နားထိုင်းကြသူများ (ပညာပေးပုံပြင်)
တစ်ခါတုန်းက နားထိုင်းတဲ့ ဆိတ်ကျောင်းသားတစ်ယောက်က ဆိတ်တွေပျောက်တော့ သူ့ဆိတ်တွေတွေ့မိလားလို့ ထန်းပင်ပေါ်က ထန်းသမားတစ်ယောက်ကို လှမ်းမေးတယ် ။
ထန်းပင်ပေါ်က ထန်းသမားကလည်းနားထိုင်းတော့ဆိတ် မေးတယ်မထင်ဘူး သူ့ထန်းတွေမေးတယ်ထင်လို့ …..
အောင်မာ ဟောဒီဘက်က ထန်းတောစုကကျုပ်ယောက္ခပိုင်တာတွေ ကျုပ်ပိုင်တာပေါ့ဗျ လို့လက်ညှိုးထိုးပြီး ခပ်ကြွားကြွား ပြန်ပြောတယ် ။
ဒါကို ဆိတ်ကျောင်းသား နားထိုင်းက အဲ့ဒီဖက်မှာရှိတယ် လို့ ပြောတယ်ထင်ပြီး ရှာတော့ …ကံအားလျှော်စွာပဲ သူ့ဆိတ်အုပ်ကိုပြန်တွေ့တယ် ။
ဒါနဲ့ ထန်းသမားကြောင့်သာ သူ့ဆိတ်တွေပြန်ရတယ် သူ့ကျေးဇူးရှိတယ် ဆိုပြီး ဆိတ်ကျိုး လေးတစ်ကောင်လက်ဆောင်ပေးဖို့ယူလာတယ် ။
ပြီးတော့ ဆိတ်ကလေး လက်ဆောင်ပေးချင်လို့ထန်းပင်ပေါ်ကဆင်းခဲ့ဖို့ အော်ပြောတယ် ။
ဒါပေမယ့် ထန်းသမား နားထိုင်းက ဘာပြောတယ်ဆိုတာမကြားဘူး ဆိတ်ကိုအောက်ချလိုက်တော့လဲသွားတဲ့ ဆိတ်ကျိုး ကိုပဲမြင်ပြီးတော့သူ့ခွေးကိုက်လို့ကျိုးတယ် လို့ ပြောတာထင်ပြီး …..
ဟိတ်လူ ခင်ဗျား ဆိတ် ကျုပ်ခွေးကိုက်တာမဟုတ်ဖူးကျုပ်ခွေးက ဒီထန်းပင်အောက်မှာအိပ်နေတာကြာပြီဗျ လို့ပြန်ပြောတယ်…..
ဆိတ်ကျောင်းသား နားထိုင်းကလည်း အားနာလို့ငြင်းနေတာပဲလို့ထင်ပြီး ဆင်းခဲ့ဖို့ အကြိမ်ကြိမ်ခေါ်တယ် …..
ထန်းသမား နားထိုင်းကလည်း သူ့စွပ်စွဲတယ်ထင်ပြီးသူ့ခွေးကိုက်တာမဟုတ်ကြောင်း အကြိမ်ကြိမ် ငြင်းတယ်…
နောက်ဆုံး ဘယ်လိုမှပြောလို့မရတော့ သူကြီးဆီအဆုံးအဖြတ်ခံဖို့ သွားကြတယ်……
ဆိတ်ကျောင်းသား နားထိုင်းကလည်း ထန်းသမားကျေးဇူးတွေအတွက် ဆိတ်ကျိုးလေး လက်ဆောင်ပေးချင်တာ လက်မခံတဲ့အကြောင်း …
ထန်းသမား နားထိုင်းကလည်း အဲ့ဒီ ဆိတ်ကျိုးတာ သူ့ခွေးကိုက်လို့မဟုတ်ကြောင်း အသီးသီးပြောကြတော့…
မကြာခင်ကမှ မိန်းမ နဲ့ ကွဲထားတဲ့ သူကြီး နားထိုင်းကလည်း သူ့မိန်းမနဲ့ပြန်စေ့စပ်နေတယ်ထင်ပြီး …
ခင်ဗျားတို့ ဘယ်လိုပဲ နားချနားချ ကျုပ်ကတော့ လုံးဝပြန်မပေါင်းနိုင်တော့ဘူးဗျာ ဒါပဲကဲ ခင်ဗျားတို့ ပြန်ကြတော့တဲ့ …….။
ဒီပုံပြင် ကတော့ ဟာသပုံပြင် ပါပဲ …… ။
ဒါပေမယ့် သေချာစဉ်းစားကြည့်လိုက်ရင် ကျွန်တော်တို့ တတွေလည်း နားထိုင်းကြပါတယ်…။
ကျွန်တော်တို့ရဲ့ မိဘ ဆရာ အသီးသီး ရဲ့ကျွန်တော်တို့ ဘဝရှည်ရေးအတွက် စေတနာထားပြီး ပြောတဲ့စကားတွေကို ကျွန်တော်တို့ ရဲ့အတ္တ မာန နားဖာချေးတွေ ပိတ်ပြီးအမှန်အတိုင်းမကြားနိုင်ကျဘူး …..။
ဆရာတော်ဘုရားကြီး တွေ ရဲ့သံသရာ ကလွတ်ကြောင်း နည်းလမ်းကောင်းတရားတော် တွေကိုလည်း ……
ကျွန်တော်တို့ရဲ့ အဝိဇ္ဇာ နားဖာချေးတွေ ကြောင့်အမှန်အတိုင်း မကြားနိုင်ကျဘူး ……။
ကျွန်တော်တို့ စိတ်ထဲမှာစွဲနေတဲ့အတိုင်း ပဲကြားချင်သလိုပဲ ကြားလိုက်တယ် …..။
ဒါပေမယ့် ယုံကြည်နေပါတယ် …။
ကျွန်တော်တို့ နားထိုင်းတယ် ဆိုတာ ကျွန်တော်တို့ ကိုယ် ကျွန်တော်တို့ သိပြီးလက်ခံလာနိုင်တဲ့နေ့ ….
အမှန်တရားကို တစ်ကယ်ကြားချင်စိတ် ရှိလာတဲ့နေ့ … ကျရင်တော့အမှန်အတိုင်းကြားနိုင်လာလိမ့်မယ်လို့ …..။
ဒါပေမယ့် …
ခုချိန်ထိတော့ ကျွန်တော် နားထိုင်းနေဆဲ …
အရာရာတိုင်းကို အမှန်အတိုင်းကြားနိုင်ဖို့ [ သိနိုင်ဖို့ ] အတ္တ မာန နားဖာချေးတွေပါးအောင် ကြိုးစားရှင်းနေရဆဲပါပဲ …..။
အရှင်သူရိယ ပြန်လည်မျှဝေသည်
နားထိုင္းၾကသူမ်ား (ပညာေပးပံုျပင္)
တစ္ခါတုန္းက နားထိုင္းတဲ့ ဆိတ္ေက်ာင္းသားတစ္ေယာက္က ဆိတ္ေတြေပ်ာက္ေတာ့ သူ႔ဆိတ္ေတြေတြ႔မိလားလို႔ ထန္းပင္ေပၚက ထန္းသမားတစ္ေယာက္ကို လွမ္းေမးတယ္ ။
ထန္းပင္ေပၚက ထန္းသမားကလည္းနားထိုင္းေတာ့ဆိတ္ ေမးတယ္မထင္ဘူး သူ႔ထန္းေတြေမးတယ္ထင္လို႔ …..
ေအာင္မာ ေဟာဒီဘက္က ထန္းေတာစုကက်ဳပ္ေယာကၡပိုင္တာေတြ က်ဳပ္ပိုင္တာေပါ့ဗ် လို႔လက္ညွိဳးထိုးၿပီး ခပ္ႂကြားႂကြား ျပန္ေျပာတယ္ ။
ဒါကို ဆိတ္ေက်ာင္းသား နားထိုင္းက အဲ့ဒီဖက္မွာရိွတယ္ လို႔ ေျပာတယ္ထင္ၿပီး ႐ွာေတာ့ …ကံအားေလ်ွာ္စြာပဲ သူ႔ဆိတ္အုပ္ကိုျပန္ေတြ႔တယ္ ။
ဒါနဲ႔ ထန္းသမားေၾကာင့္သာ သူ႔ဆိတ္ေတြျပန္ရတယ္ သူ႔ေက်းဇူးရိွတယ္ ဆိုၿပီး ဆိတ္က်ိဳး ေလးတစ္ေကာင္လက္ေဆာင္ေပးဖို႔ယူလာတယ္ ။
ၿပီးေတာ့ ဆိတ္ကေလး လက္ေဆာင္ေပးခ်င္လို႔ထန္းပင္ေပၚကဆင္းခဲ့ဖို႔ ေအာ္ေျပာတယ္ ။
ဒါေပမယ့္ ထန္းသမား နားထိုင္းက ဘာေျပာတယ္ဆိုတာမၾကားဘူး ဆိတ္ကိုေအာက္ခ်လိုက္ေတာ့လဲသြားတဲ့ ဆိတ္က်ိဳး ကိုပဲျမင္ၿပီးေတာ့သူ႔ေခြးကိုက္လို႔က်ိဳးတယ္ လို႔ ေျပာတာထင္ၿပီး …..
ဟိတ္လူ ခင္ဗ်ား ဆိတ္ က်ဳပ္ေခြးကိုက္တာမဟုတ္ဖူးက်ဳပ္ေခြးက ဒီထန္းပင္ေအာက္မွာအိပ္ေနတာၾကာၿပီဗ် လို႔ျပန္ေျပာတယ္…..
ဆိတ္ေက်ာင္းသား နားထိုင္းကလည္း အားနာလို႔ျငင္းေနတာပဲလို႔ထင္ၿပီး ဆင္းခဲ့ဖို႔ အႀကိမ္ႀကိမ္ေခၚတယ္ …..
ထန္းသမား နားထိုင္းကလည္း သူ႔စြပ္စြဲတယ္ထင္ၿပီးသူ႔ေခြးကိုက္တာမဟုတ္ေၾကာင္း အႀကိမ္ႀကိမ္ ျငင္းတယ္…
ေနာက္ဆံုး ဘယ္လိုမွေျပာလို႔မရေတာ့ သူႀကီးဆီအဆံုးအျဖတ္ခံဖို႔ သြားၾကတယ္……
ဆိတ္ေက်ာင္းသား နားထိုင္းကလည္း ထန္းသမားေက်းဇူးေတြအတြက္ ဆိတ္က်ိဳးေလး လက္ေဆာင္ေပးခ်င္တာ လက္မခံတဲ့အေၾကာင္း …
ထန္းသမား နားထိုင္းကလည္း အဲ့ဒီ ဆိတ္က်ိဳးတာ သူ႔ေခြးကိုက္လို႔မဟုတ္ေၾကာင္း အသီးသီးေျပာၾကေတာ့…
မၾကာခင္ကမွ မိန္းမ နဲ႔ ကြဲထားတဲ့ သူႀကီး နားထိုင္းကလည္း သူ႔မိန္းမနဲ႔ျပန္ေစ့စပ္ေနတယ္ထင္ၿပီး …
ခင္ဗ်ားတို႔ ဘယ္လိုပဲ နားခ်နားခ် က်ဳပ္ကေတာ့ လံုးဝျပန္မေပါင္းႏိုင္ေတာ့ဘူးဗ်ာ ဒါပဲကဲ ခင္ဗ်ားတို႔ ျပန္ၾကေတာ့တဲ့ …….။
ဒီပံုျပင္ ကေတာ့ ဟာသပံုျပင္ ပါပဲ …… ။
ဒါေပမယ့္ ေသခ်ာစဥ္းစားၾကည့္လိုက္ရင္ ကြၽန္ေတာ္တို႔ တေတြလည္း နားထိုင္းၾကပါတယ္…။
ကြၽန္ေတာ္တို႔ရဲ႕ မိဘ ဆရာ အသီးသီး ရဲ႕ကၽြန္ေတာ္တို႔ ဘဝ႐ွည္ေရးအတြက္ ေစတနာထားၿပီး ေျပာတဲ့စကားေတြကို ကြၽန္ေတာ္တို႔ ရဲ႕အတၱ မာန နားဖာေခ်းေတြ ပိတ္ၿပီးအမွန္အတိုင္းမၾကားႏိုင္က်ဘူး …..။
ဆရာေတာ္ဘုရားႀကီး ေတြ ရဲ႕သံသရာ ကလြတ္ေၾကာင္း နည္းလမ္းေကာင္းတရားေတာ္ ေတြကိုလည္း ……
ကြၽန္ေတာ္တို႔ရဲ႕ အဝိဇၨာ နားဖာေခ်းေတြ ေၾကာင့္အမွန္အတိုင္း မၾကားႏိုင္က်ဘူး ……။
ကြၽန္ေတာ္တို႔ စိ္တ္ထဲမွာစြဲေနတဲ့အတိုင္း ပဲၾကားခ်င္သလိုပဲ ၾကားလိုက္တယ္ …..။
ဒါေပမယ့္ ယံုၾကည္ေနပါတယ္ …။
ကြၽန္ေတာ္တို႔ နားထိုင္းတယ္ ဆိုတာ ကြၽန္ေတာ္တို႔ ကိုယ္ ကြၽန္ေတာ္တို႔ သိျပီးလက္ခံလာႏိုင္တဲ့ေန႔ ….
အမွန္တရားကို တစ္ကယ္ၾကားခ်င္စိတ္ ရိွလာတဲ့ေန႔ … က်ရင္ေတာ့အမွန္အတိုင္းၾကားႏိုင္လာလိမ့္မယ္လို႔ …..။
ဒါေပမယ့္ …
ခုခ်ိန္ထိေတာ့ ကြၽန္ေတာ္ နားထိုင္းေနဆဲ …
အရာရာတိုင္းကို အမွန္အတိုင္းၾကားႏိုင္ဖို႔ [ သိႏိုင္ဖို႔ ] အတၱ မာန နားဖာေခ်းေတြပါးေအာင္ ႀကိဳးစား႐ွင္းေနရဆဲပါပဲ …..။
အရွင္သူရိယ ျပန္လည္မွ်ေ၀သည္