သြားကိုက္၊သြားနာတာကိုခ်က္ခ်င္းလက္ငင္းေပ်ာက္ေစမယ့္ အိမ္တြင္းနည္းလမ္း(၆)မ်ိဳး

သြားကိုက္တာဟာ ခံရခက္ျပီး အလုပ္ပ်က္အကိုင္ပ်က္တဲ့အထိျဖစ္ေစပါတယ္။ သြားကိုက္တဲ့ေဝဒနာျဖစ္လာရင္ ေခါင္းေတြပါကိုက္လာျပီး ဘာကိုမွ အာရံုစိုက္လို႕မရေအာင္ျဖစ္လာပါတယ္။ ဒါေၾကာင့္ သြားကိုက္တဲ့ေဝဒနာကို ခ်က္ခ်င္းသက္သာဖို႕အတြက္ အိမ္တြင္းနည္းလမ္းေကာင္းေလးေတြကိုေဖာ္ျပေပးလိုက္ပါတယ္။

(၁) ဆားရည္

ဆားရည္နဲ႕ပလုတ္က်င္းတာက သြားကိုက္တာ၊ သြားနာတာကို အခ်ိန္တိုအတြင္းေပ်ာက္ကင္းေစတဲ့နည္းတစ္ခုပါ။

(၂) ေလးညွင္း

brightside.me

ေလးညွင္းပြင့္ ဒါမွမဟုတ္ ေလးညွင္းအဆီကို သြားကိုက္တဲ့ေနရာမွာ ထည့္ေပးလိုက္ပါ။ သြားကိုက္တာခ်က္ခ်င္းသက္သာသြားပါလိမ့္မယ္။

(၃) ေရခဲ

ေရခဲကေတာ့ သြားကိုက္တာ၊သြားဖံုးနာတာကို ခ်က္ခ်င္းသက္သာေစမယ့္နည္းပါ။ ေရခဲကိုအဝတ္သန္႕သန္႕နဲ႕ထုပ္ျပီး သြားကိုက္တဲ့နားမွာ ကပ္ထားေပးပါ။ ၅ မိနစ္ေလာက္ကပ္ေပးရံုနဲ႕ သြားကိုက္တာသက္သာသြားပါလိမ့္မယ္။

(၄) ၾကက္သြန္ျဖူ

ၾကက္သြန္ျဖူကိုထုေထာင္းျပီး အဲ့ဒီအနွစ္ကို သြားကိုက္တဲ့ေနရာမွာ ဖိကပ္ထားေပးလိုက္ရင္ မိနစ္အနည္းငယ္အတြင္းမွာ သြားကိုက္တာသက္သာလာပါမယ္။

(၅) မာလကာရြက္

pixabay

မာလကာရြက္နည္းနည္းကို ေရေနြးထဲမိနစ္အနည္းငယ္ထည့္ျပုတ္ျပီး ခဏေလာက္အေအးခံလိုက္ပါ။ ခပ္ေနြးေနြးေလးျဖစ္လာရင္ ဆားတစ္ဇြန္းေလာက္ထည့္ေမႊျပီး အဲ့ဒီအရည္နဲ႕ပလုတ္က်င္းေပးပါ။ တစ္နာရီအတြင္း နွစ္ၾကိမ္ သံုးၾကိမ္ေလာက္ ပလုတ္က်င္းျပီးရင္ သြားကိုက္တာ သက္သာလာပါလိမ့္မယ္။

(၆) ၾကက္သြန္နီ

ၾကက္သြန္နီကို ထက္ျခမ္းျခမ္းျပီး သြားကိုက္တဲ့ေနရာမွာ ကိုက္ထားေပးလိုက္ပါ။ မိနစ္အနည္းငယ္အၾကာမွာ သြားကိုက္တာသက္သာလာပါလိမ့္မယ္။

written by PP

သွားကိုက်တာဟာ ခံရခက်ပြီး အလုပ်ပျက်အကိုင်ပျက်တဲ့အထိဖြစ်စေပါတယ်။ သွားကိုက်တဲ့ဝေဒနာဖြစ်လာရင် ခေါင်းတွေပါကိုက်လာပြီး ဘာကိုမှ အာရုံစိုက်လို့မရအောင်ဖြစ်လာပါတယ်။ ဒါကြောင့် သွားကိုက်တဲ့ဝေဒနာကို ချက်ချင်းသက်သာဖို့အတွက် အိမ်တွင်းနည်းလမ်းကောင်းလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

(၁) ဆားရည်

ဆားရည်နဲ့ပလုတ်ကျင်းတာက သွားကိုက်တာ၊ သွားနာတာကို အချိန်တိုအတွင်းပျောက်ကင်းစေတဲ့နည်းတစ်ခုပါ။

(၂) လေးညှင်း

လေးညှင်းပွင့် ဒါမှမဟုတ် လေးညှင်းအဆီကို သွားကိုက်တဲ့နေရာမှာ ထည့်ပေးလိုက်ပါ။ သွားကိုက်တာချက်ချင်းသက်သာသွားပါလိမ့်မယ်။

(၃) ရေခဲ

ရေခဲကတော့ သွားကိုက်တာ၊သွားဖုံးနာတာကို ချက်ချင်းသက်သာစေမယ့်နည်းပါ။ ရေခဲကိုအဝတ်သန့်သန့်နဲ့ထုပ်ပြီး သွားကိုက်တဲ့နားမှာ ကပ်ထားပေးပါ။ ၅ မိနစ်လောက်ကပ်ပေးရုံနဲ့ သွားကိုက်တာသက်သာသွားပါလိမ့်မယ်။

(၄) ကြက်သွန်ဖြူ

ကြက်သွန်ဖြူကိုထုထောင်းပြီး အဲ့ဒီအနှစ်ကို သွားကိုက်တဲ့နေရာမှာ ဖိကပ်ထားပေးလိုက်ရင် မိနစ်အနည်းငယ်အတွင်းမှာ သွားကိုက်တာသက်သာလာပါမယ်။

(၅) မာလကာရွက်

မာလကာရွက်နည်းနည်းကို ရေနွေးထဲမိနစ်အနည်းငယ်ထည့်ပြုတ်ပြီး ခဏလောက်အအေးခံလိုက်ပါ။ ခပ်နွေးနွေးလေးဖြစ်လာရင် ဆားတစ်ဇွန်းလောက်ထည့်မွှေပြီး အဲ့ဒီအရည်နဲ့ပလုတ်ကျင်းပေးပါ။ တစ်နာရီအတွင်း နှစ်ကြိမ် သုံးကြိမ်လောက် ပလုတ်ကျင်းပြီးရင် သွားကိုက်တာ သက်သာလာပါလိမ့်မယ်။

(၆) ကြက်သွန်နီ

ကြက်သွန်နီကို ထက်ခြမ်းခြမ်းပြီး သွားကိုက်တဲ့နေရာမှာ ကိုက်ထားပေးလိုက်ပါ။ မိနစ်အနည်းငယ်အကြာမှာ သွားကိုက်တာသက်သာလာပါလိမ့်မယ်။

written by PP