ရင်ဆိုင်ရဲတဲ့သူမှ နိုင်တာပါ

ရင်ဆိုင်ရဲတဲ့သူမှ နိုင်တာပါ။

အချိန်ဟာ ဘဝပဲ၊ အချိန်မပါဘဲ ဘဝကိုဖွဲ့စည်းလို့မရဘူး။ မင်းဘဝကို တန်ဖိုးထားရင် မင်းရဲ့ အချိန်ကိုလည်း တန်ဖိုးထားရလိမ့်မယ်။

ကဗျာရူးရယ် စာရူးရယ် အချစ်ရူးရယ် ငါအချစ်ဆုံးပဲ။ သူတို့ကနှလုံးသားရှိလို့။ ဥစ္စာရူးရယ် အာ ဏာရူးရယ် ငါအမုန်းဆုံး၊ သူတို့ကနှလုံးသားမရှိလို့။

စိတ်ပျက်လက်ပျက် ဆိုတာမျိူးမဖြစ်စေနဲ့။ စိတ်ပျက်ချင်ပျက် လက်တော့မပျက်နဲ့။ ဆိုလိုတာက လေ့ကျင့်ကြိုးပမ်းမှုကို မလျော့လိုက်နဲ့။

လူတွေက မကောင်းတာ လုပ်ဖြစ်ရင် မကောင်း အကျင့်ပါသွားမှာကျ သိကြတယ်။ ငါပြောမယ် မကောင်းတာအကျင့်လုပ်ရင် မကောင်းကျင့်ပါသွားမှာပဲ။ အဲ့ဒီလိုပဲ ကောင်းတာကိုလည်း အ ကျင့် လုပ်ရင် ကောင်းတဲ့အကျင့်ဖြစ်သွားမှာပဲ။

အောက်တန်းကျဖို့ဆိုတာ ကြိုးစားနေဖို့မလိုဘူး။ တစ်နေ့ ငါအောက်တန်းကျရမယ်လို့ အဓိဋ္ဌာန် ပြု နေဖို့မလိုဘူး။ အောက်တန်းကျတာရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အထက်တန်း စားစိတ်ဓာတ် ဖြစ်ဖို့ကျ ခဲယဉ်းသွားပြီ။

လူတွေက သူများထီပေါက်ရင်သာ ငါလည်း ထီပေါက်နိုင်တယ်လို့ တွေးတတ်ကြတာ။ သူများကားတိုက်ရင် ငါလည်း ကားတိုက်ခံရနိုင်တယ်လို့ မတွေးကြဘူး။

သူများအောင်မြင်ရင်သာ ငါလည်းအောင်မြင်မယ်လို့သာ တွေးကြတာ သူများကျရှုံးရင် ငါလည်း ကျရှုံးနိုင်တယ်လို့မတွေးကြဘူး။ သတိထား အစစအရာရာ သတိဆိုတာ ပိုတယ်မရှိဘူး။

လူတွေက ချမ်းသာခြင်းသာ သင်္ခါရလို့ထင်တယ်။ တစ်ကယ်တော့ ဆင်းရဲခြင်းလည်း သင်္ခါရပဲ။ မင်းကြိုးစားနေသမျှကာလပတ်လုံး အဆင်မပြေခြင်းက သင်္ခါရ။ မင်း မကြိုးစားပဲ ရေသာခို အချောင်နေနေသရွေ့ မင်းအတွက်ဆင်းရဲခြင်းက ထာဝရပဲ။

အသိပညာရှိသောသူ၊ ဆုံးမထိုက်သောသူ၊ ဆုံးမရန် ဝတ္တရားရှိသောသူတွေကိုက ပစ်ပယ်လိုက် ပြီ ဆိုရင်တော့ အဲ့ဒီကောင်ဘဝ သေပြီလို့မှတ်လိုက်တော့။

ကိုယ့်အတွက်ချည်းပဲ မကြည့်ဘဲ သူများအတွက်လည်း ကြည့်ပေးနိုင်တာကလည်းယဉ်ကျေး မှုပဲ။

ကိုယ်မရသင့်တာကို မယူချင်ပါနဲ့။ ကိုယ်မရသင့်တာကို ယူလိုက်မိရင် ကိုယ်မလိုချင်တာ တွေကို ပါ လက်ခံရတတ်တယ်။

လူလိမ္မာတို့သည် တစ်ပါးသူ၏ အမှားမှ သင်ခန်းစာကို ယူတတ်ကြတယ်။ လူမိုက်တို့သည် ကိုယ် တိုင်မှားမှ သင်ခန်းစာရကြတယ်။

ပို၍ မိုက်မဲသောသူတို့ကား ကိုယ်တိုင် မှားပါလျက် နှင့်ပင် သင်ခန်းစာ မယူတတ်ကြကုန်တဲ့။

တညည်းညည်း တညူညူနဲ့ “ငါတော့ ကံဆိုးတာပဲ” လို့ အောက်မေ့နေရင် အဲဒီလူ တစ်ကယ် ကံဆိုးသွားပြီလို့သာ အောက်မေ့ပေတော့။

လောကကြီးမှာ ရှုံးလို့ထွက်ပြေးရင် တစ်သက်လုံးပြေးပေတော့။ အောင်မြင်မှု ဘယ်တော့မှ မ ရဘူး။ထွက်ပြေးတဲ့ကောင် ဘယ်တော့မှ နိုင်ရိုးမရှိဘူး။

“ရင်ဆိုင်ရဲတဲ့သူမှ နိုင်တာ။”

(ဆရာ ဦးအောင်သင်း)

ရင္ဆိုင္ရဲတဲ့သူမွ နိုင္တာပါ။

အခ်ိန္ဟာ ဘဝပဲ၊ အခ်ိန္မပါဘဲ ဘဝကိုဖြဲ႕စည္းလို့မရဘူး။ မင္းဘဝကို တန္ဖိုးထားရင္ မင္းရဲ့ အခ်ိန္ကိုလည္း တန္ဖိုးထားရလိမ့္မယ္။

ကဗ်ာ႐ူးရယ္ စာ႐ူးရယ္ အခ်စ္႐ူးရယ္ ငါအခ်စ္ဆုံးပဲ။ သူတို့ကႏွလုံးသားရွိလို့။ ဥစၥာ႐ူးရယ္ အာ ဏာ႐ူးရယ္ ငါအမုန္းဆုံး၊ သူတို့ကႏွလုံးသားမရွိလို့။

စိတ္ပ်က္လက္ပ်က္ ဆိုတာမ်ိဴးမျဖစ္ေစနဲ႔။ စိတ္ပ်က္ခ်င္ပ်က္ လက္ေတာ့မပ်က္နဲ႔။ ဆိုလိုတာက ေလ့က်င့္ႀကိဳးပမ္းမွုကို မေလ်ာ့လိုက္နဲ႔။

လူေတြက မေကာင္းတာ လုပ္ျဖစ္ရင္ မေကာင္း အက်င့္ပါသြားမွာက် သိၾကတယ္။ ငါေျပာမယ္ မေကာင္းတာအက်င့္လုပ္ရင္ မေကာင္းက်င့္ပါသြားမွာပဲ။ အဲ့ဒီလိုပဲ ေကာင္းတာကိုလည္း အ က်င့္ လုပ္ရင္ ေကာင္းတဲ့အက်င့္ျဖစ္သြားမွာပဲ။

ေအာက္တန္းက်ဖို့ဆိုတာ ႀကိဳးစားေနဖို့မလိုဘူး။ တစ္ေန႔ ငါေအာက္တန္းက်ရမယ္လို့ အဓိ႒ာန္ ျပဳ ေနဖို့မလိုဘူး။ ေအာက္တန္းက်တာရဲ့ ဆန႔္က်င္ဘက္ျဖစ္တဲ့ အထက္တန္း စားစိတ္ဓာတ္ ျဖစ္ဖို့က် ခဲယဥ္းသြားၿပီ။

လူေတြက သူမ်ားထီေပါက္ရင္သာ ငါလည္း ထီေပါက္နိုင္တယ္လို့ ေတြးတတ္ၾကတာ။ သူမ်ားကားတိုက္ရင္ ငါလည္း ကားတိုက္ခံရနိုင္တယ္လို့ မေတြးၾကဘူး။

သူမ်ားေအာင္ျမင္ရင္သာ ငါလည္းေအာင္ျမင္မယ္လို့သာ ေတြးၾကတာ သူမ်ားက်ရွုံးရင္ ငါလည္း က်ရွုံးနိုင္တယ္လို့မေတြးၾကဘူး။ သတိထား အစစအရာရာ သတိဆိုတာ ပိုတယ္မရွိဘူး။

လူေတြက ခ်မ္းသာျခင္းသာ သခၤါရလို့ထင္တယ္။ တစ္ကယ္ေတာ့ ဆင္းရဲျခင္းလည္း သခၤါရပဲ။ မင္းႀကိဳးစားေနသမၽွကာလပတ္လုံး အဆင္မေျပျခင္းက သခၤါရ။ မင္း မႀကိဳးစားပဲ ေရသာခို အေခ်ာင္ေနေနသေရြ႕ မင္းအတြက္ဆင္းရဲျခင္းက ထာဝရပဲ။

အသိပညာရွိေသာသူ၊ ဆုံးမထိုက္ေသာသူ၊ ဆုံးမရန္ ဝတၱရားရွိေသာသူေတြကိုက ပစ္ပယ္လိုက္ ၿပီ ဆိုရင္ေတာ့ အဲ့ဒီေကာင္ဘဝ ေသၿပီလို့မွတ္လိုက္ေတာ့။

ကိုယ့္အတြက္ခ်ည္းပဲ မၾကည့္ဘဲ သူမ်ားအတြက္လည္း ၾကည့္ေပးနိုင္တာကလည္းယဥ္ေက်း မွုပဲ။

ကိုယ္မရသင့္တာကို မယူခ်င္ပါနဲ႔။ ကိုယ္မရသင့္တာကို ယူလိုက္မိရင္ ကိုယ္မလိုခ်င္တာ ေတြကို ပါ လက္ခံရတတ္တယ္။

လူလိမၼာတို့သည္ တစ္ပါးသူ၏ အမွားမွ သင္ခန္းစာကို ယူတတ္ၾကတယ္။ လူမိုက္တို့သည္ ကိုယ္ တိုင္မွားမွ သင္ခန္းစာရၾကတယ္။

ပို၍ မိုက္မဲေသာသူတို့ကား ကိုယ္တိုင္ မွားပါလ်က္ ႏွင့္ပင္ သင္ခန္းစာ မယူတတ္ၾကကုန္တဲ့။

တညည္းညည္း တညဴညဴနဲ႔ “ငါေတာ့ ကံဆိုးတာပဲ” လို့ ေအာက္ေမ့ေနရင္ အဲဒီလူ တစ္ကယ္ ကံဆိုးသြားၿပီလို့သာ ေအာက္ေမ့ေပေတာ့။

ေလာကႀကီးမွာ ရွုံးလို့ထြက္ေျပးရင္ တစ္သက္လုံးေျပးေပေတာ့။ ေအာင္ျမင္မွု ဘယ္ေတာ့မွ မ ရဘူး။ထြက္ေျပးတဲ့ေကာင္ ဘယ္ေတာ့မွ နိုင္ရိုးမရွိဘူး။

“ရင္ဆိုင္ရဲတဲ့သူမွ နိုင္တာ။”

(ဆရာ ဦးေအာင္သင္း)