သင္အဝတ္မ်ားတဲ့အဝတ္အစားအေရာင္ကေျပာတဲ့ သင့္အေၾကာင္း

လူတစ္ေယာက္ရဲ႕စိတ္ေနစိတ္ထားနဲ႕ အမူအက်င့္ေတြကို သူ႕ရဲ႕အၾကိုက္၊ေရြးခ်ယ္မႈေတြကတဆင့္သိနိုင္ပါတယ္။ အထူးသျဖင့္ သူေန႕စဉ္ဝတ္ေနက်အဝတ္အစားေတြကိုၾကည့္ရံုနဲ႕ သူ႕ရဲ႕ စိတ္ေနစိတ္ထားကို ခန္႕မွန္းနိုင္ပါတယ္။ သင္ေရာ အဝတ္အစားဝတ္တဲ့အခါ ဘယ္အေရာင္ေတြအဝတ္မ်ားသလဲဆိုတာ ျပန္စဉ္းစားၾကည့္ျပီး သင့္ရဲ႕အတြင္းစိတ္မွာ တိမ္ျမွဳပ္ေနတဲ့စိတ္ေနစိတ္ထားကို ဖတ္ၾကည့္လိုက္ပါဦး။

(၁) အျပာေရာင္

အျပာေရာင္ကိုအဝတ္မ်ားတဲ့သူေတြက စိတ္ျငိမ္းခ်မ္းတဲ့သူ၊ လြယ္လြယ္နဲ႕ေဒါသမထြက္တတ္သူ၊ ေအးေအးေဆးေဆးေနရတာၾကိုက္တဲ့သူျဖစ္ပါတယ္။

(၂) အဝါေရာင္

freepik

အဝါေရာင္အဝတ္မ်ားတဲ့သူက ကိုယ့္ကိုယ္ကိုတန္ဖိုးထားတတ္သူ၊ ဖန္တီးနိုင္စြမ္းရွိသူ၊ စိတ္ခံစားမႈအားေကာင္းသူ၊ အေကာင္းျမင္စိတ္မ်ားသူျဖစ္ပါတယ္။

(၃) ပန္းေရာင္

ပန္းေရာင္အဝတ္မ်ားသူကေတာ့ စိတ္ရွင္းတဲ့သူ၊ သေဘာထားၾကီးသူ၊ တစ္ဖက္သားအေပၚ ရိုးသားသူ၊ သိမ္ေမြ႕နူးညံ့သူျဖစ္ပါတယ္။

(၄) အျဖူေရာင္

အျဖူေရာင္အဝတ္မ်ားသူေတြက လန္းဆန္းတက္ၾကြသူ၊ အျမင္ရွင္းတဲ့သူ၊ လွ်ို႕ဝွက္ခ်က္ေတြမထားတတ္သူ၊ ေပါ့ေပါ့ပါးပါးေနတတ္သူေတြျဖစ္ပါတယ္။

(၅) အစိမ္းေရာင္

အစိမ္းေရာင္အဝတ္မ်ားတဲ့သူေတြက တစ္ဖက္သားနဲ႕လိုက္ေလ်ာညီေထြျဖစ္ေအာင္ေနတတ္သူ၊ သေဘာထားေပ်ာ့ေျပာင္းသူ၊ လူတစ္ဖက္သားကိုအျပစ္မျမင္တတ္သူ၊ သိမ္ေမြ႕တဲ့နွလံုးသားရွိသူေတြျဖစ္ပါတယ္။

(၆) အနီေရာင္

freepik

အနီေရာင္ကိုအဝတ္မ်ားသူေတြကေတာ့ စိတ္စြမ္းအားေကာင္းသူ၊ ရည္မွန္းခ်က္ၾကီးသူ၊ အခ်စ္ၾကီးသေလာက္၊ အမုန္းၾကီးတတ္တဲ့သူေတြျဖစ္ပါတယ္။

(၇) ခရမ္းေရာင္

ခရမ္းေရာင္အဝတ္မ်ားသူေတြကေတာ့ အျမင့္ကိုမွန္းတတ္သူ၊ ဘဝကိုေပါ့ပ်က္ပ်က္မျဖတ္သန္းတတ္သူ၊ ကိုယ္ျဖစ္ခ်င္တာကို တိတိက်က်သိတဲ့သူေတြျဖစ္ပါတယ္။

(၈) လိေမၼာ္ေရာင္

လိေမၼာ္ေရာင္အဝတ္မ်ားသူေတြက အမွီအခိုကင္းတဲ့သူ၊ အလုပ္လုပ္ရာမွာစည္းစနစ္က်သူ၊ လြယ္လြယ္နဲ႕စိတ္ဓာတ္မက်တတ္သူေတြ ျဖစ္ပါတယ္။

(၉) အညိုေရာင္

အညိုေရာင္အဝတ္မ်ားသူေတြက တည္ျငိမ္တဲ့စိတ္ေနစိတ္ထားရွိသူ၊ ျငင္းခုန္ရန္ျဖစ္တာေတြမလုပ္လိုသူ၊ မွ်တတဲ့အျမင္ရွိသူေတြ ျဖစ္ပါတယ္။

(၁၀) မီးခိုးေရာင္

freepik

မီးခိုးေရာင္အဝတ္မ်ားသူေတြက အစြန္းမေရာက္တတ္သူ၊ ဘာပဲလုပ္လုပ္ စဉ္းစားေမွ်ာ္ျမင္ၾကီးစြာလုပ္တတ္သူ၊ လူအမ်ားနဲ႕လိုက္ေလ်ာညီေထြျဖစ္ေအာင္ေတြးေခၚတတ္သူေတြျဖစ္ပါတယ္။

(၁၂) အနက္ေရာင္

အနက္ေရာင္က မေကာင္းတဲ့စြမ္းအားေတြလႊမ္းမိုးေနတယ္လို႕ ယူဆၾကေပမယ့္ အနက္ေရာင္က ေအးခ်မ္းျခင္းကိုေဆာင္ပါတယ္။ အနက္ေရာင္အဝတ္မ်ားတဲ့သူေတြက ေအးေအးေဆးေဆးေနတတ္သူ၊ လူတစ္ဖက္သားကိုလႊမ္းမိုးနိုင္စြမ္းရွိသူ၊ ဆံုးျဖတ္ခ်က္ျပတ္သားသူေတြျဖစ္ပါတယ္။

written by PP

လူတစ်ယောက်ရဲ့စိတ်နေစိတ်ထားနဲ့ အမူအကျင့်တွေကို သူ့ရဲ့အကြိုက်၊ရွေးချယ်မှုတွေကတဆင့်သိနိုင်ပါတယ်။ အထူးသဖြင့် သူနေ့စဉ်ဝတ်နေကျအဝတ်အစားတွေကိုကြည့်ရုံနဲ့ သူ့ရဲ့ စိတ်နေစိတ်ထားကို ခန့်မှန်းနိုင်ပါတယ်။ သင်ရော အဝတ်အစားဝတ်တဲ့အခါ ဘယ်အရောင်တွေအဝတ်များသလဲဆိုတာ ပြန်စဉ်းစားကြည့်ပြီး သင့်ရဲ့အတွင်းစိတ်မှာ တိမ်မြှုပ်နေတဲ့စိတ်နေစိတ်ထားကို ဖတ်ကြည့်လိုက်ပါဦး။

(၁) အပြာရောင်

အပြာရောင်ကိုအဝတ်များတဲ့သူတွေက စိတ်ငြိမ်းချမ်းတဲ့သူ၊ လွယ်လွယ်နဲ့ဒေါသမထွက်တတ်သူ၊ အေးအေးဆေးဆေးနေရတာကြိုက်တဲ့သူဖြစ်ပါတယ်။

(၂) အဝါရောင်

အဝါရောင်အဝတ်များတဲ့သူက ကိုယ့်ကိုယ်ကိုတန်ဖိုးထားတတ်သူ၊ ဖန်တီးနိုင်စွမ်းရှိသူ၊ စိတ်ခံစားမှုအားကောင်းသူ၊ အကောင်းမြင်စိတ်များသူဖြစ်ပါတယ်။

(၃) ပန်းရောင်

ပန်းရောင်အဝတ်များသူကတော့ စိတ်ရှင်းတဲ့သူ၊ သဘောထားကြီးသူ၊ တစ်ဖက်သားအပေါ် ရိုးသားသူ၊ သိမ်မွေ့နူးညံ့သူဖြစ်ပါတယ်။

(၄) အဖြူရောင်

အဖြူရောင်အဝတ်များသူတွေက လန်းဆန်းတက်ကြွသူ၊ အမြင်ရှင်းတဲ့သူ၊ လျှို့ဝှက်ချက်တွေမထားတတ်သူ၊ ပေါ့ပေါ့ပါးပါးနေတတ်သူတွေဖြစ်ပါတယ်။

(၅) အစိမ်းရောင်

အစိမ်းရောင်အဝတ်များတဲ့သူတွေက တစ်ဖက်သားနဲ့လိုက်လျောညီထွေဖြစ်အောင်နေတတ်သူ၊ သဘောထားပျော့ပြောင်းသူ၊ လူတစ်ဖက်သားကိုအပြစ်မမြင်တတ်သူ၊ သိမ်မွေ့တဲ့နှလုံးသားရှိသူတွေဖြစ်ပါတယ်။

(၆) အနီရောင်

အနီရောင်ကိုအဝတ်များသူတွေကတော့ စိတ်စွမ်းအားကောင်းသူ၊ ရည်မှန်းချက်ကြီးသူ၊ အချစ်ကြီးသလောက်၊ အမုန်းကြီးတတ်တဲ့သူတွေဖြစ်ပါတယ်။

(၇) ခရမ်းရောင်

ခရမ်းရောင်အဝတ်များသူတွေကတော့ အမြင့်ကိုမှန်းတတ်သူ၊ ဘဝကိုပေါ့ပျက်ပျက်မဖြတ်သန်းတတ်သူ၊ ကိုယ်ဖြစ်ချင်တာကို တိတိကျကျသိတဲ့သူတွေဖြစ်ပါတယ်။

(၈) လိမ္မော်ရောင်

လိမ္မော်ရောင်အဝတ်များသူတွေက အမှီအခိုကင်းတဲ့သူ၊ အလုပ်လုပ်ရာမှာစည်းစနစ်ကျသူ၊ လွယ်လွယ်နဲ့စိတ်ဓာတ်မကျတတ်သူတွေ ဖြစ်ပါတယ်။

(၉) အညိုရောင်

အညိုရောင်အဝတ်များသူတွေက တည်ငြိမ်တဲ့စိတ်နေစိတ်ထားရှိသူ၊ ငြင်းခုန်ရန်ဖြစ်တာတွေမလုပ်လိုသူ၊ မျှတတဲ့အမြင်ရှိသူတွေ ဖြစ်ပါတယ်။

(၁၀) မီးခိုးရောင်

မီးခိုးရောင်အဝတ်များသူတွေက အစွန်းမရောက်တတ်သူ၊ ဘာပဲလုပ်လုပ် စဉ်းစားမျှော်မြင်ကြီးစွာလုပ်တတ်သူ၊ လူအများနဲ့လိုက်လျောညီထွေဖြစ်အောင်တွေးခေါ်တတ်သူတွေဖြစ်ပါတယ်။

(၁၂) အနက်ရောင်

အနက်ရောင်က မကောင်းတဲ့စွမ်းအားတွေလွှမ်းမိုးနေတယ်လို့ ယူဆကြပေမယ့် အနက်ရောင်က အေးချမ်းခြင်းကိုဆောင်ပါတယ်။ အနက်ရောင်အဝတ်များတဲ့သူတွေက အေးအေးဆေးဆေးနေတတ်သူ၊ လူတစ်ဖက်သားကိုလွှမ်းမိုးနိုင်စွမ်းရှိသူ၊ ဆုံးဖြတ်ချက်ပြတ်သားသူတွေဖြစ်ပါတယ်။

written by PP