ေပါင္းသင္းဆက္ဆံေရးမွာ သင့္ကိုလူမုန္းမ်ားေစနိုင္တဲ့အခ်က္(၅)ခ်က္

လူအမ်ားနဲ႕ေပါင္းသင္းဆက္ဆံတဲ့အခါ ကိုယ့္အတြက္စိတ္အေနွာက္အယွက္ျဖစ္ေပမယ့္ သည္းခံရတာေတြရွိပါတယ္။ စိတ္ပညာရွင္ေတြရဲ႕ ေလ့လာမႈေတြအရ လူအမ်ားနဲ႕ဆက္ဆံရာမွာ သည္းညည္းခံဖုိ႕အရမ္းခက္တဲ့အေျခအေနေတြနဲ႕ ၾကံဳရတတ္တယ္လို႕ သိခဲ့ၾကပါတယ္။ လူအမ်ားစုကို စိတ္အေနွာက္အယွက္ျဖစ္ေစတဲ့အေျခအေနကေတာ့ ဒါေတြပဲျဖစ္ပါတယ္။

(၁) ငါဒီလိုျဖစ္ဖုိ႕မရည္ရြယ္ပါဘူး

freepik

ကိုယ့္ကိုထိခိုက္ေအာင္လုပ္ျပီးမွ ဒီလိုျဖစ္ဖို႕မရည္ရြယ္ဘူး ဆိုတဲ့စကားကိုေျပာရင္ ေတာ္ေတာ္ေလးစိတ္အေနွာက္အယွက္ျဖစ္ရပါတယ္။ အရြယ္ေရာက္ျပီးသားလူတစ္ေယာက္က ဘယ္လိုလုပ္ရပ္ကိုလုပ္ရင္ ဘယ္လိုအက်ိဳးဆက္ျဖစ္လာမလဲဆိုတာ ေကာင္းေကာင္းသိၾက၊နားလည္ၾကပါတယ္။ ဒီေတာ့ အမွားတစ္ခုခု၊ အျပစ္တစ္ခုခုက်ူးလြန္ျပီး ဆိုးဆိုးရြားရြားေတြျဖစ္လာမွ ဒီလိုျဖစ္ဖို႕ မရည္ရြယ္ပါဘူး ဆိုတဲ့စကားကိုေျပာတာက တာဝန္မဲ့လြန္း၊ စိတ္ပ်က္ဖို႕ေကာင္းလြန္းပါတယ္။

(၂) ငါဘယ္လိုခံစားရလဲမင္းမသိပါဘူး

တစ္ေယာက္ေယာက္က ဝမ္းနည္းေနတဲ့အခါ ကိုယ္က သူစိတ္သက္သာရာရေအာင္လို႕ အားေပးလိုက္တဲ့အခ်ိန္မွာ ငါဘယ္လိုခံစားရလဲမင္းမသိပါဘူး ဆိုတဲ့တံု႕ျပန္မႈမ်ိဳးကို ရတတ္ၾကပါတယ္။ တကယ္ေတာ့ ကိုယ္ဝမ္းနည္းအားငယ္ေနခ်ိန္္ ကိုယ့္အနားမွာ ရွိေပးတဲ့ဘယ္သူ႕ကိုမဆို ေက်းဇူးတင္ရမွာပါ။ ကိုယ့္ကိုအားေပးဖို႕ၾကိုးစားေနတဲ့သူကို ဒီလိုတံု႕ျပန္လိုက္တာဟာ မဆိုင္တဲ့လူကိုမဲလိုက္တာပါပဲ။

(၃) ငါသာဆိုဒီလိုလုပ္မွာမဟုတ္ဘူး

freepik

ကိုယ့္မိသားစုဝင္ ဒါမွမဟုတ္ ကိုယ့္သူငယ္ခ်င္းတစ္ေယာက္ေယာက္က အလုပ္နဲ႕ပတ္သက္လို႕ဆံုးျဖတ္ခ်က္ခ်တာပဲျဖစ္ျဖစ္၊ အခ်စ္ေရးနဲ႕ပတ္သက္လို႕ ဆံုးျဖတ္ရာမွာပဲျဖစ္ျဖစ္ သူတို႕ကိုအေကာင္းဆံုးအၾကံေပးသင့္ပါတယ္။ ဒါေပမယ့္ သူတို႕ရဲ႕ဆံုးျဖတ္ခ်က္နဲ႕ပတ္သက္လို႕ ငါသာဆိုရင္ဒီလိုလုပ္မွာမဟုတ္ဘူး ဆိုျပီး ကိုယ္နဲ႕နိႈင္းယွဉ္တဲ့စကားမ်ိဳးမေျပာသင့္ပါဘူး။ ဘာလို႕လဲဆိုေတာ့ သူတို႕ကသင္မွမဟုတ္ဘဲ။ ဒီလိုစကားကိုသြားေျပာလိုက္တာက သူတို႕အတြက္ အကူအညီမျဖစ္တဲ့အျပင္ စိတ္အေနွာက္အယွက္ျဖစ္ေစပါတယ္။

(၄) မင္းကိုေကာင္းေစခ်င္လို႕ဒီလိုေျပာတာ

လူတိုင္းကေတာ့ ကိုယ္ခ်စ္ရ၊ခင္ရတဲ့သူေတြကို ေကာင္းေစခ်င္ၾကတာပါပဲ။ ဒါေပမယ့္ ေကာင္းေစခ်င္တဲ့စိတ္နဲ႕ဆိုျပီး သူတို႕အေပၚ လႊမ္းမိုးဖို႕မၾကိုးစားသင့္ပါဘူး။ ကိုယ့္ရဲ႕အၾကံဉာဏ္ကိုဖြင့္ေျပာျပျပီး ကိုယ္ေျပာတဲ့အတိုင္းလိုက္လုပ္ဖို႕အတင္းတြန္းအားေပးတာက သူတို႕ကို လႊမ္းမိုးဖို႕ၾကိုးစားေနတာပါ။ ဒီစကားမ်ိဳးမေျပာခင္ သင္ကိုယ္တိုင္ေရာ ေကာင္းေစခ်င္လို႕ဆိုတဲ့အေၾကာင္းျပခ်က္နဲ႕ ကိုယ္မလုပ္ခ်င္တာကိုလုပ္ဖို႕ အတင္းတိုက္တြန္းခံရရင္ ဘယ္လိုေနမလဲ အရင္စဉ္းစားၾကည့္ပါ။

(၅) ဒီလိုျဖစ္မယ္ဆိုတာငါသိသားပဲ၊ ငါေျပာသားပဲ

freepik

လူတိုင္းကအျပစ္လုပ္တတ္၊ မွားတတ္ၾကပါတယ္။ တစ္ေယာက္ေယာက္အမွားလုပ္မိတဲ့အခါ ဒါကိုျပင္ဆင္ဖိုု႕ ေဖးမရမွာ၊ အေျဖကူရွာေပးရမွာပါ။ ဒီလိုျဖစ္မယ္ဆိုတာငါသိသားပဲ၊ ဒီလိုျဖစ္လိမ့္မယ္လို႕ ငါမေျပာခဲ့ဘူးလားဆိုတဲ့စကားမ်ိဳး လံုးဝမေျပာသင့္ပါဘူး။

ေပါင္းသင္းဆက္ဆံေရးမွာ လူအမ်ားစုကိုစိတ္အေနွာက္အယွက္အမ်ားဆံုးျဖစ္ေစတာကေတာ့ အခုေျပာခဲ့တဲ့အေျခအေန(၅)မ်ိဳးပဲျဖစ္ပါတယ္။ စာဖတ္သူေတြေရာ ဒီထဲက ဘယ္အေျခအေနကို အမုန္းဆံုးလဲဆိုတာ ေျပာသြားပါဦး။

written by PP

လူအများနဲ့ပေါင်းသင်းဆက်ဆံတဲ့အခါ ကိုယ့်အတွက်စိတ်အနှောက်အယှက်ဖြစ်ပေမယ့် သည်းခံရတာတွေရှိပါတယ်။ စိတ်ပညာရှင်တွေရဲ့ လေ့လာမှုတွေအရ လူအများနဲ့ဆက်ဆံရာမှာ သည်းညည်းခံဖို့အရမ်းခက်တဲ့အခြေအနေတွေနဲ့ ကြုံရတတ်တယ်လို့ သိခဲ့ကြပါတယ်။ လူအများစုကို စိတ်အနှောက်အယှက်ဖြစ်စေတဲ့အခြေအနေကတော့ ဒါတွေပဲဖြစ်ပါတယ်။

(၁) ငါဒီလိုဖြစ်ဖို့မရည်ရွယ်ပါဘူး

ကိုယ့်ကိုထိခိုက်အောင်လုပ်ပြီးမှ ဒီလိုဖြစ်ဖို့မရည်ရွယ်ဘူး ဆိုတဲ့စကားကိုပြောရင် တော်တော်လေးစိတ်အနှောက်အယှက်ဖြစ်ရပါတယ်။ အရွယ်ရောက်ပြီးသားလူတစ်ယောက်က ဘယ်လိုလုပ်ရပ်ကိုလုပ်ရင် ဘယ်လိုအကျိုးဆက်ဖြစ်လာမလဲဆိုတာ ကောင်းကောင်းသိကြ၊နားလည်ကြပါတယ်။ ဒီတော့ အမှားတစ်ခုခု၊ အပြစ်တစ်ခုခုကျူးလွန်ပြီး ဆိုးဆိုးရွားရွားတွေဖြစ်လာမှ ဒီလိုဖြစ်ဖို့ မရည်ရွယ်ပါဘူး ဆိုတဲ့စကားကိုပြောတာက တာဝန်မဲ့လွန်း၊ စိတ်ပျက်ဖို့ကောင်းလွန်းပါတယ်။

(၂) ငါဘယ်လိုခံစားရလဲမင်းမသိပါဘူး

တစ်ယောက်ယောက်က ဝမ်းနည်းနေတဲ့အခါ ကိုယ်က သူစိတ်သက်သာရာရအောင်လို့ အားပေးလိုက်တဲ့အချိန်မှာ ငါဘယ်လိုခံစားရလဲမင်းမသိပါဘူး ဆိုတဲ့တုံ့ပြန်မှုမျိုးကို ရတတ်ကြပါတယ်။ တကယ်တော့ ကိုယ်ဝမ်းနည်းအားငယ်နေချိန် ကိုယ့်အနားမှာ ရှိပေးတဲ့ဘယ်သူ့ကိုမဆို ကျေးဇူးတင်ရမှာပါ။ ကိုယ့်ကိုအားပေးဖို့ကြိုးစားနေတဲ့သူကို ဒီလိုတုံ့ပြန်လိုက်တာဟာ မဆိုင်တဲ့လူကိုမဲလိုက်တာပါပဲ။

(၃) ငါသာဆိုဒီလိုလုပ်မှာမဟုတ်ဘူး

ကိုယ့်မိသားစုဝင် ဒါမှမဟုတ် ကိုယ့်သူငယ်ချင်းတစ်ယောက်ယောက်က အလုပ်နဲ့ပတ်သက်လို့ဆုံးဖြတ်ချက်ချတာပဲဖြစ်ဖြစ်၊ အချစ်ရေးနဲ့ပတ်သက်လို့ ဆုံးဖြတ်ရာမှာပဲဖြစ်ဖြစ် သူတို့ကိုအကောင်းဆုံးအကြံပေးသင့်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ငါသာဆိုရင်ဒီလိုလုပ်မှာမဟုတ်ဘူး ဆိုပြီး ကိုယ်နဲ့နှိုင်းယှဉ်တဲ့စကားမျိုးမပြောသင့်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ကသင်မှမဟုတ်ဘဲ။ ဒီလိုစကားကိုသွားပြောလိုက်တာက သူတို့အတွက် အကူအညီမဖြစ်တဲ့အပြင် စိတ်အနှောက်အယှက်ဖြစ်စေပါတယ်။

(၄) မင်းကိုကောင်းစေချင်လို့ဒီလိုပြောတာ

လူတိုင်းကတော့ ကိုယ်ချစ်ရ၊ခင်ရတဲ့သူတွေကို ကောင်းစေချင်ကြတာပါပဲ။ ဒါပေမယ့် ကောင်းစေချင်တဲ့စိတ်နဲ့ဆိုပြီး သူတို့အပေါ် လွှမ်းမိုးဖို့မကြိုးစားသင့်ပါဘူး။ ကိုယ့်ရဲ့အကြံဉာဏ်ကိုဖွင့်ပြောပြပြီး ကိုယ်ပြောတဲ့အတိုင်းလိုက်လုပ်ဖို့အတင်းတွန်းအားပေးတာက သူတို့ကို လွှမ်းမိုးဖို့ကြိုးစားနေတာပါ။ ဒီစကားမျိုးမပြောခင် သင်ကိုယ်တိုင်ရော ကောင်းစေချင်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ ကိုယ်မလုပ်ချင်တာကိုလုပ်ဖို့ အတင်းတိုက်တွန်းခံရရင် ဘယ်လိုနေမလဲ အရင်စဉ်းစားကြည့်ပါ။

(၅) ဒီလိုဖြစ်မယ်ဆိုတာငါသိသားပဲ၊ ငါပြောသားပဲ

လူတိုင်းကအပြစ်လုပ်တတ်၊ မှားတတ်ကြပါတယ်။ တစ်ယောက်ယောက်အမှားလုပ်မိတဲ့အခါ ဒါကိုပြင်ဆင်ဖို့ ဖေးမရမှာ၊ အဖြေကူရှာပေးရမှာပါ။ ဒီလိုဖြစ်မယ်ဆိုတာငါသိသားပဲ၊ ဒီလိုဖြစ်လိမ့်မယ်လို့ ငါမပြောခဲ့ဘူးလားဆိုတဲ့စကားမျိုး လုံးဝမပြောသင့်ပါဘူး။

ပေါင်းသင်းဆက်ဆံရေးမှာ လူအများစုကိုစိတ်အနှောက်အယှက်အများဆုံးဖြစ်စေတာကတော့ အခုပြောခဲ့တဲ့အခြေအနေ(၅)မျိုးပဲဖြစ်ပါတယ်။ စာဖတ်သူတွေရော ဒီထဲက ဘယ်အခြေအနေကို အမုန်းဆုံးလဲဆိုတာ ပြောသွားပါဦး။

written by PP