မိဘကို ကျေးဇူး မဆက်ချင်နေပါ ကျေးဇူးမကန်းပါနဲ့

မိဘကို ကျေးဇူး မဆက်ချင်နေပါ ကျေးဇူးမကန်းပါနဲ့

တခါက ဒေါ်ကျင်ဥ ဆိုတဲ့ အဖွှားကြီးဟာ အသက်ရွယ်ကြီးမှ အိမ်ထောင်ပြုရသည်ဖြစ်၍ ရှားရှားပါးပါးသမီးလေးတစ်ယောက်ထဲရှိပါတယ်။

ထို မိခင်ကြီး မကျင်ဥဟာ သမီးလေးကလည်းအသားရေလေးကဖွေး ရုပ်ရည်လေးကလည်းချောတော့အငယ်လေးကတည်းက ဘာမှ မခိုင်းဘူးဒီတော့ မြို့ရုပ် မြို့သွေး ပေါက်နေတယ်။

ဒီလိုနဲ့ မယဉ်ရွှေ ၁၅.နှစ် ၁၆နှစ် အပျိုဖျန်း အရွယ်လောက် အရောက်မှာ သူ့အမေ ဒေါ်ကျင်ဥဟာနေမကောင်းဖြစ်ရှာပါတယ်။

ဒီတော့ အဖွှားကြီးဟာ အိမ်ထဲက သူ့သမီး မယဉ်ရွှေကိုခုလို လှမ်းပြောပါတယ်။

“ဟေး သမီးယဉ်ရွှေရေ အမေ နေသိပ်ပြီးမကောင်းလို့နင့် အဖေဖို့ ထမင်းလေး ချက်လိုက်ပါအုန်းနော်……”ဒီလိုလည်း ပြောလိုက်ရော

မယဉ်ရွှေက ခုလိုပြန်ပြောလိုက်ပါတယ် မီးဖိုချောင်ထဲတမင်းစားနေရင်းနဲ့

“တော့ ယောကျာ်းကို ကျုပ်က အငှားလင်လုပ်ပြီးချက်ကျွေးပြုစု လုပ်ကျွေးရအုန်းမှာလား…တော့ချက်မကျွေးနိုင်ဘူး တော်ပါတူ လာချက်ကျွေးလို့

ပြောလိုက်တော့ အဖွှားကြီးမှာ တုံတုံရင်ရင်နဲ့နေမကောင်းတဲ့ကြားထဲကနေ မီးဖိုချောင်ထဲဝင်လာပြီး ခုလိုပြောပါတယ်။

“ဟဲ့ယဉ်ရွှေ နင့်စကားက တော်တော်ရိုင်းလှပါလား……”ငါ တကယ်မလုပ်နိုင်လို့ တခါလေးခိုင်းမိပါတယ်

ငါ ပါးများချလိုက်ရတော့ဆိုပြီး လက်နဲ့ရွယ်ကာရှိသေးတယ် မယဉ်ရွှေဟာ ထိုင်ရာမှ ထလာပြီး မက်တတ်ရက်လက်ကို ခါးထောက်ပြီး ခုလိုပြောပါတယ်။

“ဒီမယ် ဒေါ်ကျင်ဥ တော့ကြည့်မှ လက်ပါတာမဟုတ်ဘူးကျုပ်မှာလည်း လက်ပါတယ်ဆိုပြီး ပြောပြောဆိုဆိုနဲ့သူ့အမေရဲ့ ပါးကို ဖျန်းခနဲ ရိုက်ထည့်လိုက်ပါတယ်။”

ဒီတော့ အဖွှားကြီးမှာ ဝမ်းနည်းပြီး မျက်ရည်များကြပြီး ငိုနေခိုက် အပြင်ကနေ “ယဉ်ရွှေရေ ယဉ်ရွှေရေနဲ့ ခေါ်သံကြားတော့ မယဉ်ရွှေတစ်ယောက် မီးဖိုထဲမှ ထွက်၍ လိုက်သွားလေသည်။

ဒီလိုနဲ့ တဖြေးဖြေးနဲ့ ရွာလည်လမ်းမကြီးအတိုင်းရွာအရှေ့ဘက် ရိုးပျက်တောကြီးထဲရောက်တော့

မယဉ်ရွှေ ဒူးထောက်ပြီး လေးဘက်ထောက်၍ လဲကြသွားသည့်အချိန်ပြန်ထ၍မရတော့ပါ ဒီတော့မှ တဖြေးဖြေး မြေမြိုနေသည်ကို တွေ့ရသည်။

ဒီတော့ တစ်ယောက်စကား တစ်ယောက်နားဆိုတော့

“ဟေး……ရွာ့အရှေ့ဘက် ရိုးပျက်တောထဲမှာယဉ်ရွှေတစ်ယောက် မြေမြိုနေတယ် ဆိုတဲ့ အသံကြားတော့ တရွာလုံးထွက်လာပြီး ဝါးတွေနဲ့ ကူတယ်

မရဘူး ရေဘူးတွေလှမ်းပေးတယ် မရဘူး အရမ်းပူတော့အနားကပ်မရဘူးဖြစ်နေတယ်။

“ရေစာတယ် ရေစာတယ် ကျုပ်ကို ရေတိုက်ကြပါနဲ့”ဘယ်လိုပဲပြောပြော မရဘူး အဖြေးဖြေးနဲ့ ခါးလောက်ရောက်နေပြီ ဒီတော့ သူအမေအဖွှားကြီး မကျင်ဥဟာ ပြေးလာပြီး ခုလိုပြောပါတယ်။

“သမီး အမေ့ကို စော်ကားလို့ခုလိုဖြစ်ရတာသမီးကို အမေခွင့်လွတ်ပါတယ်။

အမေ့ကို ပြန်ပြီးတောင်းပန်လိုက် စသဖြင့်ပြောပေမဲ့ မရတော့ဘူး မိဘကို စော်ကားတဲ့ အပြစ်က ခွင့်မလွတ်ပဲ ခဏ အကြာမှာပဲမြေကြီးထဲ အကုန်ဝင်သွားလေတော့သည်။

သင်ခန်းစာ

မိဘတွေသည် သားသမီးကို တကယ်ချစ်ရင်စာပေနဲ့ တရားဓမ္မ များနဲ့ နီးစပ်အောင် သင်ကြားပေးထားသင့်ပါတယ်။

သို့မှ အသိလိမ္မာများတိုးပွှား၍လူတော် လူကောင်းတစ်ယောက်ဖြစ်လာနိုင်သည်။

သားသမီးများအနေနဲ့လည်း မည်သို့ပင် ဖြစ်နေပါစေမိဘရဲ့ ကျေးဇူးကို မဆက်ချင်ရင်နေပါ ဘယ်တော့မှကျေးဇူးမကန်း သင့်ပါဘူး

ကျေးဇူးကန်းတဲ့ သားသမီးတိုင်းသည်ဘေးဒုက္ခအမျိုးမျိုးနဲ့ ဘဝမှာ တွေကြုံနိုင်ပါတယ်။

အရှင်သူရိယ ပြန်လည်မျှဝေသည်

မိဘကို ေက်းဇူး မဆက္ခ်င္ေနပါ ေက်းဇူးမကန္းပါနဲ႕

တခါက ေဒၚက်င္ဥ ဆိုတဲ႕ အဖြွားျကီးဟာ အသက္ရြယ္ျကီးမွ အိမ္ေထာင္ျပဳရသည္ျဖစ္၍ ရွားရွားပါးပါးသမီးေလးတစ္ေယာက္ထဲရွိပါတယ္။

ထို မိခင္ျကီး မက်င္ဥဟာ သမီးေလးကလည္းအသားေရေလးကေဖြး ရုပ္ရည္ေလးကလည္းေခ်ာေတာ့အငယ္ေလးကတည္းက ဘာမွ မခိုင္းဘူးဒီေတာ့ ျမိဳ႕ရုပ္ ျမိဳ႕ေသြး ေပါက္ေနတယ္။

ဒီလိုနဲ႕ မယဥ္ေရြွ ၁၅.နွစ္ ၁၆နွစ္ အပ်ိဳဖ်န္း အရြယ္ေလာက္ အေရာက္မွာ သူ႔အေမ ေဒၚက်င္ဥဟာေနမေကာင္းျဖစ္ရွာပါတယ္။

ဒီေတာ့ အဖြွားျကီးဟာ အိမ္ထဲက သူ႔သမီး မယဥ္ေရြွကိုခုလို လွမ္းေျပာပါတယ္။

“ေဟး သမီးယဥ္ေရြွေရ အေမ ေနသိပ္ျပီးမေကာင္းလို႔နင့္ အေဖဖို႔ ထမင္းေလး ခ်က္လိုက္ပါအုန္းေနာ္……”ဒီလိုလည္း ေျပာလိုက္ေရာ

မယဥ္ေရြွက ခုလိုျပန္ေျပာလိုက္ပါတယ္ မီးဖိုေခ်ာင္ထဲတမင္းစားေနရင္းနဲ႕

“ေတာ့ ေယာက်ာ္းကို က်ဳပ္က အငွားလင္လုပ္ျပီးခ်က္ေကြ်းျပဳစု လုပ္ေကြ်းရအုန္းမွာလား…ေတာ့ခ်က္မေကြ်းနိုင္ဘူး ေတာ္ပါတူ လာခ်က္ေကြ်းလို႔

ေျပာလိုက္ေတာ့ အဖြွားျကီးမွာ တုံတုံရင္ရင္နဲ႕ေနမေကာင္းတဲ႕ျကားထဲကေန မီးဖိုေခ်ာင္ထဲဝင္လာျပီး ခုလိုေျပာပါတယ္။

“ဟဲ႕ယဥ္ေရြွ နင့္စကားက ေတာ္ေတာ္ရိုင္းလွပါလား……”ငါ တကယ္မလုပ္နိုင္္လို႔ တခါေလးခိုင္းမိပါတယ္

ငါ ပါးမ်ားခ်လိုက္ရေတာ့ဆိုျပီး လက္နဲ႕ရြယ္ကာရွိေသးတယ္ မယဥ္ေရြွဟာ ထိုင္ရာမွ ထလာျပီး မက္တတ္ရက္လက္ကို ခါးေထာက္ျပီး ခုလိုေျပာပါတယ္။

“ဒီမယ္ ေဒၚက်င္ဥ ေတာ့ျကည့္မွ လက္ပါတာမဟုတ္ဘူးက်ဳပ္မွာလည္း လက္ပါတယ္ဆိုျပီး ေျပာေျပာဆိုဆိုနဲ႕သူ႔အေမရဲ႕ ပါးကို ဖ်န္းခနဲ ရိုက္ထည့္လိုက္ပါတယ္။”

ဒီေတာ့ အဖြွားျကီးမွာ ဝမ္းနည္းျပီး မ်က္ရည္မ်ားျကျပီး ငိုေနခိုက္ အျပင္ကေန “ယဥ္ေရြွေရ ယဥ္ေရြွေရနဲ႕ ေခၚသံျကားေတာ့ မယဥ္ေရြွတစ္ေယာက္ မီးဖိုထဲမွ ထြက္၍ လိုက္သြားေလသည္။

ဒီလိုနဲ႕ တေျဖးေျဖးနဲ႕ ရြာလည္လမ္းမျကီးအတိုင္းရြာအေရွ႔ဘက္ ရိုးပ်က္ေတာျကီးထဲေရာက္ေတာ့

မယဥ္ေရြွ ဒူးေထာက္ျပီး ေလးဘက္ေထာက္၍ လဲျကသြားသည့္အခ်ိန္ျပန္ထ၍မရေတာ့ပါ ဒီေတာ့မွ တေျဖးေျဖး ေျမျမိဳေနသည္ကို ေတြ႔ရသည္။

ဒီေတာ့ တစ္ေယာက္စကား တစ္ေယာက္နားဆိုေတာ့

“ေဟး……ရြာ့အေရွ႔ဘက္ ရိုးပ်က္ေတာထဲမွာယဥ္ေရြွတစ္ေယာက္ ေျမျမိဳေနတယ္ ဆိုတဲ႕ အသံျကားေတာ့ တရြာလုံးထြက္လာျပီး ဝါးေတြနဲ႕ ကူတယ္

မရဘူး ေရဘူးေတြလွမ္းေပးတယ္ မရဘူး အရမ္းပူေတာ့အနားကပ္မရဘူးျဖစ္ေနတယ္။

“ေရစာတယ္ ေရစာတယ္ က်ဳပ္ကို ေရတိုက္ျကပါနဲ႕”ဘယ္လိုပဲေျပာေျပာ မရဘူး အေျဖးေျဖးနဲ႕ ခါးေလာက္ေရာက္ေနျပီ ဒီေတာ့ သူအေမအဖြွားျကီး မက်င္ဥဟာ ေျပးလာျပီး ခုလိုေျပာပါတယ္။

“သမီး အေမ့ကို ေစာ္ကားလို႔ခုလိုျဖစ္ရတာသမီးကို အေမခြင့္လြတ္ပါတယ္။

အေမ့ကို ျပန္ျပီးေတာင္းပန္လိုက္ စသျဖင့္ေျပာေပမဲ႕ မရေတာ့ဘူး မိဘကို ေစာ္ကားတဲ႕ အျပစ္က ခြင့္မလြတ္ပဲ ခဏ အျကာမွာပဲေျမျကီးထဲ အကုန္ဝင္သြားေလေတာ့သည္။

သင္ခန္းစာ

မိဘေတြသည္ သားသမီးကို တကယ္ခ်စ္ရင္စာေပနဲ႕ တရားဓမၼ မ်ားနဲ႕ နီးစပ္ေအာင္ သင္ျကားေပးထားသင့္ပါတယ္။

သို႔မွ အသိလိမၼာမ်ားတိုးပြွား၍လူေတာ္ လူေကာင္းတစ္ေယာက္ျဖစ္လာနိုင္သည္။

သားသမီးမ်ားအေနနဲ႕လည္း မည္သို႔ပင္ ျဖစ္ေနပါေစမိဘရဲ႕ ေက်းဇူးကို မဆက္ခ်င္ရင္ေနပါ ဘယ္ေတာ့မွေက်းဇူးမကန္း သင့္ပါဘူး

ေက်းဇူးကန္းတဲ႕ သားသမီးတိုင္းသည္ေဘးဒုကၡအမ်ိဳးမ်ိဳးနဲ႕ ဘဝမွာ ေတြျကံဳနိုင္ပါတယ္။

အရွင္သူရိယ ျပန္လည္မွ်ေ၀သည္