ေျခသလံုးတုတ္ေနတာကို ရက္အနည္းငယ္အတြင္းသြယ္လ်သြားေစမယ့္ေလ့က်င့္ခန္း(၆)မ်ိဳး

သြယ္လ်တဲ့ေျခတံေလးေတြက မိန္းကေလးတစ္ေယာက္ရဲ႕အလွအပကို ပိုလွေအာင္ပံ့ပိုးေပးနိုင္ျပီး စကတ္ပဲဝတ္ဝတ္၊ ေဘာင္းဘီပဲဝတ္ဝတ္ အျမဲၾကည့္ေကာင္းေနေစပါတယ္။ ေျခသလံုးတုတ္ေနတဲ့အခါ ဘာဝတ္ဝတ္မလွဘူးလို႕ထင္ေနနိုင္ျပီး ကိုယ့္ကိုယ္ကိုယံုၾကည္မႈေလ်ာ့နည္းနိုင္ပါတယ္။ ေျခသလံုးတုတ္ေနလို႕ဆိုျပီး ကိုယ့္ကိုယ္ကို ယံုၾကည္မႈမေလ်ာ့နည္းရေအာင္ ၊ သြယ္လ်တဲ့ေျခတံလွလွေလးေတြရဖို႕ အခုေဖာ္ျပမယ့္ ေလ့က်င့္ခန္းေလးေတြ လုပ္လိုက္ပါ။

(၁) ေျခဖ်ားေထာက္လမ္းေလွ်ာက္ျခင္း

depositphotos

ေျခဖ်ားေထာက္ျပီး လမ္းေလွ်ာက္တာက ေျခသလံုးကိုသြယ္လ်ေစပါတယ္။ ေျခဖ်ားေထာက္လမ္းေလွ်ာက္တာကိုု တစ္မိနစ္ေလာက္လုပ္ျပီး တစ္မိနစ္ေလာက္နားပါ။ အဲ့ဒါကို ငါးေခါက္ေလာက္လုပ္ေပးပါ။

(၂) အေလးတံုးကိုင္ျပီးေျခဖ်ားေထာက္ျခင္း

လက္နွစ္ဖက္က အေလးတံုး ဒါမွမဟုတ္ အေလးခ်ိန္ပါတဲ့ပစၥည္းေလးေတြကို လက္ကကိုင္ျပီး ေနရာမွာေျခစံုရပ္ကာ ေျခေထာက္နွစ္ဖက္တျပိုင္တည္း ေျခဖ်ားေထာက္ေပးပါ။ အဲ့ဒီအေနအထားမွာ စကၠန္႕အနည္းငယ္ေလာက္ေနျပီး ေျခေထာက္ကိုျပန္ခ်ပါ။ အဲ့ဒါကို ၁၀ ၾကိမ္လုပ္ေပးပါ။

(၃) ေလွကားေပၚေျပးတက္ျခင္း

deposit photos

ေလွကားထစ္ ၁၅ ထစ္ေလာက္ကို ဆက္တိုက္ေျပးတက္၊ေျပးဆင္းတာကို မိနစ္အနည္းငယ္ေလာက္လုပ္ေပးပါ။ ဒါကလည္း ေျခသလံုးေတြကို သြယ္လ်ေစပါတယ္။

(၄) အေလးတံုးကိုင္ျပီးလမ္းေလွ်ာက္ျခင္း

အေလးတံုး ဒါမွမဟုတ္ အေလးခ်ိန္ပါတဲ့ပစၥည္းေတြကို လက္နွစ္ဖက္ကကိုင္ျပီး ၁၀မိနစ္ေလာက္လမ္းေလွ်ာက္ပါ။ ဒါက ထိေရာက္တဲ့ေလ့က်င့္ခန္းတစ္ခုျဖစ္တာေၾကာင့္ ေန႕စဉ္မပ်က္မကြက္လုပ္ရင္ ေျခသလံုးေလးေတြ လံုးဝကိုသြယ္လ်သြားပါလိမ့္မယ္။

(၅) ၾကိုးခုန္ျခင္း

ၾကိုးခုန္တာက ေျခသလံုးကိုသြယ္လ်ေစရံုတင္မက လက္ေမာင္းအဆီေတြကိုလည္း က်ေစပါတယ္။ ဒါေၾကာင့္ ေန႕တိုင္း မိနစ္ ၂၀ ေလာက္ ၾကိုးလည္းခုန္ေပးပါ။

(၆) အေၾကာေလွ်ာ့ျခင္း

freepik

အေၾကာေလွ်ာ့ေပးတာက ကိုယ္လုပ္ထားတဲ့ ေလ့က်င့္ခန္းေတြကိုအက်ိဳးထိေရာက္မႈပိုျဖစ္ေစတာေၾကာင့္ ေလ့က်င့္ခန္းေတြမလုပ္ခင္နဲ႕ လုပ္ျပီးတိုင္းမွာ မိနစ္အနည္းငယ္ေလာက္ အေၾကာေလွ်ာ့ေပးပါ။

written by PP

သွယ်လျတဲ့ခြေတံလေးတွေက မိန်းကလေးတစ်ယောက်ရဲ့အလှအပကို ပိုလှအောင်ပံ့ပိုးပေးနိုင်ပြီး စကတ်ပဲဝတ်ဝတ်၊ ဘောင်းဘီပဲဝတ်ဝတ် အမြဲကြည့်ကောင်းနေစေပါတယ်။ ခြေသလုံးတုတ်နေတဲ့အခါ ဘာဝတ်ဝတ်မလှဘူးလို့ထင်နေနိုင်ပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုလျော့နည်းနိုင်ပါတယ်။ ခြေသလုံးတုတ်နေလို့ဆိုပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုမလျော့နည်းရအောင် ၊ သွယ်လျတဲ့ခြေတံလှလှလေးတွေရဖို့ အခုဖော်ပြမယ့် လေ့ကျင့်ခန်းလေးတွေ လုပ်လိုက်ပါ။

(၁) ခြေဖျားထောက်လမ်းလျှောက်ခြင်း

ခြေဖျားထောက်ပြီး လမ်းလျှောက်တာက ခြေသလုံးကိုသွယ်လျစေပါတယ်။ ခြေဖျားထောက်လမ်းလျှောက်တာကို တစ်မိနစ်လောက်လုပ်ပြီး တစ်မိနစ်လောက်နားပါ။ အဲ့ဒါကို ငါးခေါက်လောက်လုပ်ပေးပါ။

(၂) အလေးတုံးကိုင်ပြီးခြေဖျားထောက်ခြင်း

လက်နှစ်ဖက်က အလေးတုံး ဒါမှမဟုတ် အလေးချိန်ပါတဲ့ပစ္စည်းလေးတွေကို လက်ကကိုင်ပြီး နေရာမှာခြေစုံရပ်ကာ ခြေထောက်နှစ်ဖက်တပြိုင်တည်း ခြေဖျားထောက်ပေးပါ။ အဲ့ဒီအနေအထားမှာ စက္ကန့်အနည်းငယ်လောက်နေပြီး ခြေထောက်ကိုပြန်ချပါ။ အဲ့ဒါကို ၁၀ ကြိမ်လုပ်ပေးပါ။

(၃) လှေကားပေါ်ပြေးတက်ခြင်း

လှေကားထစ် ၁၅ ထစ်လောက်ကို ဆက်တိုက်ပြေးတက်၊ပြေးဆင်းတာကို မိနစ်အနည်းငယ်လောက်လုပ်ပေးပါ။ ဒါကလည်း ခြေသလုံးတွေကို သွယ်လျစေပါတယ်။

(၄) အလေးတုံးကိုင်ပြီးလမ်းလျှောက်ခြင်း

အလေးတုံး ဒါမှမဟုတ် အလေးချိန်ပါတဲ့ပစ္စည်းတွေကို လက်နှစ်ဖက်ကကိုင်ပြီး ၁၀မိနစ်လောက်လမ်းလျှောက်ပါ။ ဒါက ထိရောက်တဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်တာကြောင့် နေ့စဉ်မပျက်မကွက်လုပ်ရင် ခြေသလုံးလေးတွေ လုံးဝကိုသွယ်လျသွားပါလိမ့်မယ်။

(၅) ကြိုးခုန်ခြင်း

ကြိုးခုန်တာက ခြေသလုံးကိုသွယ်လျစေရုံတင်မက လက်မောင်းအဆီတွေကိုလည်း ကျစေပါတယ်။ ဒါကြောင့် နေ့တိုင်း မိနစ် ၂၀ လောက် ကြိုးလည်းခုန်ပေးပါ။

(၆) အကြောလျှော့ခြင်း

အကြောလျှော့ပေးတာက ကိုယ်လုပ်ထားတဲ့ လေ့ကျင့်ခန်းတွေကိုအကျိုးထိရောက်မှုပိုဖြစ်စေတာကြောင့် လေ့ကျင့်ခန်းတွေမလုပ်ခင်နဲ့ လုပ်ပြီးတိုင်းမှာ မိနစ်အနည်းငယ်လောက် အကြောလျှော့ပေးပါ။

written by PP