ကေလးေတြကို သူတို႕ထက္အငယ္ေတြကိုထိန္းခိုင္းတာက ဆိုးက်ိဳးေတြအမ်ားၾကီးျဖစ္ေစပါတယ္

ကေလးေတြမ်ားတဲ့မိသားစုေတြမွာ အေဖ၊အေမေတြက မအားလပ္တဲ့အခါ ကေလးအၾကီးက အငယ္ေလးေတြကိုထိန္းရပါတယ္။ ဒီလိုထိန္းခိုင္းတာက ကေလးအငယ္ေလးေတြအတြက္လည္း စိတ္မခ်ရသလို၊ ကေလးအၾကီးအတြက္လည္း မေကာင္းပါဘူး။ စိတ္ပညာရွင္ေတြက မိဘေတြအေနနဲ႕ ကေလးအၾကီးေတြကို အငယ္ေလးေတြထိန္းဖို႕ မခိုင္းသင့္ဘူးလို႕အၾကံျပုခဲ့ပါတယ္။

(၁) သူတို႕ဟာလည္း ကေလးေတြျဖစ္ေနလို႕

freepik

ေမာင္နွမထဲမွာအၾကီးေတြျဖစ္ေနေပမယ့္ သူတို႕ေလးေတြဟာ ကေလးေတြျဖစ္ေနတုန္းပါပဲ။ ကေလးဆိုေတာ့ ကေလးသဘာဝအရ ေဆာ့ခ်င္မယ္၊ ကစားခ်င္မယ္၊ ကေလးပီပီလြတ္လြတ္လပ္လပ္ေနခ်င္တယ္။ ဒီလိုမေနရဘဲ ကေလးထိန္းျပီး အိမ္ထဲမွာေနေနရတဲ့အခါ သူတို႕စိတ္ထဲမွာ မေက်မနပ္ျဖစ္လာနိုင္ျပီး အငယ္ေလးေတြအေပၚမွာေရာ၊ မိဘေတြအေပၚမွာေရာ မေက်မနပ္ျဖစ္လာနိုင္ပါတယ္။

(၂) အၾကီးေလးေတြစိတ္ထဲမွာအငယ္ေတြကိုမုန္းသြားေစနိုင္လို႕

အငယ္ေလးေတြကိုထိိန္းရျပီး သူတုိ႕စိတ္ၾကိုက္မေနရတဲ့အခါ ဒါေတြအားလံုးအငယ္ေတြရွိလာလို႕၊ အငယ္ေလးေတြေမြးလာလို႕ျဖစ္ရတာ၊ ဒါေတြအားလံုးအငယ္ေတြေၾကာင့္လို႕ ထင္ေနတတ္ပါတယ္။ ဒီစိတ္က စြဲလာျပီး ၾကီးလာတဲ့အထိ အငယ္ေလးေတြအေပၚ မေကာင္းျမင္တဲ့စိတ္ကလႊမ္းမိုးသြားနိုင္ပါတယ္။

(၃) ကေလးထိန္းတာဟာ ကေလးေတြအလုပ္မဟုတ္ဘူး

freepik

ကေလးေတြအတြက္ အသက္အရြယ္နဲ႕လိုက္ဖက္တဲ့အလုပ္ေလးေတြကို သင္ေပးလို႕၊ခိုင္းလို႕ရပါတယ္။ သူတို႕ကိုယ္တိုင္ရဲ႕ ေဝယ်ာဝစၥေတြလုပ္ခိုင္းတာ၊ စာေလ့လာရတာေတြက သူတို႕အတြက္အဆင္ေျပေပမယ့္ အရြယ္နဲ႕မလိုက္ဖက္တာကိုေတာ့ မခိုင္းသင့္ပါဘူး။ အထူးသျဖင့္ ကေလးထိန္းတာကို အရြယ္ေရာက္ျပီးသားလူၾကီးေတြပဲလုပ္သင့္ပါတယ္။

(၄) သူတို႕ဟာကြ်မ္းက်င္မႈမရွိဘူး

ေနာက္ဆံုးအခ်က္ကေတာ့ ကေလးထိန္းတာကို သူတို႕ေတြမကြ်မ္းက်င္ၾကပါဘူး။ ကေလးေတြအတြက္ ဘယ္အရာေတြကိုလုပ္သင့္တယ္၊ မလုပ္သင့္ဘူးဆိုတာေတြ သူတို႕ မစဉ္းစားတတ္ေသးပါဘူး။ ကေလးေတြရဲ႕ေဝယ်ာဝစၥကိုလုပ္ဖုိ႕ ကြ်မ္းက်င္မႈမရွိၾကပါဘူး။

ကေလးအခ်င္းခ်င္းထိန္းခိုင္းတာက သူတို႕ေလးေတြကိုပိုရင္းနွီးခ်စ္ခင္ေစတယ္၊ သံေယာဇဉ္တြယ္ေစတယ္ဆိုတာထက္ အခုေဖာ္ျပခဲ့တဲ့ဆုိးက်ိဳးေတြကိုျဖစ္ေစတာမို႕ ကေလးေတြစိတ္မပါရင္ သူတို႕ကိုကေလးထိန္းဖို႕ အတင္းမခိုင္းသင့္ပါဘူး။

written by PP

ကလေးတွေများတဲ့မိသားစုတွေမှာ အဖေ၊အမေတွေက မအားလပ်တဲ့အခါ ကလေးအကြီးက အငယ်လေးတွေကိုထိန်းရပါတယ်။ ဒီလိုထိန်းခိုင်းတာက ကလေးအငယ်လေးတွေအတွက်လည်း စိတ်မချရသလို၊ ကလေးအကြီးအတွက်လည်း မကောင်းပါဘူး။ စိတ်ပညာရှင်တွေက မိဘတွေအနေနဲ့ ကလေးအကြီးတွေကို အငယ်လေးတွေထိန်းဖို့ မခိုင်းသင့်ဘူးလို့အကြံပြုခဲ့ပါတယ်။

(၁) သူတို့ဟာလည်း ကလေးတွေဖြစ်နေလို့

မောင်နှမထဲမှာအကြီးတွေဖြစ်နေပေမယ့် သူတို့လေးတွေဟာ ကလေးတွေဖြစ်နေတုန်းပါပဲ။ ကလေးဆိုတော့ ကလေးသဘာဝအရ ဆော့ချင်မယ်၊ ကစားချင်မယ်၊ ကလေးပီပီလွတ်လွတ်လပ်လပ်နေချင်တယ်။ ဒီလိုမနေရဘဲ ကလေးထိန်းပြီး အိမ်ထဲမှာနေနေရတဲ့အခါ သူတို့စိတ်ထဲမှာ မကျေမနပ်ဖြစ်လာနိုင်ပြီး အငယ်လေးတွေအပေါ်မှာရော၊ မိဘတွေအပေါ်မှာရော မကျေမနပ်ဖြစ်လာနိုင်ပါတယ်။

(၂) အကြီးလေးတွေစိတ်ထဲမှာအငယ်တွေကိုမုန်းသွားစေနိုင်လို့

အငယ်လေးတွေကိုထိန်းရပြီး သူတို့စိတ်ကြိုက်မနေရတဲ့အခါ ဒါတွေအားလုံးအငယ်တွေရှိလာလို့၊ အငယ်လေးတွေမွေးလာလို့ဖြစ်ရတာ၊ ဒါတွေအားလုံးအငယ်တွေကြောင့်လို့ ထင်နေတတ်ပါတယ်။ ဒီစိတ်က စွဲလာပြီး ကြီးလာတဲ့အထိ အငယ်လေးတွေအပေါ် မကောင်းမြင်တဲ့စိတ်ကလွှမ်းမိုးသွားနိုင်ပါတယ်။

(၃) ကလေးထိန်းတာဟာ ကလေးတွေအလုပ်မဟုတ်ဘူး

ကလေးတွေအတွက် အသက်အရွယ်နဲ့လိုက်ဖက်တဲ့အလုပ်လေးတွေကို သင်ပေးလို့၊ခိုင်းလို့ရပါတယ်။ သူတို့ကိုယ်တိုင်ရဲ့ ဝေယျာဝစ္စတွေလုပ်ခိုင်းတာ၊ စာလေ့လာရတာတွေက သူတို့အတွက်အဆင်ပြေပေမယ့် အရွယ်နဲ့မလိုက်ဖက်တာကိုတော့ မခိုင်းသင့်ပါဘူး။ အထူးသဖြင့် ကလေးထိန်းတာကို အရွယ်ရောက်ပြီးသားလူကြီးတွေပဲလုပ်သင့်ပါတယ်။

(၄) သူတို့ဟာကျွမ်းကျင်မှုမရှိဘူး

နောက်ဆုံးအချက်ကတော့ ကလေးထိန်းတာကို သူတို့တွေမကျွမ်းကျင်ကြပါဘူး။ ကလေးတွေအတွက် ဘယ်အရာတွေကိုလုပ်သင့်တယ်၊ မလုပ်သင့်ဘူးဆိုတာတွေ သူတို့ မစဉ်းစားတတ်သေးပါဘူး။ ကလေးတွေရဲ့ဝေယျာဝစ္စကိုလုပ်ဖို့ ကျွမ်းကျင်မှုမရှိကြပါဘူး။

ကလေးအချင်းချင်းထိန်းခိုင်းတာက သူတို့လေးတွေကိုပိုရင်းနှီးချစ်ခင်စေတယ်၊ သံယောဇဉ်တွယ်စေတယ်ဆိုတာထက် အခုဖော်ပြခဲ့တဲ့ဆိုးကျိုးတွေကိုဖြစ်စေတာမို့ ကလေးတွေစိတ်မပါရင် သူတို့ကိုကလေးထိန်းဖို့ အတင်းမခိုင်းသင့်ပါဘူး။

written by PP