အကျင့်ဆိုးတွေလို့သတ်မှတ်ထားကြပေမယ့် သင့်အတွက်ကောင်းကျိုးဖြစ်စေတဲ့အမူအကျင့်များ











written by PP

တခါတရံမှာ ကိုယ်အမှတ်မထင်လုပ်မိတဲ့အကျင့်လေးတွေက ကိုယ့်အတွက်ထင်မှတ်မထားတဲ့ ကောင်းကျိုးတွေကို ဖြစ်စေတတ်ပါတယ်။ ဆိုးတယ်လို့ထင်ထားတဲ့အပြုအမူတွေကတောင် ကိုယ့်အတွက် ကောင်းကျိုးတွေ ဖြစ်စေတာမျိုးပါ။ ဒီတော့ ထင်မှတ်မထားဘဲ ကောင်းကျိုးဖြစ်စေတာက ဒီအမူအကျင့်တွေပါပဲ။

(၁) ပီကေဝါးတာက စိတ်ဖိစီးမှုကိုလျှော့ချပေးပြီး မှတ်ဉာဏ်ကောင်းစေပါတယ်။ ဒါကြောင့် စိတ်ရှုပ်ထွေးနေပြီး ဆုံးဖြတ်ချက်ချဖို့ခက်နေတဲ့အခါ ပီကေဝါးပြီး စဉ်းစားလိုက်ပါ။

(၂) ဂိမ်းဆော့တာက ကလေးတွေအတွက် အန္တရာယ်ရှိတယ်လို့ထင်ရပေမယ့် သူတို့ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် ကောင်းမွန်တဲ့အထောက်အကူဖြစ်စေပါတယ်။

(၃) အော်ဟစ်ပေါက်ကွဲတတ်တဲ့အကျင့်က စိတ်ဖိစီးမှုကိုလျော့နည်းစေပြီး နာကျင်မှုကိုလည်း ခံနိုင်ရည်ပိုရှိစေပါတယ်။ဒါကြောင့် စိတ်ထဲမှာ မကျေနပ်တာတွေရှိရင် အော်ဟစ်ပေါက်ကွဲပစ်လိုက်ပါ။

(၄) အလုပ်စားပွဲနဲ့ ကိုယ့်အိပ်ခန်းကို ရှင်းလင်းနေအောင်ထားတာက အကျင့်ကောင်းပါပဲ။ ဒါပေမယ့် ရှုပ်ပွနေတဲ့ ပတ်ဝန်းကျင်က တီထွင်ဖန်တီးဉာဏ်ကိုပိုကောင်းစေပါတယ်။

(၅) စောစောအိပ်ပြီး စောစောထတာက ကျန်းမာရေးအတွက် ကောင်းတယ်လို့ ဆိုကြပေမယ့် တကယ်တမ်းတော့ နောက်ကျမှအိပ်ရာထတာက ကျန်းမာရေးအတွက် ပိုကောင်းနေတာကို တွေ့ခဲ့ရပါတယ်။ မနက်စောစောအိပ်ရာထတဲ့သူတွေက နှလုံးရောဂါ၊ သွေးတိုးရောဂါနဲ့ လေဖြတ်တာတွေ ပိုပြီး ဖြစ်နိုင်ချေများပါတယ်။

(၆) သူများအတင်းတွေ လူတကာကိုလှည့်ပတ်ပြောတာက မကောင်းတဲ့အကျင့်တစ်ခုပါ။ သူများအကြောင်းပြောတာမကောင်းဘူးဆိုပေမယ့် အရင်းနှီးဆုံးသူငယ်ချင်းတွေအချင်းချင်း ရင်ဖွင့်တဲ့အနေနဲ့ ပြောတာမျိုးကတော့ စိတ်သက်သာရာရစေပြီး အချင်းချင်းပိုရင်းနှီးစေပါတယ်။ ဒါပေမယ့် တန်ဆေးလွန်ဘေးဆိုသလိုပဲ သူများအကြောင်းတွေ အရမ်းပြောရင်တော့ မကောင်းတာမို့ အထူးသတိထားဖို့လိုပါတယ်။

(၇) ရေချိုးပျင်းတာက ရုတ်တရက်ဆို အကျင့်ဆိုးတစ်ခုလို့ ထင်ရပေမယ့် အဲ့ဒါက သင့်အသားအရေအတွက် ကောင်းတဲ့အကျင့်တစ်ခုဖြစ်ပါတယ်။ နေ့တိုင်းရေမချိုးဘဲ၊ ရက်ခြားပြီးရေချိုးခြင်းက အသားအရေအစိုဓာတ်ကိုထိန်းပေးပြီး ခန္ဓာကိုယ်အတွက်အကျိုးပြုတဲ့ ဘက်တီးရီးယားတွေမသေအောင် ထိန်းသိမ်းထားပေးနိုင်ပါတယ်။

(၈) ဆိုရှယ်မီဒီယာသုံးတာက သင့်ကိုစိတ်ဖိစီးမှုပိုဖြစ်စေတယ်လို့ ထင်ရပေမယ့် တကယ်တမ်းမှာတော့ ကိုယ်ချစ်ခင်တဲ့သူတွေနဲ့ အဆက်အသွယ်ဖြစ်စေပြီး အထီးကျန်တဲ့ခံစားချက်ကို လျော့ပါးသက်သာစေပါတယ်။

(၉) ညအိပ်တဲ့အခါ လက်အိတ်ဝတ်ပြီးအိပ်တာက သွေးလှည့်ပတ်မှုကိုကောင်းမွန်စေပြီး အပြည့်အဝအနားရစေတာကြောင့် မနက်နိုးတဲ့အချိန်မှာ လန်းဆန်းစေပါတယ်။

written by PP