ဒီနေ့ဖြစ်ပျက်နေတဲ့ အရာများ . . . ဒီလိုတွေဖြစ်နေတာ စိတ်မကောင်းမိတာတော့အမှန်ပဲ

ဒီနေ့ ရေတံခွန်တောင်ဘက် စာအုပ်သွားပို့တော့ မြင်တွေ့ရတာလေးပြောပြချင်တယ် . . . ဟိုတလောက Facebook ပေါ်မှာ ရေတံခွန်တောင်နားက လယ်တောထဲမှာ တဲလေးတွေနဲ့ ကြက်ကြော်ဆိုင်လေး တစ်ယောက်က စဖွင့်တယ် . . .

ရှုခင်းလေးကလည်းစိမ်းဆိုပြီး ဓာတ်ပုံရိုက်လို့ အရမ်းလှတော့ လူတွေသွားကြရင်း နာမည်ကြီးသွားတယ် . . . ဒီနေ့ အဲ့ဘက်လည်းရောက်ရော မျက်လုံးပြူးသွားတယ် . . . အဲ့လို တဲလေးတွေနဲ့ ကြက်ကြော်ဆိုင် ဆိုင်ပေါင်း ၂၀ လောက်ဖြစ်သွားတယ် . . တစ်လမ်းတည်းမှာပဲနော် . . . တစ်ချို့ဆို ဘေးချင်းကပ်လျက် . . .

အဲ့ဒါလေးမြင်တော့ ငယ်ငယ်က ဖတ်ခဲ့ဖူးတဲ့ပုံပြင်လေး သွားသတိရတယ် . . . သမီးလေးတို့ကို ပြန်လည်မျှဝေပေးမယ်နော် . . . ဂျူးလူမျိုးနှင့်မြန်မာလူမျိုး စီးပွားရှာပုံတဲ့ . . . တစ်ခါတုန်းက ဂျူးလူမျိုးတစ်ယောက် မြို့တစ်မြို့ကိုရောက်လာတယ် . . . ဒီမြို့မှာ ဆီဆိုင်လေးဖွင့်ရင်ကောင်းမှာပဲဆိုပြီး ဆီဆိုင်ဖွင့်တယ် . . . သူ့တစ်ဆိုင်တည်းရှိတော့ အောင်မြင်သွားတယ် . . . မကြာခင် အဲ့မြို့ကို နောက်ထပ်ဂျူးလူမျိုးတစ်ယောက် ထပ်ရောက်လာတယ် . . . သူက ဒီမြို့က ဆီဆိုင်အလုပ်အရမ်းဖြစ်တာပဲ . . . ဒီဆီဆိုင်နားမှာ ငါ စားသောက်ဆိုင်လေးဖွင့်ရင်အဆင်ပြေမှာပဲဆိုပြီး စားသောက်ဆိုင်ဖွင့်လိုက်တယ် . . . သူလည်းအောင်မြင်သွားတယ် . . . တတိယ ဂျူးလူမျိုးတစ်ယောက် အဲ့မြို့ကိုရောက်လာပြန်တယ် . . . ဒီမြို့မှာ ဆီဆိုင်ရော စားသောက်ဆိုင်ရော အောင်မြင်နေတာတွေ့တော့ . . . ဒီမြို့ကိုလာလည်တဲ့ ခရီးသွားတွေအတွက် တည်းခိုစရာ ဟိုတယ်လေးဖွင့်ရင်အဆင်ပြေမှာဆိုပြီး ဟော်တယ်ဖွင့်တယ်. . . သူလည်းအောင်မြင်သွားတယ် . . . နောက်ထပ် ဂျူးလူမျိုးတစ်ယောက် ဒီမြို့ကို ထပ်ရောက်လာတယ် . . . ဒီမြို့မှာ ဆီဆိုင် စားသောက်ဆို ဟိုတယ်တွေ အလုပ်ဖြစ်နေတာမြင်တော့ ခရီးသွားတွေအတွက် လိုအပ်မယ်ထင်တဲ့ စတိုးဆိုင်လေးဖွင့်လိုက်တယ် . . . သူလည်း အောင်မြင်သွားတယ် . . . ဒီလိုနဲ့ ဆိုင်တွေအစုံအလင်လည်းရှိလာတော့ မြို့ကလည်း အရင်ကထက်စည်ကားသွားသလို သူတို့တွေလည်း အရမ်းကို အောင်မြင်သွားကြတယ် . . . .

အဲ့လိုပဲ . . . မြို့လေးတစ်မြို့ကို မြန်မာလူမျိုးတစ်ယောက် စရောက်လာတယ် . . . ဆီဆိုင်လေးဖွင့်ရင် အဆင်ပြေမှာပဲဆိုပြီး ဆီဆိုင်စဖွင့်တယ် . . .အောင်မြင်သွားတယ် . . .နောက်ထပ်မြန်မာလူမျိုးတစ်ယောက် အဲ့မြို့ကိုရောက်လာတယ် . . ဒီမြို့မှာ ဆီဆိုင်လုပ်ငန်းက အရမ်းအဆင်ပြေတာပဲဆိုပြီး သူလည်း ဆီဆိုင်လိုက်ဖွင့်တယ် . . . .နောက်ထပ်တစ်ယောက် ထပ်ရောက်လာတယ် . . . သူ့ရှေ့က ဆီဆိုင် ၂ ဆိုင်က အောင်မြင်နေတော့ သူလည်း ဆီဆိုင်လိုက်ဖွင့်တယ် . . . ဒီလိုနဲ့ နောက်ထပ်မြန်မာလူမျိုးတစ်ယောက်ထပ်ရောက်လာတယ် . . . ဒီမြို့မှာ ဆီဆိုင်တွေ အဆင်ပြေတာပဲ . . .သူလည်းဆီဆိုင်လိုက်ဖွင့်တယ် . . ဒီလိုနဲ့ ဆီဆိုင်က ၄ ဆိုင်ဖြစ်သွားပြီး တစ်ဆိုင်နဲ့တစ်ဆိုင် အပြိုင်အဆိုင်တွေဖြစ် . . . ဈေးတွေလျှော့ရောင်း . . . ပရိုမိုးရှင်းတွေလုပ်ရင်း နောက်ဆုံးတော့ ဆိုင်တွေ အရင်းပြုတ်သွားတယ် . . . .

ကျွန်တော်တို့ဆီမှာလည်း အဲ့လိုပဲ . . . တစ်ယောက်ယောက်က တစ်ခုခုစလိုက်လို့အောင်မြင်ရင် ကိုယ့်လမ်းကြောင်းဟုတ်ဟုတ်မဟုတ်ဟုတ် လိုက်လုပ် . . . လိုက်ပြိုင်ရင်း နောက်ဆုံးတော့ ဈေးကွက်ကြီးပါ ပျက်ပျက်သွားခဲ့ရတာ . .

ဆက်ရေးပါဦးမည်. . . .

နေလင်း(သမီးလေး)

ဒီနေ႔ ေရတံခြန္ေတာင္ဘက္ စာအုပ္သြားပို႔ေတာ့ ျမင္ေတြ႔ရတာေလးေျပာျပခ်င္တယ္ . . . ဟိုတေလာက Facebook ေပၚမွာ ေရတံခြန္ေတာင္နားက လယ္ေတာထဲမွာ တဲေလးေတြနဲ့ ၾကက္ေၾကာ္ဆိုင္ေလး တစ္ေယာက္က စဖြင့္တယ္ . . . ရွဳခင္းေလးကလည္းစိမ္းဆိုျပီး ဓာတ္ပံုရိုက္လို႔ အရမ္းလွေတာ့ လူေတြသြားၾကရင္း နာမည္ၾကီးသြားတယ္ . . .  ဒီေန႔ အဲ့ဘက္လည္းေရာက္ေရာ မ်က္လံုးျပဴးသြားတယ္ . . . အဲ့လို တဲေလးေတြနဲ႔ ၾကက္ေၾကာ္ဆိုင္ ဆိုင္ေပါင္း ၂၀ ေလာက္ျဖစ္သြားတယ္ . . တစ္လမ္းတည္းမွာပဲေနာ္ . . . တစ္ခ်ိဳ႕ဆို ေဘးခ်င္းကပ္လ်က္ . . .

အဲ့ဒါေလးျမင္ေတာ့ ငယ္ငယ္က ဖတ္ခဲ့ဖူးတဲ့ပံုျပင္ေလး သြားသတိရတယ္ . . . သမီးေလးတို႔ကို ျပန္လည္မွ်ေ၀ေပးမယ္ေနာ္ . . . ဂ်ဴးလူမ်ိဳးႏွင့္ျမန္မာလူမ်ိဳး စီးပြားရွာပံုတဲ့ . . . တစ္ခါတုန္းက ဂ်ဴးလူမ်ိဳးတစ္ေယာက္ ျမိဳ႕တစ္ျမိဳ႕ကိုေရာက္လာတယ္ . .  . ဒီျမိဳ႕မွာ ဆီဆိုင္ေလးဖြင့္ရင္ေကာင္းမွာပဲဆိုျပီး ဆီဆိုင္ဖြင့္တယ္ . . . သူ႔တစ္ဆိုင္တည္းရွိေတာ့ ေအာင္ျမင္သြားတယ္ . . . မၾကာခင္ အဲ့ျမိဳ႕ကို ေနာက္ထပ္ဂ်ဴးလူမ်ိဳးတစ္ေယာက္ ထပ္ေရာက္လာတယ္ . . . သူက ဒီျမိဳ႕က ဆီဆိုင္အလုပ္အရမ္းျဖစ္တာပဲ . . . ဒီဆီဆိုင္နားမွာ ငါ စားေသာက္ဆိုင္ေလးဖြင့္ရင္အဆင္ေျပမွာပဲဆိုျပီး စားေသာက္ဆိုင္ဖြင့္လိုက္တယ္ . . . သူလည္းေအာင္ျမင္သြားတယ္ . . . တတိယ ဂ်ဴးလူမ်ိဳးတစ္ေယာက္ အဲ့ျမိဳ႕ကိုေရာက္လာျပန္တယ္ . . . ဒီျမိဳ႕မွာ ဆီဆိုင္ေရာ စားေသာက္ဆိုင္ေရာ ေအာင္ျမင္ေနတာေတြ႔ေတာ့ . . . ဒီျမိဳ႕ကိုလာလည္တဲ့ ခရီးသြားေတြအတြက္ တည္းခိုစရာ ဟိုတယ္ေလးဖြင့္ရင္အဆင္ေျပမွာဆိုျပီး ေဟာ္တယ္ဖြင့္တယ္. . . သူလည္းေအာင္ျမင္သြားတယ္ . . . ေနာက္ထပ္ ဂ်ဴးလူမ်ိဳးတစ္ေယာက္ ဒီျမိဳ႕ကို ထပ္ေရာက္လာတယ္ . . . ဒီျမိဳ႕မွာ ဆီဆိုင္ စားေသာက္ဆို ဟိုတယ္ေတြ အလုပ္ျဖစ္ေနတာျမင္ေတာ့ ခရီးသြားေတြအတြက္ လိုအပ္မယ္ထင္တဲ့ စတိုးဆိုင္ေလးဖြင့္လိုက္တယ္ . . . သူလည္း ေအာင္ျမင္သြားတယ္ . . . ဒီလိုနဲ့ ဆိုင္ေတြအစံုအလင္လည္းရွိလာေတာ့ ျမိဳ႕ကလည္း အရင္ကထက္စည္ကားသြားသလို သူတို႔ေတြလည္း အရမ္းကို ေအာင္ျမင္သြားၾကတယ္ . . . .

အဲ့လိုပဲ . . . ျမိဳ႕ေလးတစ္ျမိဳ႕ကို ျမန္မာလူမ်ိဳးတစ္ေယာက္ စေရာက္လာတယ္ . . . ဆီဆိုင္ေလးဖြင့္ရင္ အဆင္ေျပမွာပဲဆိုျပီး ဆီဆိုင္စဖြင့္တယ္ . . .ေအာင္ျမင္သြားတယ္ . . .ေနာက္ထပ္ျမန္မာလူမ်ိဳးတစ္ေယာက္ အဲ့ျမိဳ႕ကိုေရာက္လာတယ္ . .  ဒီျမိဳ႕မွာ ဆီဆိုင္လုပ္ငန္းက အရမ္းအဆင္ေျပတာပဲဆိုျပီး သူလည္း ဆီဆိုင္လိုက္ဖြင့္တယ္ . . . .ေနာက္ထပ္တစ္ေယာက္ ထပ္ေရာက္လာတယ္ . . . သူ႕ေရွ႕က ဆီဆိုင္ ၂ ဆိုင္က ေအာင္ျမင္ေနေတာ့ သူလည္း ဆီဆိုင္လိုက္ဖြင့္တယ္ . . . ဒီလိုနဲ့ ေနာက္ထပ္ျမန္မာလူမ်ိဳးတစ္ေယာက္ထပ္ေရာက္လာတယ္ . . . ဒီျမိဳ႕မွာ ဆီဆိုင္ေတြ အဆင္ေျပတာပဲ . . .သူလည္းဆီဆိုင္လိုက္ဖြင့္တယ္ . . ဒီလိုနဲ့ ဆီဆိုင္က ၄ ဆိုင္ျဖစ္သြားျပီး တစ္ဆိုင္နဲ့တစ္ဆိုင္ အျပိဳင္အဆိုင္ေတြျဖစ္ . . . ေစ်းေတြေလွ်ာ့ေရာင္း . . . ပရိုမိုးရွင္းေတြလုပ္ရင္း ေနာက္ဆံုးေတာ့ ဆိုင္ေတြ အရင္းျပဳတ္သြားတယ္ . . . .

ကၽြန္ေတာ္တို႔ဆီမွာလည္း အဲ့လိုပဲ . . . တစ္ေယာက္ေယာက္က တစ္ခုခုစလိုက္လို႔ေအာင္ျမင္ရင္ ကိုယ့္လမ္းေၾကာင္းဟုတ္ဟုတ္မဟုတ္ဟုတ္ လိုက္လုပ္ . . . လိုက္ျပိဳင္ရင္း ေနာက္ဆံုးေတာ့ ေစ်းကြက္ၾကီးပါ ပ်က္ပ်က္သြားခဲ့ရတာ . . .

ဆက္ေရးပါဦးမည္. . .  .

ေနလင္း(သမီးေလး)