အခုေခတ္လူငယ္ေတြ အိမ္ေထာင္ေစာေစာမျပုၾကေတာ့တဲ့ အေၾကာင္းရင္း(၅)ခ်က္

HBO

ဒီေန႕ေခတ္လူငယ္ေတြဟာ အိမ္ေထာင္ျပုဖို႕၊ မိသားစုထူေထာင္ဖို႕ကို ဝန္ေလးၾကျပီး တစ္ေယာက္တည္းေနဖို႕ကိုပဲ ပုိျပီးေရြးခ်ယ္ၾကျပီး အိမ္ေထာင္ေစာေစာျပုဖို႕လည္း သိပ္ျပီးမစဉ္းစားၾကေတာ့တာကိုေတြ႕ရပါတယ္။ အခုေခတ္လူငယ္အမ်ားစု အိမ္ေထာင္ေစာေစာျပုဖို႕ ဝန္ေလးတတ္ၾကတဲ့ အေၾကာင္းရင္းေတြက ဒါေတြေၾကာင့္ပဲျဖစ္ပါတယ္။

(၁) ကုန္က်စရိတ္ေတြကၾကီးလြန္းတယ္

freepik

အခုေခတ္က ေနစရိတ္၊စားစရိတ္နဲ႕ တျခားေသာ ကုန္က်စရိတ္ေတြက ၾကီးလြန္းပါတယ္။ တစ္ေယာက္စာ လံုလံုေလာက္ေလာက္ရပ္တည္ဖို႕ေတာင္ မလြယ္ကူတဲ့ေခတ္ၾကီးမို႕ နွစ္ေယာက္ေပါင္းျပီး ဒုကၡမခံၾကတာပါ။ အိမ္ေထာင္ျပုလိုက္တဲ့အခါ ကုန္က်မယ့္ စရိတ္စကေတြမ်ားလြန္းတာေၾကာင့္ အိမ္ေထာင္ျပုဖို႕မစဉ္းစားေတာ့တာပါ။ အထူးသျဖင့္ ကိုယ္ပိုင္ဝင္ေငြမရွိေသးတဲ့ အသက္အရြယ္မွာေပါ့။

(၂) အခုေခတ္အမ်ိဳးသမီးေတြက အမ်ိဳးသားေတြလိုပဲအလုပ္မ်ားၾကတယ္

အရင္ေခတ္ေတြတုန္းက အမ်ိဳးသမီးေတြက အိမ္မႈကိစၥေတြသင္ယူမယ္၊ အရြယ္ေရာက္လာရင္ အိမ္ေထာင္ျပုျပီး အိမ္ေထာင္ထိန္းသိမ္းမယ္၊ သားသမီးေတြေမြးျပီး ကေလးေတြကို ျပုစုပ်ိဳးေထာင္မယ္ ၊ ဒီလိုမ်ိဳး ရွင္သန္ၾကပါတယ္။ အခုေခတ္မွာေတာ့ အမ်ိဳးသမီးအမ်ားစုက ပညာေတြေလ့လာသင္ယူၾကတယ္၊ လုပ္ငန္းေတြကို ဦးေဆာင္ၾကတယ္၊ ေယာက်ာ္းတစ္ေယာက္ကို မွီခိုဖို႕ထက္ ကိုယ့္ေျခေထာက္ေပၚကိုယ္ရပ္တည္နိုင္ေအာင္ ၾကိုးစားၾကတယ္။ ဒီအခ်က္ကလည္း အခုေခတ္လူငယ္ေတြ အိမ္ေထာင္ျပုဖို႕ ေနာက္က်ရတဲ့အေၾကာင္းရင္းတစ္ခုျဖစ္ပါတယ္။

(၃) အခ်စ္စစ္ကိုရွာဖို႕စိတ္အားထက္သန္လာၾကတယ္

freepik

အခုေခတ္ လူငယ္ေတြက စိတ္ခံစားခ်က္ကို အေလးထားလာၾကျပီး ေလာကၾကီးထဲမွာ အခ်စ္စစ္တကယ္ရွိတယ္လို႕ လက္ခံၾကျပီး ကိုယ့္အတြက္စစ္မွန္တဲ့အခ်စ္ကိုုေတြ႕ဖို႕ စိတ္အားထက္သန္ၾကပါတယ္။ ဒီတစ္ေယာက္ကိုခ်စ္ျပီး ဒီတစ္ေယာက္ကိုလက္ထပ္တာထက္ သူဟာကိုယ့္အတြက္ စစ္မွန္တဲ့အခ်စ္ဟုတ္၊မဟုတ္ဆိုတာကို ဆန္းစစ္ခ်င္ၾကပါတယ္။ အိမ္ေထာင္တစ္ခုတည္ေထာင္ဖို႕ထက္ အခ်စ္စစ္ကိုရွာဖို႕ ပိုျပီး စိတ္အားထက္သန္ၾကတာေၾကာင့္ လြယ္လြယ္နဲ႕အိမ္ေထာင္မျပုၾကျခင္းျဖစ္ပါတယ္။

(၄) ရုန္းကန္လႈပ္ရွားတဲ့ဘဝကိုေရြးခ်ယ္ၾကတယ္

အိမ္ေထာင္ျပုျပီး ပံုေသကားခ်ပ္ျဖစ္သြားတဲ့ဘဝထက္ ရုန္းကန္လႈပ္ရွားရတဲ့ဘဝ၊ ကိုယ္တိုင္စြန္႕စားရတဲ့ဘဝမ်ိဳးကို ပိုေရြးခ်ယ္လာၾကတာေၾကာင့္ အိမ္ေထာင္ျပုတဲ့လမ္းကို သိပ္မေရြးခ်ယ္ၾကေတာ့တာပါ။

(၅) အိမ္ေထာင္ေရးရဲ႕ဖိစီးမႈေတြကိုမလိုခ်င္ၾကေတာ့ဘူး

freepik

အိမ္ေထာင္ေရးရဲ႕ျပႆနာေတြ၊ စိတ္ဖိစီးမႈေတြကို ေျဖရွင္းမယ့္အစား အဲ့ဒီအတြက္အသံုးျပုမယ့္ energy ေတြကို ကိုယ့္ရဲ႕အလုပ္အတြက္၊ စီးပြားေရးအတြက္ အသံုးခ်လိုက္မယ္လို႕ ေတြးတဲ့သူေတြျဖစ္သြားပါျပီ။ ဒါေၾကာင့္ အိမ္ေထာင္ျပုဖို႕ထက္ လြတ္လြတ္လပ္လပ္ေနျပီး စိန္ေခၚမႈေတြကို ရင္ဆိုင္ဖို႕ကိုပဲ ပိုေရြးခ်ယ္လာၾကတာပါ။

written by PP

ဒီနေ့ခေတ်လူငယ်တွေဟာ အိမ်ထောင်ပြုဖို့၊ မိသားစုထူထောင်ဖို့ကို ဝန်လေးကြပြီး တစ်ယောက်တည်းနေဖို့ကိုပဲ ပိုပြီးရွေးချယ်ကြပြီး အိမ်ထောင်စောစောပြုဖို့လည်း သိပ်ပြီးမစဉ်းစားကြတော့တာကိုတွေ့ရပါတယ်။ အခုခေတ်လူငယ်အများစု အိမ်ထောင်စောစောပြုဖို့ ဝန်လေးတတ်ကြတဲ့ အကြောင်းရင်းတွေက ဒါတွေကြောင့်ပဲဖြစ်ပါတယ်။

(၁) ကုန်ကျစရိတ်တွေကကြီးလွန်းတယ်

အခုခေတ်က နေစရိတ်၊စားစရိတ်နဲ့ တခြားသော ကုန်ကျစရိတ်တွေက ကြီးလွန်းပါတယ်။ တစ်ယောက်စာ လုံလုံလောက်လောက်ရပ်တည်ဖို့တောင် မလွယ်ကူတဲ့ခေတ်ကြီးမို့ နှစ်ယောက်ပေါင်းပြီး ဒုက္ခမခံကြတာပါ။ အိမ်ထောင်ပြုလိုက်တဲ့အခါ ကုန်ကျမယ့် စရိတ်စကတွေများလွန်းတာကြောင့် အိမ်ထောင်ပြုဖို့မစဉ်းစားတော့တာပါ။ အထူးသဖြင့် ကိုယ်ပိုင်ဝင်ငွေမရှိသေးတဲ့ အသက်အရွယ်မှာပေါ့။

(၂) အခုခေတ်အမျိုးသမီးတွေက အမျိုးသားတွေလိုပဲအလုပ်များကြတယ်

အရင်ခေတ်တွေတုန်းက အမျိုးသမီးတွေက အိမ်မှုကိစ္စတွေသင်ယူမယ်၊ အရွယ်ရောက်လာရင် အိမ်ထောင်ပြုပြီး အိမ်ထောင်ထိန်းသိမ်းမယ်၊ သားသမီးတွေမွေးပြီး ကလေးတွေကို ပြုစုပျိုးထောင်မယ် ၊ ဒီလိုမျိုး ရှင်သန်ကြပါတယ်။ အခုခေတ်မှာတော့ အမျိုးသမီးအများစုက ပညာတွေလေ့လာသင်ယူကြတယ်၊ လုပ်ငန်းတွေကို ဦးဆောင်ကြတယ်၊ ယောကျာ်းတစ်ယောက်ကို မှီခိုဖို့ထက် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်အောင် ကြိုးစားကြတယ်။ ဒီအချက်ကလည်း အခုခေတ်လူငယ်တွေ အိမ်ထောင်ပြုဖို့ နောက်ကျရတဲ့အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။

(၃) အချစ်စစ်ကိုရှာဖို့စိတ်အားထက်သန်လာကြတယ်

အခုခေတ် လူငယ်တွေက စိတ်ခံစားချက်ကို အလေးထားလာကြပြီး လောကကြီးထဲမှာ အချစ်စစ်တကယ်ရှိတယ်လို့ လက်ခံကြပြီး ကိုယ့်အတွက်စစ်မှန်တဲ့အချစ်ကိုတွေ့ဖို့ စိတ်အားထက်သန်ကြပါတယ်။ ဒီတစ်ယောက်ကိုချစ်ပြီး ဒီတစ်ယောက်ကိုလက်ထပ်တာထက် သူဟာကိုယ့်အတွက် စစ်မှန်တဲ့အချစ်ဟုတ်၊မဟုတ်ဆိုတာကို ဆန်းစစ်ချင်ကြပါတယ်။ အိမ်ထောင်တစ်ခုတည်ထောင်ဖို့ထက် အချစ်စစ်ကိုရှာဖို့ ပိုပြီး စိတ်အားထက်သန်ကြတာကြောင့် လွယ်လွယ်နဲ့အိမ်ထောင်မပြုကြခြင်းဖြစ်ပါတယ်။

(၄) ရုန်းကန်လှုပ်ရှားတဲ့ဘဝကိုရွေးချယ်ကြတယ်

အိမ်ထောင်ပြုပြီး ပုံသေကားချပ်ဖြစ်သွားတဲ့ဘဝထက် ရုန်းကန်လှုပ်ရှားရတဲ့ဘဝ၊ ကိုယ်တိုင်စွန့်စားရတဲ့ဘဝမျိုးကို ပိုရွေးချယ်လာကြတာကြောင့် အိမ်ထောင်ပြုတဲ့လမ်းကို သိပ်မရွေးချယ်ကြတော့တာပါ။

(၅) အိမ်ထောင်ရေးရဲ့ဖိစီးမှုတွေကိုမလိုချင်ကြတော့ဘူး

အိမ်ထောင်ရေးရဲ့ပြဿနာတွေ၊ စိတ်ဖိစီးမှုတွေကို ဖြေရှင်းမယ့်အစား အဲ့ဒီအတွက်အသုံးပြုမယ့် energy တွေကို ကိုယ့်ရဲ့အလုပ်အတွက်၊ စီးပွားရေးအတွက် အသုံးချလိုက်မယ်လို့ တွေးတဲ့သူတွေဖြစ်သွားပါပြီ။ ဒါကြောင့် အိမ်ထောင်ပြုဖို့ထက် လွတ်လွတ်လပ်လပ်နေပြီး စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ကိုပဲ ပိုရွေးချယ်လာကြတာပါ။

written by PP