မကြာခဏကြုံရတတ်တဲ့အခက်အခဲလေးတွေကိုဖြေရှင်းပေးနိုင်မယ့် အဖိုးတန်ဖြတ်လမ်းနည်းများ




brightside.me




shutterstock



written by PP

အရေးကြီးကိစ္စတွေရှိလာမှ အခက်အခဲပြဿနာလေးတွေရှိလာလို့ ဒုက္ခဖြစ်နေတာမျိုး၊ ချိန်းထားတာနောက်ကျနေပါတယ်ဆိုမှ ခေါင်းတွေအရမ်းကိုက်နေလို့ အဆင်မပြေဖြစ်နေတာမျိုး၊ အလုပ်မှာအစည်းအဝေးရှိတဲ့နေ့မှ စိတ်တိုလွယ်နေတာမျိုးတွေဟာ နေ့စဉ်ဘဝမှာဖြစ်တတ်တဲ့ အရာတွေဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေနဲ့ကြုံလာရင် အလွယ်တကူဖြေရှင်းနိုင်ဖို့ အားလုံးအတွက်သေချာပေါက်အသုံးဝင်မယ့် ဖြတ်လမ်းနည်းတချို့ကိုဖော်ပြပေးလိုက်ပါတယ်။

(၁) ခေါင်းတွေမခံမရပ်နိုင်အောင် ကိုက်နေပြီး ခေါင်းကိုက်ပျောက်ဆေးလည်းအလွယ်တကူမရနိုင်ဘူးဆိုရင် ခြေမနှစ်ချောင်းကို နှိပ်နယ်ပေးလိုက်ပါ။

(၂) စိတ်တွေအရမ်းလှုပ်ရှားပြီး နှလုံးခုန်မြန်နေတယ်ဆိုရင် မိနစ်အနည်းငယ်လောက် လက်မကိုလေနဲ့မှုတ်ပေးလိုက်ပါ။

(၃) ဘာလုပ်လုပ်စိတ်မပါလက်မပါဖြစ်နေတယ်၊ အကြောင်းရင်းမရှိဘဲ စိတ်ညစ်နေတယ်ဆိုရင် စိတ်ပြန်ကြည်လာဖို့ ခဲတံကိုပါးစပ်မှာကိုက်ထားပေးလိုက်ပါ။

(၄) နှာခေါင်းသွေယိုတာရပ်ဖို့ အပေါ်သွားဖုံးကို မိနစ်အနည်းငယ်လောက် ဖိထားပေးလိုက်ပါ။

(၅) ဆေးသောက်ရမှာကြောက်တဲ့သူတွေက ဆေးကိုတစ်လုံးချင်းသောက်ပြီး ခေါင်းမော့ကာမျိုချတတ်ကြပါတယ်။ တကယ်တော့ ဆေးသောက်လို့မြိုချရခက်နေတဲ့အခါ ခေါင်းကိုငုံ့ပြီးမြိုချတာက ပိုသောက်ရလွယ်ပါတယ်။

(၆) ဆေးထိုးတဲ့အခါ အပ်ကြောက်နေရင် ချောင်းတစ်ချက်လောက်ဟန့်လိုက်ပါ။ အပ် ကြောက်တဲ့စိတ်လျော့နည်းသွားပါလိမ့်မယ်။

(၇) ကြို့ထိုးတာကိုချက်ချင်းပျောက်ဖို့ လက်နှစ်ဖက်ကို ဦးခေါင်းပေါ်ဆန့်တန်းကာ အကြောဆန့်လိုက်ပါ။

written by PP