ခ်စ္သူေတြအျဖစ္မတြဲခင္မွာ နွစ္ေယာက္သားေဆြးေနြးထားသင့္တဲ့ အေၾကာင္းအရာ(၄)မ်ိုး

အရာအားလံုးျမန္ဆန္လွတဲ့ အင္တာနက္ေခတ္ၾကီးထဲမွာ ရည္းစားတစ္ေယာက္ထားဖို႕၊ ခ်စ္သူတစ္ေယာက္ထားဖို႕ဆိုတာလည္း အခ်ိန္ေတြအမ်ားၾကီးယူစရာမလိုေတာ့ပါဘူး။ ဆိုရွယ္မီဒီယာမွာအခုေတြ႕ျပီး ခဏေနဆိုခ်စ္သူေတြျဖစ္သြားတတ္ၾကတဲ့ အထိ ျမန္္ဆန္တဲ့ေခတ္ကိုေရာက္ေနပါျပီ။ တကယ္ေတာ့ ကိုယ့္အတြက္ခ်စ္သူေရြးခ်ယ္ရာမွာ အခ်ိန္အမ်ားၾကီး မယူခ်င္ဘူးဆိုရင္ေတာင္ ခ်စ္သူေတြအျဖစ္မတြဲၾကခင္မွာ ဒီလိုမ်ိဳးစကားစျမည္ေလးေတြ ေျပာဖူးသင့္ပါတယ္။

(၁) အေျခခံအၾကိုက္ေလးေတြအေၾကာင္းေျပာပါ

freepik

လူတစ္ေယာက္နဲ႕တစ္ေယာက္ ေရရွည္အဆင္ေျပမေျပဆိုတာ အၾကိုက္တူ၊မတူဆိုတဲ့အခ်က္နဲ႕ အမ်ားၾကီးသက္ဆိုင္ေနပါတယ္။ အသြင္တူမွအိမ္သူျဖစ္တယ္ဆိုတဲ့ စကားက အလကားရွိခဲ့တာမဟုတ္ပါဘူး။ ဒါေၾကာင့္ သူနဲ႕ေတြ႕ျပီး အေျခခံအၾကိုက္ေလးေတြအေၾကာင္း အျပန္အလွန္ေျပာၾကည့္ပါ။ အၾကိုက္ေတြကြဲလြဲလြန္းေနရင္ သင္တုိ႕နွစ္ေယာက္က ေရရွည္အဆင္ေျပဖို႕မျဖစ္နိုင္တာေၾကာင့္ ေရွ႕ဆက္တိုးဖို႕မစဉ္းစားပါနဲ႕။

(၂) ၾကီးျပင္းခဲ့တဲ့ပတ္ဝန္းက်င္၊လက္ရွိေနထိုင္ေနတဲ့ပတ္ဝန္းက်င္အေၾကာင္းေျပာပါ

တစ္ေယာက္နဲ႕တစ္ေယာက္က ၾကီးျပင္းခဲ့တဲ့ပံုစံခ်င္း မတူနိုင္ဘူးဆိုေပမယ့္ အရမ္းၾကီးေတာ့ ကြဲလြဲမေနသင့္ပါဘူး။ ဘယ္လိုလူေတြနဲ႕အတူတူၾကီးျပင္းခဲ့သလဲ၊ လက္ရွိမွာ ဘယ္လိုလူမ်ိဳးေတြနဲ႕ အခ်ိန္ကုန္ေနသလဲဆိုတာ သိရေအာင္လုပ္ပါ။ ျပီးမွ ကိုယ္နဲ႕အဆင္ေျပေလာက္လားဆိုတာ စဉ္းစားပါ။

(၃) အခုလတ္တေလာေခတ္စားေနတဲ့အေၾကာင္းအရာေတြအေၾကာင္းေျပာပါ

freepik

သူနဲ႕ကိုယ္နဲ႕ပံုစံတူရဲ႕လား၊ စိတ္ဝင္စားတာေတြတူရဲ႕လားဆိုတာ သိရဖို႕ အခုလတ္တေလာေခတ္စားေနတဲ့ အေၾကာင္းအရာေတြကို ေျပာၾကည့္ပါ။ လတ္တေလာေခတ္စားေနတဲ့ ရုပ္ရွင္၊ သီခ်င္း၊ နိုင္ငံေရး စတာေတြကို ေျပာၾကည့္ပါ။ သူနဲ႕ကိုယ္နဲ႕ဘယ္ေလာက္ကြဲလြဲလဲဆိုတာ သိလာပါလိမ့္မယ္။

(၄) သူဟာသင့္ကိုဘယ္ေလာက္ဦးစားေပးလဲၾကည့္ပါ

သင္တို႕နွစ္ေယာက္စကားေျပာတဲ့အခါ သူကမ်ားမ်ားေျပာသူလား၊ မ်ားမ်ားနားေထာင္ေပးသူလားဆိုတာ သိရေအာင္ အကဲခတ္ၾကည့္ပါ။ သင္ေျပာတာကိုေသခ်ာအာရံုစိုက္ျပီးနားေထာင္ေပးတယ္၊ သူနည္းနည္းေျပာျပီး မ်ားမ်ားနားေထာင္ေပးတယ္ဆိုရင္ သူဟာ တစ္ဖက္သားကိုဦးစားေပးတတ္တဲ့သူ၊ သင့္ကိုဂရုတစိုက္ရွိတဲ့သူဆိုတာ သိနိုင္ပါတယ္။

ကဲ စာဖတ္သူသမီးေလးေတြလည္း ကိုယ္နဲ႕ခ်စ္သူျဖစ္မယ့္သူကို အေပၚယံၾကည့္ျပီး လြယ္လြယ္မေရြးခ်ယ္ဘဲ အခုလိုမ်ိဳး တစ္ေယာက္အေၾကာင္းတစ္ေယာက္ေလ့လာျပီးမွ ေရြးခ်ယ္ၾကဖို႕ အၾကံေပးခ်င္ပါတယ္။

written by PP

အရာအားလုံးမြန်ဆန်လှတဲ့ အင်တာနက်ခေတ်ကြီးထဲမှာ ရည်းစားတစ်ယောက်ထားဖို့၊ ချစ်သူတစ်ယောက်ထားဖို့ဆိုတာလည်း အချိန်တွေအများကြီးယူစရာမလိုတော့ပါဘူး။ ဆိုရှယ်မီဒီယာမှာအခုတွေ့ပြီး ခဏနေဆိုချစ်သူတွေဖြစ်သွားတတ်ကြတဲ့ အထိ မြန်ဆန်တဲ့ခေတ်ကိုရောက်နေပါပြီ။ တကယ်တော့ ကိုယ့်အတွက်ချစ်သူရွေးချယ်ရာမှာ အချိန်အများကြီး မယူချင်ဘူးဆိုရင်တောင် ချစ်သူတွေအဖြစ်မတွဲကြခင်မှာ ဒီလိုမျိုးစကားစမြည်လေးတွေ ပြောဖူးသင့်ပါတယ်။

(၁) အခြေခံအကြိုက်လေးတွေအကြောင်းပြောပါ

လူတစ်ယောက်နဲ့တစ်ယောက် ရေရှည်အဆင်ပြေမပြေဆိုတာ အကြိုက်တူ၊မတူဆိုတဲ့အချက်နဲ့ အများကြီးသက်ဆိုင်နေပါတယ်။ အသွင်တူမှအိမ်သူဖြစ်တယ်ဆိုတဲ့ စကားက အလကားရှိခဲ့တာမဟုတ်ပါဘူး။ ဒါကြောင့် သူနဲ့တွေ့ပြီး အခြေခံအကြိုက်လေးတွေအကြောင်း အပြန်အလှန်ပြောကြည့်ပါ။ အကြိုက်တွေကွဲလွဲလွန်းနေရင် သင်တို့နှစ်ယောက်က ရေရှည်အဆင်ပြေဖို့မဖြစ်နိုင်တာကြောင့် ရှေ့ဆက်တိုးဖို့မစဉ်းစားပါနဲ့။

(၂) ကြီးပြင်းခဲ့တဲ့ပတ်ဝန်းကျင်၊လက်ရှိနေထိုင်နေတဲ့ပတ်ဝန်းကျင်အကြောင်းပြောပါ

တစ်ယောက်နဲ့တစ်ယောက်က ကြီးပြင်းခဲ့တဲ့ပုံစံချင်း မတူနိုင်ဘူးဆိုပေမယ့် အရမ်းကြီးတော့ ကွဲလွဲမနေသင့်ပါဘူး။ ဘယ်လိုလူတွေနဲ့အတူတူကြီးပြင်းခဲ့သလဲ၊ လက်ရှိမှာ ဘယ်လိုလူမျိုးတွေနဲ့ အချိန်ကုန်နေသလဲဆိုတာ သိရအောင်လုပ်ပါ။ ပြီးမှ ကိုယ်နဲ့အဆင်ပြေလောက်လားဆိုတာ စဉ်းစားပါ။

(၃) အခုလတ်တလောခေတ်စားနေတဲ့အကြောင်းအရာတွေအကြောင်းပြောပါ

သူနဲ့ကိုယ်နဲ့ပုံစံတူရဲ့လား၊ စိတ်ဝင်စားတာတွေတူရဲ့လားဆိုတာ သိရဖို့ အခုလတ်တလောခေတ်စားနေတဲ့ အကြောင်းအရာတွေကို ပြောကြည့်ပါ။ လတ်တလောခေတ်စားနေတဲ့ ရုပ်ရှင်၊ သီချင်း၊ နိုင်ငံရေး စတာတွေကို ပြောကြည့်ပါ။ သူနဲ့ကိုယ်နဲ့ဘယ်လောက်ကွဲလွဲလဲဆိုတာ သိလာပါလိမ့်မယ်။

(၄) သူဟာသင့်ကိုဘယ်လောက်ဦးစားပေးလဲကြည့်ပါ

သင်တို့နှစ်ယောက်စကားပြောတဲ့အခါ သူကများများပြောသူလား၊ များများနားထောင်ပေးသူလားဆိုတာ သိရအောင် အကဲခတ်ကြည့်ပါ။ သင်ပြောတာကိုသေချာအာရုံစိုက်ပြီးနားထောင်ပေးတယ်၊ သူနည်းနည်းပြောပြီး များများနားထောင်ပေးတယ်ဆိုရင် သူဟာ တစ်ဖက်သားကိုဦးစားပေးတတ်တဲ့သူ၊ သင့်ကိုဂရုတစိုက်ရှိတဲ့သူဆိုတာ သိနိုင်ပါတယ်။

ကဲ စာဖတ်သူသမီးလေးတွေလည်း ကိုယ်နဲ့ချစ်သူဖြစ်မယ့်သူကို အပေါ်ယံကြည့်ပြီး လွယ်လွယ်မရွေးချယ်ဘဲ အခုလိုမျိုး တစ်ယောက်အကြောင်းတစ်ယောက်လေ့လာပြီးမှ ရွေးချယ်ကြဖို့ အကြံပေးချင်ပါတယ်။

written by PP