မုန်းတတ်သူတွေ အသက်ရှည်ပါတယ်

မုန်းတတ်သူတွေ အသက်ရှည်ပါတယ်

ကိုယ့်ကိုယ်မလိုလားအပ်တဲ့သူတွေကို၊ကိုယ်ကမကျေနပ်ဘူးဆိုရင်၊ကိုယ့်စိတ်ဟာ၊ပင်ပန်းရတယ်၊ပူလောင်ရတယ်၊ဒေါသဖြစ်ရတယ်၊

အဲဒီစိတ်ဟာ၊ကိုယ့်အတွက်၊ချစ်စရာမဟုတ်ဘူး၊ကိုယ့်ရဲ့ပျော်ရွှင်မှုကို၊အသက်တိုစေပါတယ်၊

ပူပင်၊သောကဖြစ်ရမှုကို၊ရှည်လျားစေပါတယ်။ဒါကြောင့် သူများကို မကျေနပ်နိုင်တဲ့ကိုယ့်ရဲ့မကောင်းတဲ့စိတ်ကို၊မုန်းတတ်ရမယ်။

ကိုယ့်ကိုယ် မုန်းနေတဲ့သူတွေကို၊ကိုယ်ကလိုက်မုန်းစရာမလိုဘူး၊ကိုယ့်ကို ဒေါသဖြစ်နေတဲ့သူတွေကို ကိုယ်က လိုက်ပြီးဒေါသ ဖြစ်နေစရာ၊မလိုဘူး၊ သူ့အမုန်းက သူ့ကို ပြန်မုန်းလိမ့်မယ်၊

သူ့ဒေါသက၊သူ့ကို ပြန်ဒေါသ ပေးလိမ့်မယ်။ကိုယ့်က သူ့ကို ပြန်မုန်းနေရင်၊လိုက်ဒေါသထွက်နေရင်။ ကိုယ့်စိတ်ထဲမှာ၊သောက ဖြစ်ရတာတွေကရှည်လားမယ်၊ စိတ်ပင်ပန်းမှုတွေက ရှည်လားမယ်၊

ဒါကြောင့် ပျော်ရွှင်မှုတွေ ရှည်လျားစေချင်ရင်၊ကိုယ်က သူများကို ပြန်မုန်းတတ်တဲ့အကျင့်နဲ့ပြန်လည်ဒေါသဖြစ်တတ်တဲ့အကျင့်ကို၊မုန်းတတ်ရမယ်။

စိတ်ချမ်းသာမှု၊ပျော်ရွှင်မှုတွေနဲ့ဝေးကွာနေတဲ့သူတွေဟာ။ တဖြည်းဖြည်းနဲ့ အသက်တိုနေကြတဲ့သူတွေပါပဲ။

သူတို့က၊ မုန်းသင့်တာကို၊မမုန်းဘဲ၊မမုန်းသင့်တာကို။ မုန်းမိနေကြလို့ ဖြစ်တယ်။

မုန်းတယ်ဆိုတာ၊ သူများတွေကို၊လိုက်မုန်းနေရတာမဟုတ်ဘူး၊ သူများကြောင့်ပဲဖြစ်ဖြစ်၊ကိုယ့်ကြောင့်ပဲဖြစ်ဖြစ်။ ကိုယ့်စိတ်ပိုင်းဆိုင်ရာမှာ၊ဖြစ်ပေါ်လာတဲ့ စိတ်ကိုပင်ပန်း၊နွမ်းစေတဲ့၊လောဘကြီးမှု၊ဒေါသကြီးမှု၊ အတ္တကြီးမှု၊မာနကြီးမှုတွေကို၊မုန်းတတ်ရမှာဖြစ်ပါတယ်။

ကိုယ့်ရဲ့ အတ္တ၊မာန၊လောဘ၊ဒေါသ စသည့်စိတ်ကို၊ပူလောင်၊ပင်ပန်းစေတဲ့ စိတ်အညစ်အကြေးတွေကို၊ခေါင်းပါးအောင်၊ နည်းသည်ထက်နည်းအောင်၊လုပ်တန်လာပြီဆိုရင်၊ ဘဝရဲ့အခိုက်အတန့်ထဲသို့၊စိတ်ချမ်းသာမှုတွေ၊ပျော်ရွှင်မှုတွေ၊ရောက်လာပါတယ်၊ပျော်ရွှင်မှု၊စိတ်ချမ်းသာမှုတွေနဲ့ ရှင်သန်နေတဲ့သူတွေဟာ၊ အသက်ရှည်နေတဲ့ သူတွေပါပဲ။ဒီလိုအသက်ရှင်မှုဟာလည်း၊ ကိုယ့်ရဲ့မကောင်းတဲ့စိတ်တွေကို၊မုန်းတတ်ခြင်းကနေ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ဒါကြောင့် မုန်းသင့်တာကို၊မုန်းတတ်အောင် ကြိုးစားပါ၊မုန်းတတ်သူတွေက၊ အသက်ရှည်ပါတယ်။

မေတ္တာဖြင့်

အရှင်ဇနက(မန္တလေးစာသင်သား)

မုန္းတတ္သူေတြ အသက္ရွည္ပါတယ္

ကိုယ့္ကိုယ္မလိုလားအပ္တဲ့သူေတြကို၊ကိုယ္ကမေက်နပ္ဘူးဆိုရင္၊ကိုယ့္စိတ္ဟာ၊ပင္ပန္းရတယ္၊ပူေလာင္ရတယ္၊ေဒါသျဖစ္ရတယ္၊

အဲဒီစိတ္ဟာ၊ကိုယ့္အတြက္၊ခ်စ္စရာမဟုတ္ဘူး၊ကိုယ့္ရဲ႕ေပ်ာ္႐ႊင္မႈကို၊အသက္တိုေစပါတယ္၊

ပူပင္၊ေသာကျဖစ္ရမႈကို၊ရွည္လ်ားေစပါတယ္။ဒါေၾကာင့္ သူမ်ားကို မေက်နပ္ႏိုင္တဲ့ကိုယ့္ရဲ႕မေကာင္းတဲ့စိတ္ကို၊မုန္းတတ္ရမယ္။

ကိုယ့္ကိုယ္ မုန္းေနတဲ့သူေတြကို၊ကိုယ္ကလိုက္မုန္းစရာမလိုဘူး၊ကိုယ့္ကို ေဒါသျဖစ္ေနတဲ့သူေတြကို ကိုယ္က လိုက္ၿပီးေဒါသ ျဖစ္ေနစရာ၊မလိုဘူး၊ သူ႔အမုန္းက သူ႔ကို ျပန္မုန္းလိမ့္မယ္၊

သူ႔ေဒါသက၊သူ႔ကို ျပန္ေဒါသ ေပးလိမ့္မယ္။ကိုယ့္က သူ႔ကို ျပန္မုန္းေနရင္၊လိုက္ေဒါသထြက္ေနရင္။ ကိုယ့္စိတ္ထဲမွာ၊ေသာက ျဖစ္ရတာေတြကရွည္လားမယ္၊ စိတ္ပင္ပန္းမႈေတြက ရွည္လားမယ္၊

ဒါေၾကာင့္ ေပ်ာ္႐ႊင္မႈေတြ ရွည္လ်ားေစခ်င္ရင္၊ကိုယ္က သူမ်ားကို ျပန္မုန္းတတ္တဲ့အက်င့္နဲ႔ျပန္လည္ေဒါသျဖစ္တတ္တဲ့အက်င့္ကို၊မုန္းတတ္ရမယ္။

စိတ္ခ်မ္းသာမႈ၊ေပ်ာ္႐ႊင္မႈေတြနဲ႔ေဝးကြာေနတဲ့သူေတြဟာ။ တျဖည္းျဖည္းနဲ႔ အသက္တိုေနၾကတဲ့သူေတြပါပဲ။

သူတို႔က၊ မုန္းသင့္တာကို၊မမုန္းဘဲ၊မမုန္းသင့္တာကို။ မုန္းမိေနၾကလို႔ ျဖစ္တယ္။

မုန္းတယ္ဆိုတာ၊ သူမ်ားေတြကို၊လိုက္မုန္းေနရတာမဟုတ္ဘူး၊ သူမ်ားေၾကာင့္ပဲျဖစ္ျဖစ္၊ကိုယ့္ေၾကာင့္ပဲျဖစ္ျဖစ္။ ကိုယ့္စိတ္ပိုင္းဆိုင္ရာမွာ၊ျဖစ္ေပၚလာတဲ့ စိတ္ကိုပင္ပန္း၊ႏြမ္းေစတဲ့၊ေလာဘႀကီးမႈ၊ေဒါသႀကီးမႈ၊ အတၱႀကီးမႈ၊မာနႀကီးမႈေတြကို၊မုန္းတတ္ရမွာျဖစ္ပါတယ္။

ကိုယ့္ရဲ႕ အတၱ၊မာန၊ေလာဘ၊ေဒါသ စသည့္စိတ္ကို၊ပူေလာင္၊ပင္ပန္းေစတဲ့ စိတ္အညစ္အေၾကးေတြကို၊ေခါင္းပါးေအာင္၊ နည္းသည္ထက္နည္းေအာင္၊လုပ္တန္လာၿပီဆိုရင္၊ ဘဝရဲ႕အခိုက္အတန႔္ထဲသို႔၊စိတ္ခ်မ္းသာမႈေတြ၊ေပ်ာ္႐ႊင္မႈေတြ၊ေရာက္လာပါတယ္၊ေပ်ာ္႐ႊင္မႈ၊စိတ္ခ်မ္းသာမႈေတြနဲ႔ ရွင္သန္ေနတဲ့သူေတြဟာ၊ အသက္ရွည္ေနတဲ့ သူေတြပါပဲ။ဒီလိုအသက္ရွင္မႈဟာလည္း၊ ကိုယ့္ရဲ႕မေကာင္းတဲ့စိတ္ေတြကို၊မုန္းတတ္ျခင္းကေန ျဖစ္ေပၚလာတာ ျဖစ္ပါတယ္။ဒါေၾကာင့္ မုန္းသင့္တာကို၊မုန္းတတ္ေအာင္ ႀကိဳးစားပါ၊မုန္းတတ္သူေတြက၊ အသက္ရွည္ပါတယ္။

ေမတၱာျဖင့္

အရွင္ဇနက(မႏၲေလးစာသင္သား)