မိန္းကေလးတိုင္းသတိျပုသင့္တဲ့ အမ်ိဳးသမီးေရာဂါမ်ားရဲ႕အစပ်ိုးလကၡဏာမ်ား

အမ်ိဳးသမီးေတြရဲ႕ ခႏၶာကိုယ္ဖြဲ႕စည္းပံုက အမ်ိဳးသားေတြနဲ႕ လံုးဝကိုျခားနားေနျပီး အမ်ိဳးသမီးေတြမွာသာျဖစ္တတ္တဲ့ေရာဂါတခ်ိဳ႕ေၾကာင့္ ကိုယ့္ကိုယ္ကိုပိုဂရုစိုက္ဖို႕လိုပါတယ္။ အသက္အႏၱရာယ္ကိုျခိမ္းေျခာက္နိုင္တဲ့ ေရာဂါေတြဟာ တစ္ရက္ႏွစ္ရက္အတြင္းျဖစ္လာတာမဟုတ္ဘဲ ရက္ရွည္လမ်ားအစပ်ိဳးျပီး ျဖစ္လာတာပါ။ ေရာဂါအစျပုေနခ်ိန္မွာ သတိထားမိခဲ့ရင္အသက္အႏၱရာယ္မျဖစ္ေအာင္ အခ်ိန္မီတားဆီးနိုင္မွာပါ။ ဒါေၾကာင့္ အမ်ိဳးသမီးတိုင္းသတိျပုသင့္တဲ့ ေရာဂါအစပ်ိဳးလကၡဏာေတြကို ေျပာျပေပးလိုက္ပါတယ္။

(၁) ဗိုက္ပူေနျခင္း

instagram

မိန္းကေလးေတြဟာ အသက္ရလာတာနဲ႕အမွ် ေလ့က်င့္ခန္းေတြေသခ်ာမလုပ္ဘူးဆိုရင္ ဗိုက္ပူလာတတ္ပါတယ္။ ဗိုက္မွာအဆီစုျပီး ဗိုက္ပူတာက ပံုမွန္ပဲျဖစ္ေပမယ့္ အစားအမ်ားၾကီးစားထားသလိုမ်ိဳး ဗိုက္ေဖာင္းျပီးပူေနတယ္ဆိုရင္ေတာ့ စိုးရိမ္ရပါတယ္။ ဝမ္းဗိုက္က အျမဲလိုလိုတင္းျပီး ပူေနတယ္ဆိုရင္ ဒါဟာ ရင္သားကင္ဆာ ဒါမွမဟုတ္ သားအိမ္ကင္ဆာအစပ်ိဳးေနတာျဖစ္နိုင္ပါတယ္။

(၂) ေမးေစ့နားတဝိုက္ဝက္ျခံေတြထြက္ျခင္း

ဝက္ျခံထြက္တာကလည္း ေဟာ္မုန္းအေျပာင္းအလဲေတြျဖစ္တတ္တဲ့အရာမို႕ သိပ္ေတာ့မထူးဆန္္းပါဘူး။ ဒါေပမယ့္ ေမးေစ့နားတဝိုက္မွာ ဝက္ျခံေတြအျမဲလိုိိုလိုထြက္ေနတယ္ဆိုရင္ေတာ့ သင့္ခႏၶာကိုယ္ထဲက ေဟာ္မုန္းေတြ အလြန္အမင္းကေမာက္ကမျဖစ္ေနပါျပီ။ သင့္ေမးေစ့နားတဝိုက္မွာ ဝက္ျခံေတြအျမဲထြက္ေနတယ္ဆိုရင္ ဆရာဝန္နဲ႕ေသခ်ာျပသစစ္ေဆးဖို႕လိုေနပါျပီ။

(၃) ေလ့က်င့္ခန္းလုပ္တဲ့အခါ ကိုယ္လက္ေတြအလြန္အမင္းနာက်င္ျခင္း

ေလ့က်င့္ခန္းလုပ္တဲ့အခါ ကိုယ္ေတြလက္ေတြနာတာက ပံုမွန္ျဖစ္ေနက်ပါပဲ။ ဒါေပမယ့္ သင္ကေတာ့ သူမ်ားေတြထက္ပိုဆိုးျပီး ေလ့က်င့္ခန္းလုပ္လိုက္တာနဲ႕ မခံမရပ္နိုင္ေအာင္ ၊ မလႈပ္နိုင္ေလာက္ေအာင္နာက်င္ေနတယ္ဆိုရင္ေတာ့ ကိုယ္တြင္းအဂၤါေတြ သိပ္မက်န္းမာဘူးဆိုတဲ့ လကၡဏာပါ။ ဒီလိုျဖစ္ေနရင္ ဆရာဝန္ျပဖို႕လိုပါတယ္။

(၄) ဓမၼတာလာစဉ္ေသြးခဲမ်ားဆင္းျခင္း

brightside.me

ဓမၼလာတဲ့အခါ ေသြးခဲေတြပါလာတာ၊ ေသြးေရာင္ကပံုမွန္လိုမဟုတ္ဘဲ အညိုေရာင္လုိလိုျဖစ္ေနတာေတြက သားအိမ္အတြက္စိုးရိမ္ရတဲ့အေနအထားပါ။ ဒီလိုအေျခအေနျဖစ္လာျပီဆိုရင္ သားအိမ္အတြင္းအလံုးျဖစ္ေနတာမ်ိဳး၊ ေရအိတ္ျဖစ္ေနတာမ်ိဳးေတြ ျဖစ္နိုင္တာေၾကာင့္ သားဖြားမီးယပ္ဆရာဝန္နဲ႕ျပဖို႕လိုေနပါျပီ။

(၅) အစားစားခ်င္စိတ္နည္းလြန္းျခင္း

တခါတရံမွာ အစားစားခ်င္စိတ္ေပ်ာက္ေနတာမ်ိဳးကလည္း ပံုမွန္ျဖစ္တတ္တဲ့အေနအထားတစ္ခုပါ။ ဒါေပမယ့္ ကိုယ့္အၾကိုက္ဆံုး အစားအစာကိုေတာင္စားခ်င္စိတ္မရွိတာမ်ိဳး၊ တစ္ေနကုန္ေနလို႕မွ တစ္ခါေလာက္ပဲစားျဖစ္တာမ်ိဳးေတြ ျဖစ္ေနရင္ေတာ့ သတိထားရေတာ့မွာပါ။ ဒါက သားအိမ္ကင္ဆာ အစျပုတဲ့လကၡဏာျဖစ္ေနနိုင္လို႕ပါ။

(၆) ဆံပင္ေတြအမ်ားအျပားကြ်တ္ျခင္း

ေခါင္းျဖီးလိုက္တာနဲ႕ဆံပင္ေတြတေထြးၾကီးကြ်တ္လာရင္ ေပါ့ဆမေနသင့္ပါဘူး။ ဒါက ေဟာ္မုန္းမညီမွ်ျခင္းေၾကာင့္ျဖစ္နိုင္ျပီး ဆံပင္ေတြအမ်ားအျပားကြ်တ္တဲ့အေျခအေနကေန ဒီထက္ပိုဆိုးတဲ့ အေျခအေနျဖစ္လာနိုင္တာေၾကာင့္ ဆရာဝန္နဲ႕ျပသင့္ပါတယ္။

written by PP

အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက အမျိုးသားတွေနဲ့ လုံးဝကိုခြားနားနေပြီး အမျိုးသမီးတွေမှာသာဖြစ်တတ်တဲ့ရောဂါတချို့ကြောင့် ကိုယ့်ကိုယ်ကိုပိုဂရုစိုက်ဖို့လိုပါတယ်။ အသက်အန္တရာယ်ကိုခြိမ်းခြောက်နိုင်တဲ့ ရောဂါတွေဟာ တစ်ရက်နှစ်ရက်အတွင်းဖြစ်လာတာမဟုတ်ဘဲ ရက်ရှည်လများအစပျိုးပြီး ဖြစ်လာတာပါ။ ရောဂါအစပြုနေချိန်မှာ သတိထားမိခဲ့ရင်အသက်အန္တရာယ်မဖြစ်အောင် အချိန်မီတားဆီးနိုင်မှာပါ။ ဒါကြောင့် အမျိုးသမီးတိုင်းသတိပြုသင့်တဲ့ ရောဂါအစပျိုးလက္ခဏာတွေကို ပြောပြပေးလိုက်ပါတယ်။

(၁) ဗိုက်ပူနေခြင်း

မိန်းကလေးတွေဟာ အသက်ရလာတာနဲ့အမျှ လေ့ကျင့်ခန်းတွေသေချာမလုပ်ဘူးဆိုရင် ဗိုက်ပူလာတတ်ပါတယ်။ ဗိုက်မှာအဆီစုပြီး ဗိုက်ပူတာက ပုံမှန်ပဲဖြစ်ပေမယ့် အစားအများကြီးစားထားသလိုမျိုး ဗိုက်ဖောင်းပြီးပူနေတယ်ဆိုရင်တော့ စိုးရိမ်ရပါတယ်။ ဝမ်းဗိုက်က အမြဲလိုလိုတင်းပြီး ပူနေတယ်ဆိုရင် ဒါဟာ ရင်သားကင်ဆာ ဒါမှမဟုတ် သားအိမ်ကင်ဆာအစပျိုးနေတာဖြစ်နိုင်ပါတယ်။

(၂) မေးစေ့နားတဝိုက်ဝက်ခြံတွေထွက်ခြင်း

ဝက်ခြံထွက်တာကလည်း ဟော်မုန်းအပြောင်းအလဲတွေဖြစ်တတ်တဲ့အရာမို့ သိပ်တော့မထူးဆန်းပါဘူး။ ဒါပေမယ့် မေးစေ့နားတဝိုက်မှာ ဝက်ခြံတွေအမြဲလိုလိုထွက်နေတယ်ဆိုရင်တော့ သင့်ခန္ဓာကိုယ်ထဲက ဟော်မုန်းတွေ အလွန်အမင်းကမောက်ကမဖြစ်နေပါပြီ။ သင့်မေးစေ့နားတဝိုက်မှာ ဝက်ခြံတွေအမြဲထွက်နေတယ်ဆိုရင် ဆရာဝန်နဲ့သေချာပြသစစ်ဆေးဖို့လိုနေပါပြီ။

(၃) လေ့ကျင့်ခန်းလုပ်တဲ့အခါ ကိုယ်လက်တွေအလွန်အမင်းနာကျင်ခြင်း

လေ့ကျင့်ခန်းလုပ်တဲ့အခါ ကိုယ်တွေလက်တွေနာတာက ပုံမှန်ဖြစ်နေကျပါပဲ။ ဒါပေမယ့် သင်ကတော့ သူများတွေထက်ပိုဆိုးပြီး လေ့ကျင့်ခန်းလုပ်လိုက်တာနဲ့ မခံမရပ်နိုင်အောင် ၊ မလှုပ်နိုင်လောက်အောင်နာကျင်နေတယ်ဆိုရင်တော့ ကိုယ်တွင်းအင်္ဂါတွေ သိပ်မကျန်းမာဘူးဆိုတဲ့ လက္ခဏာပါ။ ဒီလိုဖြစ်နေရင် ဆရာဝန်ပြဖို့လိုပါတယ်။

(၄) ဓမ္မတာလာစဉ်သွေးခဲများဆင်းခြင်း

ဓမ္မလာတဲ့အခါ သွေးခဲတွေပါလာတာ၊ သွေးရောင်ကပုံမှန်လိုမဟုတ်ဘဲ အညိုရောင်လိုလိုဖြစ်နေတာတွေက သားအိမ်အတွက်စိုးရိမ်ရတဲ့အနေအထားပါ။ ဒီလိုအခြေအနေဖြစ်လာပြီဆိုရင် သားအိမ်အတွင်းအလုံးဖြစ်နေတာမျိုး၊ ရေအိတ်ဖြစ်နေတာမျိုးတွေ ဖြစ်နိုင်တာကြောင့် သားဖွားမီးယပ်ဆရာဝန်နဲ့ပြဖို့လိုနေပါပြီ။

(၅) အစားစားချင်စိတ်နည်းလွန်းခြင်း

တခါတရံမှာ အစားစားချင်စိတ်ပျောက်နေတာမျိုးကလည်း ပုံမှန်ဖြစ်တတ်တဲ့အနေအထားတစ်ခုပါ။ ဒါပေမယ့် ကိုယ့်အကြိုက်ဆုံး အစားအစာကိုတောင်စားချင်စိတ်မရှိတာမျိုး၊ တစ်နေကုန်နေလို့မှ တစ်ခါလောက်ပဲစားဖြစ်တာမျိုးတွေ ဖြစ်နေရင်တော့ သတိထားရတော့မှာပါ။ ဒါက သားအိမ်ကင်ဆာ အစပြုတဲ့လက္ခဏာဖြစ်နေနိုင်လို့ပါ။

(၆) ဆံပင်တွေအများအပြားကျွတ်ခြင်း

ခေါင်းဖြီးလိုက်တာနဲ့ဆံပင်တွေတထွေးကြီးကျွတ်လာရင် ပေါ့ဆမနေသင့်ပါဘူး။ ဒါက ဟော်မုန်းမညီမျှခြင်းကြောင့်ဖြစ်နိုင်ပြီး ဆံပင်တွေအများအပြားကျွတ်တဲ့အခြေအနေကနေ ဒီထက်ပိုဆိုးတဲ့ အခြေအနေဖြစ်လာနိုင်တာကြောင့် ဆရာဝန်နဲ့ပြသင့်ပါတယ်။

written by PP