လူေတြအျမင္မွာအဆင္ေျပသလိုထင္ရေပမယ့္ အတြင္းစိတ္မွာမေပ်ာ္ရႊင္ရတဲ့အေၾကာင္းရင္း(၅)ခ်က္

ကြ်န္မတို႕ဟာ တခါတရံ အေၾကာင္းျပခ်က္မရွိဘဲ စိတ္ဓာတ္က်၊ စိတ္ညစ္ေနတတ္ပါတယ္။ အလုပ္မွာ ထိုက္သေလာက္ေအာင္ျမင္ေပမယ့္ မေပ်ာ္မရႊင္ျဖစ္ေနတာမ်ိဳး၊ အျပင္ပန္းက အဆင္ေျပသလိုျဖစ္ေနေပမယ့္ တကယ္တမ္းစိတ္ထဲမွာ အဆင္မေျပျဖစ္ေနတာမ်ိဳး စတဲ့အေျခအေနေတြ ၾကံဳေတြ႕ေနရတယ္ဆိုတာ ဒီအခ်က္ေတြေၾကာင့္ျဖစ္ပါတယ္။

(၁) ကိုယ့္ကို္ကိုေဝဖန္ျခင္း ၊ တျခားသူေတြကို ေဝဖန္ျခင္း

pinterest

ကိုယ့္ရဲ႕ရုပ္ရည္သြင္ျပင္၊ ကိုယ့္ပိုင္ဆိုင္မႈနဲ႕ပတ္သက္လို႕ ကိုယ့္ကိုယ္ကိုေဝဖန္ေနတာမ်ိဳး၊ သူမ်ားေတြရဲ႕အားနည္းခ်က္၊ ျပစ္ခ်က္ေတြရွာျပီး လိုက္ေဝဖန္ေနတာမ်ိဳးေတြကို လံုးဝမလုပ္ဘဲ ရပ္တန္႕လိုက္ရင္ ဘာေၾကာင့္မွန္းမသိ စိတ္ညစ္ေန၊ စိတ္ဓာတ္က်ေနတာေတြ ကြယ္ေပ်ာက္သြားပါလိမ့္မယ္။

(၂) ကိုယ္လုပ္ခဲ့တဲ့အရာေတြကို အျပစ္ရွိတယ္လို႕ ခံစားေနျခင္း

ကိုယ္အတိတ္မွာလုပ္ခဲ့တဲ့လုပ္ရပ္ေတြ၊ အျပုအမူေတြက မွားခဲ့တယ္လို႕ထင္ေနျပီး အဲ့ဒီအမွားေတြကေန သင္ခန္းစာယူရမယ့္အစား အျပစ္ရွိသလိုခံစားေနတာ၊ ေနာင္တရေနတာက သင့္စိတ္ေပ်ာ္ရႊင္မႈအတြက္ အတားအဆီးျဖစ္ေစပါတယ္။ လူတိုင္းက အမွားလုပ္ဖူးတဲ့သူေတြခ်ည္းပါပဲ။ ဒါေၾကာင့္ ကိုယ္လုပ္ခဲ့ဖူးတဲ့အမွားေတြအတြက္ ေနာင္တရေနမယ့္အစား အဲ့ဒီအမွားေတြကေန သင္ခန္းစာယူျပီး ျပုျပင္ပါ။

(၃) မျမင္နိုင္တဲ့အရာတစ္ခုခုကိုေၾကာက္ရြ႕ံေနျခင္း

freepik

လူတိုင္းမွာ ေၾကာက္စိတ္ရွိၾကပါတယ္။ ဒါေပမယ့္ အျမဲတမ္းေၾကာက္စိတ္က ၾကီးစိုးေနတာမ်ိဳးေတာ့ မျဖစ္သင့္ပါဘူး။ မျမင္နိုင္တဲ့ကံၾကမၼာအတြက္ စိုးရိမ္ေနတာ၊ ျဖစ္မလာေသးတာေတြအတြက္ ေတြးပူေနတာက သင့္ရဲ႕ ေပ်ာ္ရႊင္မႈေတြကို ေပ်ာက္ဆံုးေစပါတယ္။ ဒီလိုမ်ိဳး ေၾကာက္ရြံ႕စိတ္ရွိေနရင္ တရားထိုင္တာ၊ ေယာဂက်င့္တာေတြလုပ္ျပီး စိုးရိမ္စိတ္ေတြေပ်ာက္ေအာင္ ၾကိုးစားသင့္ပါတယ္။

(၄) ခ်စ္တဲ့သူရဲ႕ထိန္းခ်ုပ္မႈကိုခံေနရျခင္း

ခ်စ္သူဆိုတာ မွ်ေဝခံစားေပးတယ္၊ စိတ္ပူေပးတယ္၊ ဂရုစိုက္ေပးတယ္ဆိုတာမ်ိဳး ျဖစ္ရမွာပါ။ ခ်စ္သူလို႕နာမည္ခံထားျပီး စိတ္ပူတယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႕ အလြန္အမင္းခ်ုပ္ျခယ္တာမ်ိဳး၊ ေနရာတကာလိုက္ကန္႕သတ္ေနတာမ်ိဳး၊ လိုက္ထိန္းခ်ုပ္ေနတာမိ်ဳးေတြက သင့္္အတြက္စိတ္ဖိစီးမႈကိုျဖစ္ေစျပီး အေၾကာင္းရင္းမရွိဘဲ စိတ္ဓာတ္က်တာမ်ိဳးေတြျဖစ္လာတတ္ပါတယ္။သင့္ကိုထိန္းခ်ုပ္ေနတဲ့ခ်စ္သူရွိရင္ သင့္အေနနဲ႕ ေပ်ာ္နိုင္မွာမဟုတ္ပါဘူး။

(၅) ေမွ်ာ္လင့္ခ်က္ၾကီးၾကီးထားတတ္ျခင္း

brightside.me

ကိုယ္လုပ္တဲ့အရာေတြအတြက္ ေမွ်ာ္လင့္ခ်က္ၾကီးၾကီးထားတတ္တာေကာင္းေပမယ့္ အရာရာတိုင္းအေပၚ၊ လူတိုင္းအေပၚ ေမွ်ာ္လင့္ခ်က္ၾကီးၾကီးထားတတ္တာက စိတ္ကိုပင္ပန္းေစပါတယ္။ အဲ့ဒီစိတ္က သင့္ကိုအျမဲလိုလိုစိတ္ညစ္ညူးေစပါတယ္။ ဒါေၾကာင့္ တတ္နိုင္သေလာက္ ဘယ္သူ႕အေပၚမွာမွ၊ ဘယ္အရာအေပၚမွာမွ ေမွ်ာ္လင့္ခ်က္ၾကီးၾကီးမထားတာ အေကာင္းဆံုးပါ။

written by PP

ကျွန်မတို့ဟာ တခါတရံ အကြောင်းပြချက်မရှိဘဲ စိတ်ဓာတ်ကျ၊ စိတ်ညစ်နေတတ်ပါတယ်။ အလုပ်မှာ ထိုက်သလောက်အောင်မြင်ပေမယ့် မပျော်မရွှင်ဖြစ်နေတာမျိုး၊ အပြင်ပန်းက အဆင်ပြေသလိုဖြစ်နေပေမယ့် တကယ်တမ်းစိတ်ထဲမှာ အဆင်မပြေဖြစ်နေတာမျိုး စတဲ့အခြေအနေတွေ ကြုံတွေ့နေရတယ်ဆိုတာ ဒီအချက်တွေကြောင့်ဖြစ်ပါတယ်။

(၁) ကိုယ့်ကိုကိုဝေဖန်ခြင်း ၊ တခြားသူတွေကို ဝေဖန်ခြင်း

ကိုယ့်ရဲ့ရုပ်ရည်သွင်ပြင်၊ ကိုယ့်ပိုင်ဆိုင်မှုနဲ့ပတ်သက်လို့ ကိုယ့်ကိုယ်ကိုဝေဖန်နေတာမျိုး၊ သူများတွေရဲ့အားနည်းချက်၊ ပြစ်ချက်တွေရှာပြီး လိုက်ဝေဖန်နေတာမျိုးတွေကို လုံးဝမလုပ်ဘဲ ရပ်တန့်လိုက်ရင် ဘာကြောင့်မှန်းမသိ စိတ်ညစ်နေ၊ စိတ်ဓာတ်ကျနေတာတွေ ကွယ်ပျောက်သွားပါလိမ့်မယ်။

(၂) ကိုယ်လုပ်ခဲ့တဲ့အရာတွေကို အပြစ်ရှိတယ်လို့ ခံစားနေခြင်း

ကိုယ်အတိတ်မှာလုပ်ခဲ့တဲ့လုပ်ရပ်တွေ၊ အပြုအမူတွေက မှားခဲ့တယ်လို့ထင်နေပြီး အဲ့ဒီအမှားတွေကနေ သင်ခန်းစာယူရမယ့်အစား အပြစ်ရှိသလိုခံစားနေတာ၊ နောင်တရနေတာက သင့်စိတ်ပျော်ရွှင်မှုအတွက် အတားအဆီးဖြစ်စေပါတယ်။ လူတိုင်းက အမှားလုပ်ဖူးတဲ့သူတွေချည်းပါပဲ။ ဒါကြောင့် ကိုယ်လုပ်ခဲ့ဖူးတဲ့အမှားတွေအတွက် နောင်တရနေမယ့်အစား အဲ့ဒီအမှားတွေကနေ သင်ခန်းစာယူပြီး ပြုပြင်ပါ။

(၃) မမြင်နိုင်တဲ့အရာတစ်ခုခုကိုကြောက်ရွံ့နေခြင်း

လူတိုင်းမှာ ကြောက်စိတ်ရှိကြပါတယ်။ ဒါပေမယ့် အမြဲတမ်းကြောက်စိတ်က ကြီးစိုးနေတာမျိုးတော့ မဖြစ်သင့်ပါဘူး။ မမြင်နိုင်တဲ့ကံကြမ္မာအတွက် စိုးရိမ်နေတာ၊ ဖြစ်မလာသေးတာတွေအတွက် တွေးပူနေတာက သင့်ရဲ့ ပျော်ရွှင်မှုတွေကို ပျောက်ဆုံးစေပါတယ်။ ဒီလိုမျိုး ကြောက်ရွံ့စိတ်ရှိနေရင် တရားထိုင်တာ၊ ယောဂကျင့်တာတွေလုပ်ပြီး စိုးရိမ်စိတ်တွေပျောက်အောင် ကြိုးစားသင့်ပါတယ်။

(၄) ချစ်တဲ့သူရဲ့ထိန်းချုပ်မှုကိုခံနေရခြင်း

ချစ်သူဆိုတာ မျှဝေခံစားပေးတယ်၊ စိတ်ပူပေးတယ်၊ ဂရုစိုက်ပေးတယ်ဆိုတာမျိုး ဖြစ်ရမှာပါ။ ချစ်သူလို့နာမည်ခံထားပြီး စိတ်ပူတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အလွန်အမင်းချုပ်ခြယ်တာမျိုး၊ နေရာတကာလိုက်ကန့်သတ်နေတာမျိုး၊ လိုက်ထိန်းချုပ်နေတာမျိုးတွေက သင့််အတွက်စိတ်ဖိစီးမှုကိုဖြစ်စေပြီး အကြောင်းရင်းမရှိဘဲ စိတ်ဓာတ်ကျတာမျိုးတွေဖြစ်လာတတ်ပါတယ်။သင့်ကိုထိန်းချုပ်နေတဲ့ချစ်သူရှိရင် သင့်အနေနဲ့ ပျော်နိုင်မှာမဟုတ်ပါဘူး။

(၅) မျှော်လင့်ချက်ကြီးကြီးထားတတ်ခြင်း

ကိုယ်လုပ်တဲ့အရာတွေအတွက် မျှော်လင့်ချက်ကြီးကြီးထားတတ်တာကောင်းပေမယ့် အရာရာတိုင်းအပေါ်၊ လူတိုင်းအပေါ် မျှော်လင့်ချက်ကြီးကြီးထားတတ်တာက စိတ်ကိုပင်ပန်းစေပါတယ်။ အဲ့ဒီစိတ်က သင့်ကိုအမြဲလိုလိုစိတ်ညစ်ညူးစေပါတယ်။ ဒါကြောင့် တတ်နိုင်သလောက် ဘယ်သူ့အပေါ်မှာမှ၊ ဘယ်အရာအပေါ်မှာမှ မျှော်လင့်ချက်ကြီးကြီးမထားတာ အကောင်းဆုံးပါ။

written by PP