ေယာက်ာ္းတစ္ေယာက္ရဲ႕ကစားတာကိုမခံရဖို႕ မိန္္းကေလးတိုင္းသိထားသင့္တဲ့အခ်က္မ်ား

မိန္းကေလးေတြအေနနဲ႕ ေယာက်ာ္းေလးတစ္ေယာက္က ကိုယ့္ကိုခ်ဉ္းကပ္လာတဲ့အခါ သူဟာ ကိုယ့္ကိုခ်စ္လို႕ခ်ဉ္းကပ္လာတာလား၊ ကိုယ့္ကိုအေပ်ာ္တြဲခ်င္တာလား၊ ဘာရည္ရြယ္ခ်က္နဲ႕ကိုယ့္အနားေရာက္လာလဲဆိုတာကို ရွင္းရွင္းလင္းလင္းသိနားလည္ဖို႕လိုပါတယ္။ ဒါေတြကို ေသခ်ာနားမလည္ဘူးဆိုရင္ေတာ့ ေယာက်ာ္းတစ္ေယာက္ရဲ႕ကစားတာကိုခံရနိုင္ျပီး ကိုယ့္ဘဝမွာကေမာက္ကမေတြ ျဖစ္တတ္ပါတယ္။ ဒီေတာ့ ေယာက်ာ္းတစ္ေယာက္ရဲ႕ ကစားတာမခံရေအာင္ သူကိုယ့္အနားေရာက္လာတာဟာ ဘာရည္ရြယ္ခ်က္နဲ႕ခ်ဉ္းကပ္လာသလဲဆိုတာကို သိေအာင္လုပ္ပါ။

(၁) လက္ရွိအခ်ိန္ကိုပဲအာရံုစိုက္တာလား၊ အနာဂတ္အတြက္အစီအစဉ္ရွိသူလား

freepik

ေယာက်ာ္းတစ္ေယာက္က ကိုယ့္ကိုခ်ဉ္းကပ္လာျပီဆိုရင္ သူဟာ ကိုယ့္အေပၚဘယ္လိုသေဘာထားလဲဆိုတာ ရွင္းရွင္းလင္းလင္းသိနားလည္ဖို႕လိုပါတယ္။ ခ်စ္သူရည္းစားေတြအဆင့္ေရာက္ဖို႕ ၾကိုးစားလာျပီဆိုရင္ေတာ့ သူရဲ႕အျပုအမူတခ်ိဳ႕ကို ေလ့လာဖို႕လိုပါတယ္။ သူဟာ သင္နဲ႕အတူရွိတဲ့အခ်ိန္ေတြမွာေပ်ာ္ရႊင္ေနတယ္၊ သူနဲ႕ေတြ႕တဲ့အခ်ိန္ေတြမွာ သင့္ကိုေပ်ာ္ေအာင္ထားတယ္ ဒါေပမယ့္ အနာဂတ္အတြက္ေတာ့ ဘာမွစဉ္းစားထားျခင္းမရွိဘူး၊ သူ႕ရဲ႕အနာဂတ္အစီအစဉ္ေတြနဲ႕ ပတ္သက္လုိ႕ သင္နဲ႕မေဆြးေနြးဘူးဆိုရင္ေတာ့ သင့္ကိုအေပ်ာ္သေဘာနဲ႕ပတ္သက္တာျဖစ္ဖို႕မ်ားပါတယ္။

(၂) ကိုယ္အဆင္ေျပတဲ့အခ်ိန္မွကိုယ့္အနားရွိတာလား၊ အခ်ိန္တိုင္းကိုယ့္အတြက္ရွိေနတာလား

သူဟာ ဘယ္လိုအခ်ိန္ေတြြမွာသင့္အနားရွိတတ္သလဲဆိုတာၾကည့္ပါ။ သင္အဆင္ေျပေနတဲ့အခ်ိန္၊ ဘာျပႆနာမွမရွိတဲ့အခ်ိန္ေတြမွာ သင့္အနားရွိေနတတ္ျပီး အခက္အခဲေတြျဖစ္ေနတဲ့အခ်ိန္၊ ျပိုလဲေနတဲ့အခ်ိန္မွာ ေပၚမလာဘူးဆိုရင္ေတာ့ အဲ့ဒီလိုလူမ်ိဳးအတြက္ အခ်ိန္ေပးျပီး စဉ္းစားေနစရာမလိုပါဘူး။ သင္ေပ်ာ္ရႊင္တဲ့အခ်ိန္၊ ဝမ္းနည္းတဲ့အခ်ိန္ ၊ အခ်ိန္္ေတြတိုင္းသင့္အနားရွိတဲ့သူမ်ိဳးကိုသာ ေရြးခ်ယ္ဖို႕စဉ္းစားသင့္ပါတယ္။

(၃) ကိုယ့္ကိုေျပာင္းလဲခ်င္သလား၊ ကိုယ့္ရဲ႕အရွိအတိုင္းလက္ခံသလား

freepik

သင့္ရဲ႕နဂိုပံုစံကိုလက္ခံျပီးခ်စ္တဲ့သူက သင့္ကိုတကယ္ခ်စ္တဲ့သူျဖစ္ျပီး သင့္ရဲ႕နဂိုပံုစံကိုေျပာင္းလဲဖို႕ၾကိုးစားတတ္တဲ့သူက သင့္ကိုထိန္းခ်ုပ္ခ်င္သူ၊ သင့္ဘဝကိုၾကိုးကိုင္ခ်င္တဲ့သူျဖစ္ပါတယ္။ သင့္ရဲ႕အမွားကိုေထာက္ျပတာကိုလက္ခံသင့္ေပမယ့္ သင့္ရဲ႕နဂိုပံုစံကိုေျပာင္းလဲဖို႕ ၾကိုးစားလာရင္ေတာ့ လက္မခံသင့္ပါဘူး။

(၄) ကိုယ့္ခႏၶာကိုယ္ကိုခ်စ္တာလား၊ ကိုယ့္ရဲ႕အရာအားလံုးကိုခ်စ္တာလား

ခႏၶာကိုယ္နဲ႕အခ်စ္ကိုသက္ေသျပခိုင္းတဲ့သူဟာ သင့္ကိုခ်စ္တာထက္၊ အေပ်ာ္တြဲတဲ့သူပဲျဖစ္ဖုိ႕မ်ားပါတယ္။ လက္မထပ္ရေသးခင္မွာ နွစ္ဦးသေဘာတူအတူတူေနတာ အျပစ္လို႕မဆိုနိုင္ေပမယ့္ ဒီလိုနည္းနဲ႕သက္ေသျပဖို႕ မျဖစ္မေနတြန္းအားေပးလာျပီဆိုရင္ေတာ့ ဒီလိုလူကိုဆက္ျပီးလက္မခံသင့္ပါဘူး။ ကုိုယ့္ရဲ႕အရာအားလံုးကိုခက္ခံနိုင္တဲ့သူကမွ ကိုယ့္ရဲ႕တစ္ဘဝစာအတြက္သင့္ေတာ္တဲ့သူပါ။

written by PP

မိန်းကလေးတွေအနေနဲ့ ယောကျာ်းလေးတစ်ယောက်က ကိုယ့်ကိုချဉ်းကပ်လာတဲ့အခါ သူဟာ ကိုယ့်ကိုချစ်လို့ချဉ်းကပ်လာတာလား၊ ကိုယ့်ကိုအပျော်တွဲချင်တာလား၊ ဘာရည်ရွယ်ချက်နဲ့ကိုယ့်အနားရောက်လာလဲဆိုတာကို ရှင်းရှင်းလင်းလင်းသိနားလည်ဖို့လိုပါတယ်။ ဒါတွေကို သေချာနားမလည်ဘူးဆိုရင်တော့ ယောကျာ်းတစ်ယောက်ရဲ့ကစားတာကိုခံရနိုင်ပြီး ကိုယ့်ဘဝမှာကမောက်ကမတွေ ဖြစ်တတ်ပါတယ်။ ဒီတော့ ယောကျာ်းတစ်ယောက်ရဲ့ ကစားတာမခံရအောင် သူကိုယ့်အနားရောက်လာတာဟာ ဘာရည်ရွယ်ချက်နဲ့ချဉ်းကပ်လာသလဲဆိုတာကို သိအောင်လုပ်ပါ။

(၁) လက်ရှိအချိန်ကိုပဲအာရုံစိုက်တာလား၊ အနာဂတ်အတွက်အစီအစဉ်ရှိသူလား

ယောကျာ်းတစ်ယောက်က ကိုယ့်ကိုချဉ်းကပ်လာပြီဆိုရင် သူဟာ ကိုယ့်အပေါ်ဘယ်လိုသဘောထားလဲဆိုတာ ရှင်းရှင်းလင်းလင်းသိနားလည်ဖို့လိုပါတယ်။ ချစ်သူရည်းစားတွေအဆင့်ရောက်ဖို့ ကြိုးစားလာပြီဆိုရင်တော့ သူရဲ့အပြုအမူတချို့ကို လေ့လာဖို့လိုပါတယ်။ သူဟာ သင်နဲ့အတူရှိတဲ့အချိန်တွေမှာပျော်ရွှင်နေတယ်၊ သူနဲ့တွေ့တဲ့အချိန်တွေမှာ သင့်ကိုပျော်အောင်ထားတယ် ဒါပေမယ့် အနာဂတ်အတွက်တော့ ဘာမှစဉ်းစားထားခြင်းမရှိဘူး၊ သူ့ရဲ့အနာဂတ်အစီအစဉ်တွေနဲ့ ပတ်သက်လို့ သင်နဲ့မဆွေးနွေးဘူးဆိုရင်တော့ သင့်ကိုအပျော်သဘောနဲ့ပတ်သက်တာဖြစ်ဖို့များပါတယ်။

(၂) ကိုယ်အဆင်ပြေတဲ့အချိန်မှကိုယ့်အနားရှိတာလား၊ အချိန်တိုင်းကိုယ့်အတွက်ရှိနေတာလား

သူဟာ ဘယ်လိုအချိန်တွေမှာသင့်အနားရှိတတ်သလဲဆိုတာကြည့်ပါ။ သင်အဆင်ပြေနေတဲ့အချိန်၊ ဘာပြဿနာမှမရှိတဲ့အချိန်တွေမှာ သင့်အနားရှိနေတတ်ပြီး အခက်အခဲတွေဖြစ်နေတဲ့အချိန်၊ ပြိုလဲနေတဲ့အချိန်မှာ ပေါ်မလာဘူးဆိုရင်တော့ အဲ့ဒီလိုလူမျိုးအတွက် အချိန်ပေးပြီး စဉ်းစားနေစရာမလိုပါဘူး။ သင်ပျော်ရွှင်တဲ့အချိန်၊ ဝမ်းနည်းတဲ့အချိန် ၊ အချိန်တွေတိုင်းသင့်အနားရှိတဲ့သူမျိုးကိုသာ ရွေးချယ်ဖို့စဉ်းစားသင့်ပါတယ်။

(၃) ကိုယ့်ကိုပြောင်းလဲချင်သလား၊ ကိုယ့်ရဲ့အရှိအတိုင်းလက်ခံသလား

သင့်ရဲ့နဂိုပုံစံကိုလက်ခံပြီးချစ်တဲ့သူက သင့်ကိုတကယ်ချစ်တဲ့သူဖြစ်ပြီး သင့်ရဲ့နဂိုပုံစံကိုပြောင်းလဲဖို့ကြိုးစားတတ်တဲ့သူက သင့်ကိုထိန်းချုပ်ချင်သူ၊ သင့်ဘဝကိုကြိုးကိုင်ချင်တဲ့သူဖြစ်ပါတယ်။ သင့်ရဲ့အမှားကိုထောက်ပြတာကိုလက်ခံသင့်ပေမယ့် သင့်ရဲ့နဂိုပုံစံကိုပြောင်းလဲဖို့ ကြိုးစားလာရင်တော့ လက်မခံသင့်ပါဘူး။

(၄) ကိုယ့်ခန္ဓာကိုယ်ကိုချစ်တာလား၊ ကိုယ့်ရဲ့အရာအားလုံးကိုချစ်တာလား

ခန္ဓာကိုယ်နဲ့အချစ်ကိုသက်သေပြခိုင်းတဲ့သူဟာ သင့်ကိုချစ်တာထက်၊ အပျော်တွဲတဲ့သူပဲဖြစ်ဖို့များပါတယ်။ လက်မထပ်ရသေးခင်မှာ နှစ်ဦးသဘောတူအတူတူနေတာ အပြစ်လို့မဆိုနိုင်ပေမယ့် ဒီလိုနည်းနဲ့သက်သေပြဖို့ မဖြစ်မနေတွန်းအားပေးလာပြီဆိုရင်တော့ ဒီလိုလူကိုဆက်ပြီးလက်မခံသင့်ပါဘူး။ ကိုယ့်ရဲ့အရာအားလုံးကိုခက်ခံနိုင်တဲ့သူကမှ ကိုယ့်ရဲ့တစ်ဘဝစာအတွက်သင့်တော်တဲ့သူပါ။

written by PP