အိမ်တွင်းစိုက်အပင်လေးတွေကို ဆန်းဆန်းပြားပြားစိုက်ပျိုးနိုင်မယ့် နည်းလေးများ

အခုနောက်ပိုင်းမှာ အိမ်ထဲမှာစိုက်တဲ့အပင်ငယ်လေးတွေစိုက်ကြတာကို လူတွေပိုစိတ်ဝင်စားလာကြတာကိုတွေ့ရပါတယ်။ အပင်သေးသေးလေးတွေက အိမ်ထဲမှာနေရာလည်းမယူဘဲ ကိုယ့်အိမ်၊ကိုယ့်အခန်းလေးကို ပိုလှအောင်၊ နေချင်စဖွယ်ဖြစ်အောင် ကူညီပေးတဲ့အပြင် စိတ်ကိုလည်း လန်းဆန်းစေပါတယ်။ ဒါကြောင့် ကိုယ့်အခန်းထဲမှာ အပင်ငယ်လေးတွေစိုက်ချင်သူတွေအတွက် အပင်စိုက်ဖို့ စိတ်ကူးဆန်းဆန်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ငါးကန်အဟောင်း ဒါမှမဟုတ် ဖန်ခွက်အဟောင်းတွေထဲမှာ မြေကြီးအနည်းငယ်ထည့်ပြီး ဒီလိုအပင်လေးတွေထည့်စိုက်ပါ။

pinterest

(၂) ဓာတ်ပုံဘောင်အဟောင်း ၊ မှန်ဘောင်အဟောင်းတွေထဲမှာ မြေကြီးထည့်၊ သန်ဇကာလေးအပေါ်ကအုပ်ပြီး အပင်လေးတွေ ထည့်စိုက်ပြီး အလှဆင်ပါ။

pinterest

(၃) အလယ်မှာ အပေါက်ပါတဲ့အိုးလေးတွေမှာ အဝတ်စတွေကို လျှာလိုချပြီး ပုံမှာပြထားတဲ့အတိုင်း ရေခွက်လေးထဲစိမ်ထားလိုက်ရင် အပင်ရေလောင်းဖို့မလိုတော့ပါဘူး။

amazon.com

(၄) သစ်ခွအိုးလေးတွေကိုလည်း အဝဘက်မှာ သန်ဇကာလေးတပ်ပါ။ ပြီးရင် ဇောက်ထိုးချိတ်ထားပြီး ပုံမှာပြထားသလိုရေလောင်းပေးလိုက်ရင် အပွင့်တွေမြန်မြန်ပွင့်လွယ်ပါတယ်။

amazon.com

(၅) ချည်တစ်ချောင်းထိုးထိုးတတ်တဲ့သူတွေက ပုံမှာပြထားသလို အရုပ်လေးတွေထိုးပြီး ပန်းအိုးအဖြစ်အလှဆင်နိုင်ပါတယ်။

esty.com

(၆) ခုရုခွံလေးတွေထဲမှာလည်း ဒီလိုလေးစိုက်လို့ရတယ်နော်

pinterest

written by PP