တခ်ိဳ႕မိန္းကေလးေတြဟာ ေအးေဆးျပီး ေကာင္းမြန္တဲ့ေယာက်ာ္းေတြထက္ ဆိုးတဲ့ေယာက်ာ္းေလးေတြကို ပိုသေဘာက်တတ္ၾကပါတယ္။ ေအးေဆးတဲ့သူနဲ႕ ဆိုးတဲ့သူယွဉ္လာရင္ ဆိုးတဲ့သူကိုေရြးခ်ယ္တတ္ၾကပါတယ္။ မိုက္မိုက္ကန္းကန္း ဆိုးသြမ္းတဲ့ေကာင္ေလးေတြကို မိန္္းကေလးေတြေရြးခ်ယ္ရတဲ့အေၾကာင္းရင္းေတြကေတာ့ …
(၁) အဲ့လိုေကာင္ေလးေတြက ကိုယ့္ကိုယ္ကိုယံုၾကည္မႈအျပည့္အဝရွိတဲ့ပံုမ်ိဳးေပါက္တယ္
ေအးေအးေဆးေဆးေနတတ္တဲ့ပံုစံ၊ လူေကာင္းပံုစံက အားနည္းတဲ့ပံုစံျဖစ္ေစျပီး မိန္းကေလးေတြက သေဘာမက်တတ္ၾကပါဘူး။ ဆိုးသြမ္းျပီးမိုက္တိမိုက္ကန္းပံုစံမ်ိဳးက ကိုယ့္ကိုယ္ကိုယံုၾကည္မႈရွိတဲ့ပံုစံျဖစ္ေစပါတယ္။ ဒီလိုပံုစံမ်ိဳးကို မိန္းကေလးေတြက သေဘာက်တတ္ၾကပါတယ္။

(၂) ပိုဆြဲေဆာင္မႈရွိတယ္
ကိုယ့္ကိုယ္ကိုယံုၾကည္မႈအျပည့္ရွိတဲ့ပံုစံ၊ ထင္တိုင္းၾကဲတတ္တဲ့ပံုစံက မိန္းကေလးေတြအတြက္ေတာ့ စိတ္လႈပ္ရွားစရာျဖစ္ေစျပီး ပိုဆြဲေဆာင္မႈရွိေစပါတယ္။
(၃) သူတို႕အနားမွာရွိတာက စြန္႕စားရတဲ့ခံစားခ်က္မ်ိဳးျဖစ္ေစတယ္
ဆိုးတဲ့ေကာင္ေလးေတြအနားမွာေနရတာက ဘယ္အခ်ိန္မွာ ၊ ဘာျပႆနာျဖစ္မယ္မသိ၊ ဘယ္လိုအရာမ်ိဳးကို ၾကံုေတြ႕ရမယ္မသိပါဘူး။ ဒါက စြန္႕စားရတဲ့ခံစားခ်က္နဲ႕တူပါတယ္။ မိန္းကေလးေတြက ဒီလိုစိတ္လႈပ္ရွားရတာကို သေဘာက်တတ္ၾကပါတယ္။

(၄) ဒီလိုလူမ်ိဳးေတြအနားမွာရွိတာက လံုျခံုတဲ့ခံစားခ်က္ကိုျဖစ္ေစတယ္
မိုက္တိမိုက္ကန္းပံုစံက အေပၚယံၾကည့္ရင္မနွစ္ျမိဳ႕စရာျဖစ္ေနေပမယ့္ ေအးေအးေဆးေဆးေနတတ္တဲ့သူမ်ိဳးနဲ႕ယွဉ္လာရင္ မိန္းကေလးေတြက ဒီလိုမိုိုက္ကန္းကန္းေကာင္ေလးေတြကိုေရြးခ်ယ္တတ္ပါတယ္။ ဒါကလည္း သူတို႕ေတြဟာ အေရးၾကံုလာရင္ ကိုယ့္ကိုကာကြယ္နုိင္လိမ့္မယ္လို႕ မိန္းကေလးေတြကထင္လို႕ပါ။
(၅) မိန္းကေလးေတြရဲ႕မိခင္စိတ္ေၾကာင့္
မိန္းကေလးေတြမွာ သဘာဝအရ မိခင္စိတ္ရွိေနျပီးသားျဖစ္လို႕ ဆိုးသြမ္းတဲ့ေကာင္ေလးေတြကို သူတို႕ျပုျပင္ခ်င္ၾကတယ္၊ လမ္းမွားမေရာက္ေအာင္ တည့္မတ္ေပးခ်င္ၾကပါတယ္။ ဒီစိတ္ေၾကာင့္ ဆိုးသြမ္းတဲ့ေကာင္ေလးေတြကို ေရြးခ်ယ္မိၾကတာျဖစ္ပါတယ္။
written by PP
တချို့မိန်းကလေးတွေဟာ အေးဆေးပြီး ကောင်းမွန်တဲ့ယောကျာ်းတွေထက် ဆိုးတဲ့ယောကျာ်းလေးတွေကို ပိုသဘောကျတတ်ကြပါတယ်။ အေးဆေးတဲ့သူနဲ့ ဆိုးတဲ့သူယှဉ်လာရင် ဆိုးတဲ့သူကိုရွေးချယ်တတ်ကြပါတယ်။ မိုက်မိုက်ကန်းကန်း ဆိုးသွမ်းတဲ့ကောင်လေးတွေကို မိန်းကလေးတွေရွေးချယ်ရတဲ့အကြောင်းရင်းတွေကတော့ …
(၁) အဲ့လိုကောင်လေးတွေက ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်အဝရှိတဲ့ပုံမျိုးပေါက်တယ်
အေးအေးဆေးဆေးနေတတ်တဲ့ပုံစံ၊ လူကောင်းပုံစံက အားနည်းတဲ့ပုံစံဖြစ်စေပြီး မိန်းကလေးတွေက သဘောမကျတတ်ကြပါဘူး။ ဆိုးသွမ်းပြီးမိုက်တိမိုက်ကန်းပုံစံမျိုးက ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတဲ့ပုံစံဖြစ်စေပါတယ်။ ဒီလိုပုံစံမျိုးကို မိန်းကလေးတွေက သဘောကျတတ်ကြပါတယ်။
(၂) ပိုဆွဲဆောင်မှုရှိတယ်
ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်ရှိတဲ့ပုံစံ၊ ထင်တိုင်းကြဲတတ်တဲ့ပုံစံက မိန်းကလေးတွေအတွက်တော့ စိတ်လှုပ်ရှားစရာဖြစ်စေပြီး ပိုဆွဲဆောင်မှုရှိစေပါတယ်။
(၃) သူတို့အနားမှာရှိတာက စွန့်စားရတဲ့ခံစားချက်မျိုးဖြစ်စေတယ်
ဆိုးတဲ့ကောင်လေးတွေအနားမှာနေရတာက ဘယ်အချိန်မှာ ၊ ဘာပြဿနာဖြစ်မယ်မသိ၊ ဘယ်လိုအရာမျိုးကို ကြုံတွေ့ရမယ်မသိပါဘူး။ ဒါက စွန့်စားရတဲ့ခံစားချက်နဲ့တူပါတယ်။ မိန်းကလေးတွေက ဒီလိုစိတ်လှုပ်ရှားရတာကို သဘောကျတတ်ကြပါတယ်။
(၄) ဒီလိုလူမျိုးတွေအနားမှာရှိတာက လုံခြုံတဲ့ခံစားချက်ကိုဖြစ်စေတယ်
မိုက်တိမိုက်ကန်းပုံစံက အပေါ်ယံကြည့်ရင်မနှစ်မြို့စရာဖြစ်နေပေမယ့် အေးအေးဆေးဆေးနေတတ်တဲ့သူမျိုးနဲ့ယှဉ်လာရင် မိန်းကလေးတွေက ဒီလိုမိုက်ကန်းကန်းကောင်လေးတွေကိုရွေးချယ်တတ်ပါတယ်။ ဒါကလည်း သူတို့တွေဟာ အရေးကြုံလာရင် ကိုယ့်ကိုကာကွယ်နိုင်လိမ့်မယ်လို့ မိန်းကလေးတွေကထင်လို့ပါ။
(၅) မိန်းကလေးတွေရဲ့မိခင်စိတ်ကြောင့်
မိန်းကလေးတွေမှာ သဘာဝအရ မိခင်စိတ်ရှိနေပြီးသားဖြစ်လို့ ဆိုးသွမ်းတဲ့ကောင်လေးတွေကို သူတို့ပြုပြင်ချင်ကြတယ်၊ လမ်းမှားမရောက်အောင် တည့်မတ်ပေးချင်ကြပါတယ်။ ဒီစိတ်ကြောင့် ဆိုးသွမ်းတဲ့ကောင်လေးတွေကို ရွေးချယ်မိကြတာဖြစ်ပါတယ်။
written by PP