ကိုယ်ချင်းစာစိတ်ရှိသူတွေရဲ့ လက္ခဏာ

ကိုယ်ချင်းစာစိတ်ရှိသူတွေရဲ့ လက္ခဏာ

ကိုယ်ချင်းစာစိတ်ရှိသူတိုင်းမှာ တူညီချက်တစ်ခုကတော့အားနာတတ်တဲ့စိတ်ပါ။

လူတစ်ယောက် ကိုယ့်ကြောင့်ခံစားရမှာကိုကိုယ်ခံစားရမှာထက် ပိုကြောက်တတ်ပြီး ကိုယ့်အသားနာမှာထက်သူများ အသားနာသွားမှာကို အရမ်းစိတ်ပူတတ်ကြတယ်။

ကိုယ်မှားခဲ့တဲ့ အမှားအတွက်ဆိုရင် ဘယ်လောက်ပဲပေးဆပ်ရ မညီးမညူ ပေးဆပ်တတ်ကြပြီးကိုယ့်အမှားတစ်ခုအတွက် တာဝန်ယူစိတ်အပြည့်ရှိကြတယ်။

ကိုယ့်ခံစားမူှများကို မျက်ကွယ်ပြုထားတတ်ကြပြီးသူများငိုနေရင် ကိုယ်ပါမျက်ရည်ကျတတ်ကြပြန်တယ်။

ဘယ်လောက်ပဲအပြောဆိုးသူဖြစ်နေပါစေ ကိုယ်ချင်းစာစိတ်ရှိသူဆိုရင် ပါးစပ်ကထွက်တဲ့စကားနဲ့ ရင်ထဲမှာ ဆန့်ကျင်ဘက်ဖြစ်နေတတ်ကြပီး

ပါးစပ်ကပွစိပွစိပြောနေပေမယ့် လက်ကတော့အခြားသူလိုအပ်တာကို အလွယ်တကူဖြည့်ဆည်းပေးတတ်ကြတယ်။

ကိုယ့်ကို လိမ်ညာလှည့်ဖြားသူကိုတောင် ငါလုပ်လိုက်ရင်သူခံရမှာပါလားဆိုပြီး သည်းခံတတ်ကြကာ မပြတ်မသားတဲ့စိတ်ကကိုယ့်ဒဏ်ရာတွေ ဗလပွတိုးပြီးရင်းတိုးလာတာကို မေ့လျော့နေသလိုပါပဲ။

ကိုယ်ချင်းစာစိတ်ရှိသူတိုင်းက လူတစ်ယောက်အပေါ်ကောင်းပေးရင် ကိုယ်ခံရမှာသိသိကြီးနဲ့ နောင်တမရနိူင်ဘဲ”မွေးသန္ဓေသေမှ ပျောက်”မယ်ဆိုတဲ့ စကားအတိုင်းကောင်းလက်စနဲ့ဆက်ကောင်းနေကြပြီးခံလက်စနဲ့ဆက်ပီးနာကျင်မူှကို ရင်ဝယ်ပိုက်နေတတ်ကြတယ်။

ကိုယ့်မေတ္တာ စေတနာကို ပြက်ရယ်ပြုအသုံးချသွားသူကိုပါးစပ်က ပြတ်တယ်….ပြတ်တယ်လို့ နာကျည်းစွာ ကြွေးကြော်နေပေမယ့် သတိရတိုင်း” သူအဆင်ပြေရဲ့လား”လို့တွေးပူနေတတ်ကြတယ်။

ကိုယ်ချင်းစာစိတ်ရှိသူတိုင်းက အငိုမျက်လုံး အပြုံးမျက်နှာနဲ့ကိုယ့်မှာ ငိုစရာရှိနေရင်တောင် အခြားသူကိုယ့်ကြောင့်စိတ်ဆင်းရဲသွားမှာကြောက်လို့ အပြုံးမျက်နှာနဲ့ ဟန်ဆောင်နေတတ်ကြတယ်။

ကိုယ်ချင်းစာတတ်သူတွေက မိသားစုအတွင်း ၊ ချစ်သူရည်းစားချင်းလင်မယားချင်း ၊ အပေါင်းအသင်းကြားမှာ အနစ်နာခံတတ်ပီးအလျော့ပေးတတ်ကြကာ “ဆယ်ခါခံရလည်း တစ်ကြိမ်တောင်အမှတ်သည်းခြေ မရှိသူ”တွေလို့ ပြောရင်လွန်မယ်မထင်ပါ။

စားစရာတစ်ခုရှိရင် ကိုယ်ကအငတ်ခံကျွေးတတ်ပြီးလူတစ်ယောက်ဆီကကိုယ်ကအကူအညီတောင်းဖို့ အင်မတန်ဝန်လေးတတ်ကြတယ်။

တစ်ခါတလေ ကိုယ့်အရေးကိစ္စတွေမှာ ခေါင်းမာသလိုရှိတတ်ကြပေမယ့် အခြားသူအရေးကိစ္စတွေမှာတော့ ကိုယ့်တန်ဖိုးကိုဘာမှန်းမသိလောက်အောင် မာနမဲ့ပေးဆပ်တတ်ကြတယ်။

လူ့လောကကြီးမှာ ကိုယ်ချင်းစာစိတ်ရှိသူတွေကအမြဲတမ်း ခံဘက်ကပဲ ရှိနေတယ်လို့ ဆိုပေမယ့်ဘယ်တော့မှ ဆင်းဆင်းရဲရဲ မနေရတတ်သလို

လောကပါလ တရားစီရင်ခန်းမှာ သင့်အမူှအတွက် အခမဲ့ရှေ့နေ ရှိနေပေးမယ်ဆိုတာ ယုံကြည်ပါနော်သူငယ်ချင်း။

လေးစားစွာဖြင့်

ဇင်းနစ် မကွေး

ကိုယ္ခ်င္းစာစိတ္ရွိသူေတြရဲ႕ လကၡဏာ

ကိုယ္ခ်င္းစာစိတ္ရွိသူတိုင္းမွာ တူညီခ်က္တစ္ခုကေတာ့အားနာတတ္တဲ့စိတ္ပါ။

လူတစ္ေယာက္ ကိုယ့္ေၾကာင့္ခံစားရမွာကိုကိုယ္ခံစားရမွာထက္ ပိုေၾကာက္တတ္ၿပီး ကိုယ့္အသားနာမွာထက္သူမ်ား အသားနာသြားမွာကို အရမ္းစိတ္ပူတတ္ၾကတယ္။

ကိုယ္မွားခဲ့တဲ့ အမွားအတြက္ဆိုရင္ ဘယ္ေလာက္ပဲေပးဆပ္ရ မညီးမညဴ ေပးဆပ္တတ္ၾကၿပီးကိုယ့္အမွားတစ္ခုအတြက္ တာဝန္ယူစိတ္အျပည့္ရွိၾကတယ္။

ကိုယ့္ခံစားမူွမ်ားကို မ်က္ကြယ္ျပဳထားတတ္ၾကၿပီးသူမ်ားငိုေနရင္ ကိုယ္ပါမ်က္ရည္က်တတ္ၾကျပန္တယ္။

ဘယ္ေလာက္ပဲအေျပာဆိုးသူျဖစ္ေနပါေစ ကိုယ္ခ်င္းစာစိတ္ရွိသူဆိုရင္ ပါးစပ္ကထြက္တဲ့စကားနဲ႔ ရင္ထဲမွာ ဆန႔္က်င္ဘက္ျဖစ္ေနတတ္ၾကပီး

ပါးစပ္ကပြစိပြစိေျပာေနေပမယ့္ လက္ကေတာ့အျခားသူလိုအပ္တာကို အလြယ္တကူျဖည့္ဆည္းေပးတတ္ၾကတယ္။

ကိုယ့္ကို လိမ္ညာလွည့္ျဖားသူကိုေတာင္ ငါလုပ္လိုက္ရင္သူခံရမွာပါလားဆိုၿပီး သည္းခံတတ္ၾကကာ မျပတ္မသားတဲ့စိတ္ကကိုယ့္ဒဏ္ရာေတြ ဗလပြတိုးၿပီးရင္းတိုးလာတာကို ေမ့ေလ်ာ့ေနသလိုပါပဲ။

ကိုယ္ခ်င္းစာစိတ္ရွိသူတိုင္းက လူတစ္ေယာက္အေပၚေကာင္းေပးရင္ ကိုယ္ခံရမွာသိသိႀကီးနဲ႔ ေနာင္တမရႏိူင္ဘဲ”ေမြးသေႏၶေသမွ ေပ်ာက္”မယ္ဆိုတဲ့ စကားအတိုင္းေကာင္းလက္စနဲ႔ဆက္ေကာင္းေနၾကၿပီးခံလက္စနဲ႔ဆက္ပီးနာက်င္မူွကို ရင္ဝယ္ပိုက္ေနတတ္ၾကတယ္။

ကိုယ့္ေမတၱာ ေစတနာကို ျပက္ရယ္ျပဳအသုံးခ်သြားသူကိုပါးစပ္က ျပတ္တယ္….ျပတ္တယ္လို႔ နာက်ည္းစြာ ေႂကြးေၾကာ္ေနေပမယ့္ သတိရတိုင္း” သူအဆင္ေျပရဲ႕လား”လို႔ေတြးပူေနတတ္ၾကတယ္။

ကိုယ္ခ်င္းစာစိတ္ရွိသူတိုင္းက အငိုမ်က္လုံး အၿပဳံးမ်က္ႏွာနဲ႔ကိုယ့္မွာ ငိုစရာရွိေနရင္ေတာင္ အျခားသူကိုယ့္ေၾကာင့္စိတ္ဆင္းရဲသြားမွာေၾကာက္လို႔ အၿပဳံးမ်က္ႏွာနဲ႔ ဟန္ေဆာင္ေနတတ္ၾကတယ္။

ကိုယ္ခ်င္းစာတတ္သူေတြက မိသားစုအတြင္း ၊ ခ်စ္သူရည္းစားခ်င္းလင္မယားခ်င္း ၊ အေပါင္းအသင္းၾကားမွာ အနစ္နာခံတတ္ပီးအေလ်ာ့ေပးတတ္ၾကကာ “ဆယ္ခါခံရလည္း တစ္ႀကိမ္ေတာင္အမွတ္သည္းေျခ မရွိသူ”ေတြလို႔ ေျပာရင္လြန္မယ္မထင္ပါ။

စားစရာတစ္ခုရွိရင္ ကိုယ္ကအငတ္ခံေကြၽးတတ္ၿပီးလူတစ္ေယာက္ဆီကကိုယ္ကအကူအညီေတာင္းဖို႔ အင္မတန္ဝန္ေလးတတ္ၾကတယ္။

တစ္ခါတေလ ကိုယ့္အေရးကိစၥေတြမွာ ေခါင္းမာသလိုရွိတတ္ၾကေပမယ့္ အျခားသူအေရးကိစၥေတြမွာေတာ့ ကိုယ့္တန္ဖိုးကိုဘာမွန္းမသိေလာက္ေအာင္ မာနမဲ့ေပးဆပ္တတ္ၾကတယ္။

လူ႔ေလာကႀကီးမွာ ကိုယ္ခ်င္းစာစိတ္ရွိသူေတြကအၿမဲတမ္း ခံဘက္ကပဲ ရွိေနတယ္လို႔ ဆိုေပမယ့္ဘယ္ေတာ့မွ ဆင္းဆင္းရဲရဲ မေနရတတ္သလို

ေလာကပါလ တရားစီရင္ခန္းမွာ သင့္အမူွအတြက္ အခမဲ့ေရွ႕ေန ရွိေနေပးမယ္ဆိုတာ ယုံၾကည္ပါေနာ္သူငယ္ခ်င္း။

ေလးစားစြာျဖင့္

ဇင္းနစ္ မေကြး