ေပ်ာက္ဖို႕ခက္တဲ့ဆားဝက္ျခံေတြကို အျပတ္ရွင္းေပးမယ့္ အိမ္တြင္းနည္းလမ္းေကာင္း(၄)မ်ိဳး

မ်က္နွာေပၚမွာ ဆားဝက္ျခံေတြရွိတာက အေတာ္ေလးစိတ္အေနွာက္အယွက္ျဖစ္စရာေကာင္းျပီး အလွလည္းပ်က္ပါတယ္။ ဆားဝက္ျခံေတြရွိေနရင္ သဘာဝအတိုင္းေနလို႕လည္း အဆင္မေျပသလို၊ မိတ္ကပ္လိမ္းရင္လည္း အဆင္မေျပပါဘူး။ ဒီေတာ့ ဆားဝက္ျခံေတြကို ဖယ္ရွားပစ္ဖို႕လိုပါတယ္။ ဒီေတာ့ တစ္ပတ္တစ္ၾကိမ္လုပ္ရံုနဲ႕ မ်က္နွာေပၚကဆားဝက္ျခံေတြကို အျပီးတိုင္ရွင္းလင္းနိုင္မယ့္ နည္းလမ္းေကာင္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) သံပရို၊ပ်ားရည္၊သၾကား

brightside.me

သံပရိုသီးကိုထက္ျခမ္းျခမ္းျပီး ပ်ားရည္အနည္းငယ္လူးပါ။ အဲ့ဒီအေပၚကေန သၾကားအနည္းငယ္ျဖူးျပီး ဆားဝက္ျခံေတြရွိတဲ့ေနရာမွာ ငါးမိနစ္ေလာက္ပြတ္တိုက္ေပးျပီး မ်က္နွာသစ္ေပးလိုက္ပါ။ တစ္ပတ္တစ္ၾကိမ္ပံုမွန္လုပ္ေပးရင္ ဆားဝက္ျခံေတြ လံုးဝေပ်ာက္ကင္းသြားပါလိမ့္မယ္။

(၂) သစ္ၾကမ္းပိုးမႈန္႕၊ဂ်ံဳမႈန္႕

သစ္ၾကမ္းပိုးမႈန္႕နဲ႕ဂ်ံဳမႈန္႕ကိုဆတူေရာျပီး ေရေနြးအနည္းငယ္နဲ႕ေရာျပီး အနွစ္ျဖစ္ေအာင္လုပ္ပါ။ ရလာတဲ့အနွစ္ကို ဆားဝက္ျခံရွိတဲ့ေနရာမွာ ခပ္ထူထူေလးလိမ္းျပီး ၁၅ မိနစ္ေလာက္ထားေပးျပီး ေရေနြးေလးနဲ႕မ်က္နွာသစ္ေပးလိုက္ပါ။ တစ္ပတ္တစ္ၾကိမ္မွန္မွန္လုပ္သြားရံုနဲ႕ ဆားဝက္ျခံေတြေပ်ာက္ကင္းသြားပါလိမ့္မယ္။

(၃) အုန္းဆီ၊ေကာ္ဖီမႈန္႕

brightside.me

အုန္းဆီထဲကို ေကာ္ဖီမႈန္႕အနည္းငယ္ထည့္ျပီး ေရခဲေသတၱာထဲမွာခဲထားလို္က္ပါ။ အဲ့ဒီ ေကာ္ဖီမႈန္႕၊အုန္းဆီ အခဲေလးနဲ႕ ဆားဝက္ျခံရွိတဲ့ေနရာကို ပြတ္တိုက္ေပးျပီး ေရေနြးနဲ႕မ်က္နွာသစ္ေပးလိုက္ပါ။ တစ္ပတ္တစ္ၾကိမ္ပံုမွန္လုပ္ေပးရင္ ဆားဝက္ျခံေတြ လံုးဝေပ်ာက္ကင္းနိုင္ပါတယ္။

(၄) အုတ္ဂ်ံဳ၊ပ်ားရည္၊ဒိန္ခ်ဉ္၊သံလြင္ဆီ

အုတ္ဂ်ံဳနွစ္ဇြန္း၊ ပ်ားရည္နွစ္ဇြန္း၊ ဒိန္ခ်ဉ္နွစ္ဇြန္း၊ သံလြင္ဆီနွစ္ဇြန္းတို႕ကိုေရာျပီး blender ထဲ ထည့္ေမႊပါ။ ရလာတဲ့အနွစ္ကို ဆားဝက္ျခံရွိတဲ့ေနရာမွာ ခပ္ထူထူေလးလိမ္းျပီး မိနစ္ နွစ္ဆယ္ၾကာတဲ့အခါ ေရေနြးေလးနဲ႕ျပန္ေဆးခ်လိုက္ပါ။ တစ္ပတ္တစ္ၾကိမ္လုပ္ေပးရင္ ဆားဝက္ျခံေတြလံုးဝရွင္းသြားပါလိမ့္မယ္။

written by PP

မျက်နှာပေါ်မှာ ဆားဝက်ခြံတွေရှိတာက အတော်လေးစိတ်အနှောက်အယှက်ဖြစ်စရာကောင်းပြီး အလှလည်းပျက်ပါတယ်။ ဆားဝက်ခြံတွေရှိနေရင် သဘာဝအတိုင်းနေလို့လည်း အဆင်မပြေသလို၊ မိတ်ကပ်လိမ်းရင်လည်း အဆင်မပြေပါဘူး။ ဒီတော့ ဆားဝက်ခြံတွေကို ဖယ်ရှားပစ်ဖို့လိုပါတယ်။ ဒီတော့ တစ်ပတ်တစ်ကြိမ်လုပ်ရုံနဲ့ မျက်နှာပေါ်ကဆားဝက်ခြံတွေကို အပြီးတိုင်ရှင်းလင်းနိုင်မယ့် နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) သံပရို၊ပျားရည်၊သကြား

သံပရိုသီးကိုထက်ခြမ်းခြမ်းပြီး ပျားရည်အနည်းငယ်လူးပါ။ အဲ့ဒီအပေါ်ကနေ သကြားအနည်းငယ်ဖြူးပြီး ဆားဝက်ခြံတွေရှိတဲ့နေရာမှာ ငါးမိနစ်လောက်ပွတ်တိုက်ပေးပြီး မျက်နှာသစ်ပေးလိုက်ပါ။ တစ်ပတ်တစ်ကြိမ်ပုံမှန်လုပ်ပေးရင် ဆားဝက်ခြံတွေ လုံးဝပျောက်ကင်းသွားပါလိမ့်မယ်။

(၂) သစ်ကြမ်းပိုးမှုန့်၊ဂျုံမှုန့်

သစ်ကြမ်းပိုးမှုန့်နဲ့ဂျုံမှုန့်ကိုဆတူရောပြီး ရေနွေးအနည်းငယ်နဲ့ရောပြီး အနှစ်ဖြစ်အောင်လုပ်ပါ။ ရလာတဲ့အနှစ်ကို ဆားဝက်ခြံရှိတဲ့နေရာမှာ ခပ်ထူထူလေးလိမ်းပြီး ၁၅ မိနစ်လောက်ထားပေးပြီး ရေနွေးလေးနဲ့မျက်နှာသစ်ပေးလိုက်ပါ။ တစ်ပတ်တစ်ကြိမ်မှန်မှန်လုပ်သွားရုံနဲ့ ဆားဝက်ခြံတွေပျောက်ကင်းသွားပါလိမ့်မယ်။

(၃) အုန်းဆီ၊ကော်ဖီမှုန့်

အုန်းဆီထဲကို ကော်ဖီမှုန့်အနည်းငယ်ထည့်ပြီး ရေခဲသေတ္တာထဲမှာခဲထားလိုက်ပါ။ အဲ့ဒီ ကော်ဖီမှုန့်၊အုန်းဆီ အခဲလေးနဲ့ ဆားဝက်ခြံရှိတဲ့နေရာကို ပွတ်တိုက်ပေးပြီး ရေနွေးနဲ့မျက်နှာသစ်ပေးလိုက်ပါ။ တစ်ပတ်တစ်ကြိမ်ပုံမှန်လုပ်ပေးရင် ဆားဝက်ခြံတွေ လုံးဝပျောက်ကင်းနိုင်ပါတယ်။

(၄) အုတ်ဂျုံ၊ပျားရည်၊ဒိန်ချဉ်၊သံလွင်ဆီ

အုတ်ဂျုံနှစ်ဇွန်း၊ ပျားရည်နှစ်ဇွန်း၊ ဒိန်ချဉ်နှစ်ဇွန်း၊ သံလွင်ဆီနှစ်ဇွန်းတို့ကိုရောပြီး blender ထဲ ထည့်မွှေပါ။ ရလာတဲ့အနှစ်ကို ဆားဝက်ခြံရှိတဲ့နေရာမှာ ခပ်ထူထူလေးလိမ်းပြီး မိနစ် နှစ်ဆယ်ကြာတဲ့အခါ ရေနွေးလေးနဲ့ပြန်ဆေးချလိုက်ပါ။ တစ်ပတ်တစ်ကြိမ်လုပ်ပေးရင် ဆားဝက်ခြံတွေလုံးဝရှင်းသွားပါလိမ့်မယ်။

written by PP