘူးဆိုတာ ကလေးတွေကိုသင်ပေးဖို့လိုပါတယ်။

written by PP