တစ်ဖက်သားအပေါ်ကြင်နာတတ်တဲ့သူတွေဟာ ဉာဏ်ရည်မြင့်တဲ့သူတွေဖြစ်ကြောင်းတွေ့ရ

instagram



freepik





freepik




written by PP

ကြင်နာတတ်ခြင်းနဲ့ ဉာဏ်ရည်မြင့်ခြင်းဟာ ဆက်စပ်နေပါတယ်။ ကျွမ်းကျင်ပညာရှင်တွေရဲ့ ဆက်စပ်လေ့လာမှုတွေအရ ကြင်နာတတ်တဲ့သူတွေဟာ တခြားသူတွေထက် ဉာဏ်ရည်မြင့်တဲ့သူတွေဖြစ်နေတယ်ဆိုတာ သိခဲ့ရပါတယ်။ ဒီလိုသတ်မှတ်ရတဲ့ အကြောင်းရင်းတွေကတော့ ….

(၁) ကြင်နာတတ်တဲ့သူတွေက ဦးနှောက်ကျန်းမာရေးပိုကောင်းတယ်

တစ်ဖက်အပေါ်ကြင်နာတတ်တယ်ဆိုတာ တခြားသူတွေအပေါ် အကောင်းမြင်စိတ်ရှိမှဖြစ်တာပါ။ အကောင်းမြင်စိတ်ရှိတဲ့သူတွေက တခြားသူတွေထက် ဦးနှောက်ကျန်းမာရေးပိုကောင်းတာကြောင့် အာရုံစူးစိုက်မှုကောင်းမွန်တယ်၊ တွေဝေတာ၊ မပြတ်သားတာတွေ အဖြစ်နည်းတယ်။ ဒါကြောင့် ပညာရေးမှာပဲဖြစ်ဖြစ်၊ အလုပ်မှာပဲဖြစ်ဖြစ် အကောင်းဆုံးလုပ်နိုင်ကြပါတယ်။

(၂) လူတစ်ဖက်သားကိုနားလည်ပေးတတ်တယ်

ကြင်နာတတ်တဲ့စိတ်ရှိသူတွေက တစ်ဖက်သားရဲ့ခံစားချက်ကိုနားလည်နိုင်စွမ်း ပိုမြင့်မားတယ်။ တစ်ဖက်သားရဲ့ စိတ်ခံစားချက်ကိုနားလည်၊ အလေးထားပြီး အပြောအဆိုဆင်ခြင်တယ်။ သူတစ်ပါးစိတ်ထိခိုက်မယ့် စကားကိုမပြောဘူး၊ သူတစ်ပါး စိတ်ထိခိုက်စေမယ့် အပြုအမူတွေမလုပ်ဘူး။ ဒါကြောင့် သူတို့တွေဟာ ဉာဏ်ရည်ထက်မြက်တယ်လို့ ပြောရခြင်းဖြစ်ပါတယ်။

(၃) ကိုယ့်အပြုအမူ၊ အပြောအဆိုတွေကို ပြန်လည်သုံးသပ်နိုင်တဲ့အရည်အချင်းရှိတယ်

ကိုယ်လုပ်လိုက်တဲ့အပြုအမူ၊ ကိုယ်ပြောတဲ့အပြောအဆိုတွေက သူများကိုထိခိုက်စေသလား၊ သူများကို ဝမ်းနည်းစေသလား ဆိုတာ ပြန်လည်သုံးသပ်နိုင်တဲ့အရည်အချင်းရှိတယ်။ ဉာဏ်ရည်မြင့်တဲ့သူတွေမှ ဒီလိုမျိုးတွေးတတ်တဲ့အရည်အချင်းရှိတာမို့ ကြင်နာတတ်တဲ့သူတွေဟာ ဉာဏ်ရည်မြင့်သူတွေလို့ ပြောရခြင်းဖြစ်တယ်။

(၄) သူတို့ဘေးကလူတွေကိုပျော်အောင်ထားနိုင်တယ်

ကြင်နာတတ်တဲ့သူတွေဟာ သူများအောင်မြင်မှုအတွက် မနာလိုမဖြစ်တတ်ဘဲ တစ်ဖက်သားကို စိတ်ချမ်းသာစေချင်တဲ့စိတ်ရှိကြပါတယ်။ ဒီစိတ်ကြောင့်ပဲ သူတို့ဘေးနားကလူတွေကို ပျော်အောင်ဖန်တီးပေးတတ်ကြပါတယ်။ သူများကိုပျော်အောင်ထားနိုင်တယ်ဆိုတာ ဉာဏ်ရည်မြင့်တဲ့သူ၊ ထက်မြက်တဲ့သူတွေပဲလုပ်နိုင်တဲ့အရာပါ။

written by PP