ကျွန်တော် သတိထားမိတဲ့ ညတစ်ညရဲ့ အဖြစ်အပျက်လေးတစ်ခုပါ…!

ကျွန်တော် ကုတင်ပေါမှာ မအိပ်ချင်သေးပဲ လှဲလိုက်မိတယ် ။

အသင့်အိပ်ပျော်နေရှာတဲ့ ကျွန်တော့ရဲ့ အားနွဲ့နွဲ့ ချစ်ဇနီးလေးရဲ့ နူးညံလှပတဲ့ မျက်နှာလေးကို ကျွန်တော်သေချာ ကြည့်နေရင်းကနေ အတွေးတစ်ချို့ဝင်လာပြီး ကျွန်တော်တစ်ယောက်ထဲ ကျွန်တော့ဟာကျွန်တော် တွေးနေမိတယ် … …

မိန်းကလေးဆိုတာ ဘယ်လိုပါလိမ့် ? ကျွန်တော်နဲ့ မင်္ဂလာမဆောင်ခင်က မိဘ အသိုင်းအဝိုင်းရဲ့ အချစ်တွေနဲ့ ထိန်းသိမ်းမှု့အောက်မှာ နေပြီကြီးပြင်းလာခဲ့တယ် ။

အခုကြ တစ်ချက်ထဲ ရုတ်တရက်မှာပဲ သိတောင်မသိထားတဲ့ သူစိမ်းတစ်ယောက်ရဲ့ ဘေးမှာ အမိန့်နာခံရင်းနဲ့ အိပ်စက်နေရပြန်တယ်

ကျွန်တော့ကြောင့် တစ်သက်လုံး အတူနေလာတဲ့ မိဘတွေကိုစွန့့်ခွာလာတယ်။ကျွန်တော့ကို ပင်ပင်ပန်းပန်းပြုစုပြးီရင် ကျွန်တော့ရဲ့ မပြောပလောက်တဲ့ စကားလေးတွေနဲ့ သူပျော်နေပြန်တယ် ။ပြီတော့ ကျွန်တော့ကိုကျွန်တော် မေးခွန်းအချို့မေးနေမိတယ် !

ဒါလည်းပဲ ဘယ်လိုဖြစ်လို့ တစ်ချို့လူတွေက မသနား မညာှမတာ မိမိရဲ့ဇနီးမိန်းမကို ရိုက်နက်နိုင်နေကြတာလဲ ?

ဘယ်လိုဖြစ်လို့ တစ်ချို့လူတွေက နှစ်ဘဝအတွက်ရည်ရွယ်ပြီလာခဲ့သူကို တစ်ဘဝတောင် မကုန်သေးဘူး စိတ်ကုန်သွားကြတာလဲ ?

ဘယ်လိုဖြစ်လို့ တစ်ချို့လူတွေက မိန်းမနဲ့သားသမီးတွေကို အိမ်မှာထားပြီ သူငယ်ချင်းတွေနဲ့ Hotelတွေမှာ အစားအသောက်ကောင်းတွေ စားသောက်နေကြတာ တစ်နေ့လုံး ယောက်ျားလာမှ အတူတူစားမယ်ဆိုပြီး ထမင်းဝိုင်းလေးအသင့်နဲ့ ကလေးတွေကို လက်ဆေးပေးပြီး ထိုင်စောင့်နေတဲ့ မိန်းမကို ဘာလို့ မေ့နေရပြန်တာလဲ ?

ဘယ်လိုဖြစ်လို့ တစ်ချို့တစ်ချို့တွေက မိန်းမအတွက်တော့ အိမ်ကိုထောင်လိုလုပ်ထားလိုက်ကြပြီး ကိုယ်တိုင်ကြတော့ အိမ်ကို အများသုံးအိမ်သာလို လာချင်တဲ့အချိန်လာ သွားချင်တဲ့အချိန်သွား ဖြစ်နေရတာလဲ ?

ဘယ်လိုဖြစ်လို့ တစ်ချို့တစ်ချို့တွေက မိမိဇနီးကို မျက်ရည်စတွေနဲ့ ညတွေကို့ဖြတ်သန်းစေနေတာလဲ ?

တစ်ချို့ တစ်ချို့က မိန်းမ မိသားစုကို အချိန်မပေးဘဲ လမ်းပေါ်မှာပဲ အချိန်တွေကို ကုန်ဆုံးလိုက်နေကြတယ် ။ မိသားစုမှာ ဖခင်ရဲ့နွေးထွေးမှု့ဆိုတာ သားသမီးတွေ သိခွင့်မရတော့တာ ဘာ့ကြောင့်လဲ ?

ဘယ်လိုဖြစ်လို့ ယောက်ျားတွေ တာဝန်ခံပြီး တာဝန်မယူကြတော့တာလဲ ? ပြေးမယ်ဆိုလည်းပြေး ဘယ်အထိပြေးကြမလဲ ?

ဒီလိုတွေ တွေးပြီ နောက်ဆုံးအဲ့ဒီညမှာ ကျွန်တော်တွေးလိုက်တယ် ။ ကျွန်တော့မှာ အမေရှိတယ် ။ ကျွန်တော့မှာ မိန်းမလည်းရှိတယ် ။ ကျွန်တော်သူတို့နှစ်ယောက်စလုံးကို ဂုဏ်ယူလေးစားသင့်တယ် ။

မိန်းမကို ကြင်နာရင်း မိဘကိုရိုသေရင်းပေါ့ … …

ဘာ့ကြောင့်လဲဆိုရင်

သူတို့နှစ်ယောက်ထဲက တစ်ယောက်က ကျွန်တော့ကို အသက်နဲ့ရင်းပြီ လောကကို ခေါ်ဆောင်လာခဲ့တယ်

နောက်တစ်ယောက်က တစ်လောကလုံးကိုစွန့်ခွာပြီး ကျွန်တော့အနားကို လာခဲ့တဲ့သူပါ

အမေဆိုတာလည်း တစ်ချိန်က မိန်းမဖြစ်ခဲ့တယ် ။

လက်ရှိဘေးနားမှာရှိနေတဲ့မိန်းမဆိုတာကလည်း တစ်ချိန်မှာ အမေဖြစ်အုံးမှာမို့

“အမေ့ကို တန်ဖိုးထားသလို မိန်းမကိုလည်း တန်ဖိုးထားကြပါ”

နားလည်နိုင်ကြပါစေ ။ မိသားစုတိုင်း မိသားစုတိုင်း တစ်ဦးနဲ့တစ်ဦး ချစ်ချစ်ခင်ခင် တစ်သက်တာ ပျော်ရွှင်စွာနေသွားကြရပါစေ ။

မူရင်းရေးသားသူအားလေးစားစွာဖြင့် Credit ပေးပါတယ်

အရှင်သူရိယ ပြန်လည်မျှဝေသည်