ညီမလေး …သို့
မိန်းမတစ်ယောက် အိမ်ထောင်ကွဲတယ်ဆိုတာအကြောင်းအမျိုးမျိုး ခေါင်းစဉ်အမျိုးမျိုးရှိကြတယ်ညီမလေး။
မိန်းမတစ်ယောက် အိမ်ထောင်ပြုလိုက်ထဲက သူရဲ့ရည်ရွယ်ချက်က အိမ်ထောင်ဖက်ရဲ့ လက်ကို သက်ဆုံးတိုင်ဆုပ်ကိုင်ထားဖို့ ရည်ရွယ်ခဲ့ကြတာဘဲ မို့လား။
မိန်းမကောင်းတွေ ဆိုတာ ဘယ်သူမှ အိမ်ထောင်မကွဲခြင်ကြဘူးလေဖြစ်လာတဲ့ ကံကြမ္မာအပေါ်မှာ မတတ်နိုင်တော့တဲ့ နောက်ဆုံး မှလွှတ်ချလိုက်ကြရတာပါ။
အိမ်ထောင်ကွဲတဲ့ မိန်းမ တစ်ယောက်ကို စိတ်ဓာတ်နိမ့်ကျတဲ့ မျက်လုံးတွေကတော့ အထင်သေးစိတ်နဲ့ကြည့်တတ်ကြသလို
စိတ်ဓာတ်မြင့်တဲ့သူတွေက စာနာစိတ်နဲ့ ကြည့်တတ်ကြတယ်ဖေးမကြတယ် နွေးထွေးကြတယ်နော်။
ညီမလေးရေ…..ငါအိမ်ထောင်ကွဲ ဆိုပြီး အားငယ်စရာမလိုသလို
အထင်သေးတတ်တဲ့စိတ်နဲ့ အောက်လုံးထိုးတတ်တဲ့ စကားတွေကိုလည်း ဂရုမစိုက်နဲ့ညီမလေး ကိုယ်ဆိုတဲ့ဘဝနဲ့
ကိုယ့်လျှောက်နေတဲ့ လမ်းမှာ ကိုယ့်စံနုှန်း နဲ့ ကိုယ် ဆက်လျှောက်ပါ
ကိုယ့်ကို အောက်လုံးထိုး တိုက်ခိုက်နေတဲ့ သူတွေရှေ့အကြောတင်းတင်နဲ့ ဖြတ်သန်းပြလိုက်ပါ ညီမလေး။
အချို့တွေဆိုတာ သူတို့အရည်အချင်းက အိမ်ထောင်ကွဲ မိန်းမ ကလေးအမေတစ်ယောက်လောက်တောင် အရည်အချင်းမရှိလို့
မနာလို စိတ်နဲ့ ဂျေဝင်နေကြတာလို့ သဘောထားပြီးကိုယ်လျှောက်နေတဲ့ လမ်းကို ရဲရဲ ဆက်လျှောက်ပါညီမလေးရေ။
တစ်ခုတော့ သတိပေးမယ် ညီမလေးရေ
ကိုယ်က ကလေးအမေ တစ်ခုလပ် ဆိုပြီး ကိုယ့်ကို လမ်းဘေးက ခြေဆေးအိုင်လို့ သဘောမထားမိပါစေနဲ့ ညီမလေး
ကိုယ်ဆိုတာ ကံမကောင်းအကြောင်းမလှလို. အိမ်ထောင်ကွဲပေမဲ့ ကိုယ့်ကို တော်ဝင်သဇင်ပန်းလို သဘောထားပါညီမလေးရေ။
ကိုယ့်စိတ်တိုင်းကျ ကိုယ်နဲ့ ထိုက်တန်သူဆိုတာ ကိုယ်ရှာစရာမလိုဘူး
ညီမလေး ကိုယ်ကျင့်သိက္ခာနဲ့ ပြည့်စုံသူ အတွက် ထိုက်တန်တဲ့ လက်တစ်စုံက သူအလိုလို ကမ်းလာ ပါလိမ့်မယ်ညီမလေး။
ကိုယ့်စံနဲ့ မညီလို့ ကမ်းတဲ့ လက်ကို ပုတ်ချလိုက်လဲ ကိုယ်ကထာဝရ ဘုရင်မဘဲ မို့လား ညီမလေးရယ်။
အရည်အချင်း အဆင့်အတန်း ရုပ်ဆင်းအင်္ဂါရှိတဲ့ မိန်းမတွေရဲ့ ပါတ်ဝန်းကျင်မှာ အောက်လုံးတွေနဲ့ ဂျေဝင်တတ်တဲ့ စိတ်ဓာတ်နိမ့်ကျသူတွေ
အမြဲ ရှိနေတတ်တာ သဘာဝမို့ ကိုယ်လျှောက်နေတဲ့လမ်း ဆက်လျှောက်လို့ ပါတ်ဝန်းကျင် ဆိုတာကို မေ့ထားလိုက်ပါ ညီမလေး။
ညီမလေးရဲ့ မမ
Rose may
ညီမေလး …သို႔
မိန္းမတစ္ေယာက္ အိမ္ေထာင္ကြဲတယ္ဆိုတာအေၾကာင္းအမ်ိဳးမ်ိဳး ေခါင္းစဥ္အမ်ိဳးမ်ိဳး႐ွိၾကတယ္ညီမေလး။
မိန္းမတစ္ေယာက္ အိမ္ေထာင္ျပဳလိုက္ထဲက သူရဲ႕ရည္ရြယ္ခ်က္က အိမ္ေထာင္ဖက္ရဲ႕ လက္ကို သက္ဆံုးတိုင္ဆုပ္ကိုင္ထားဖို႔ ရည္ရြယ္ခဲ့ၾကတာဘဲ မို့လား။
မိန္းမေကာင္းေတြ ဆိုတာ ဘယ္သူမွ အိမ္ေထာင္မကြဲျခင္ၾကဘူးေလျဖစ္လာတဲ့ ကံၾကမၼာအေပၚမွာ မတတ္ႏိုင္ေတာ့တဲ့ ေနာက္ဆံုး မွလႊတ္ခ်လိုက္ၾကရတာပါ။
အိမ္ေထာင္ကြဲတဲ့ မိန္းမ တစ္ေယာက္ကို စိတ္ဓာတ္နိမ့္က်တဲ့ မ်က္လံုးေတြကေတာ့ အထင္ေသးစိတ္နဲ႔ၾကည့္တတ္ၾကသလို
စိတ္ဓာတ္ျမင့္တဲ့သူေတြက စာနာစိတ္နဲ႔ ၾကည့္တတ္ၾကတယ္ေဖးမၾကတယ္ ေႏြးေထြးၾကတယ္ေနာ္။
ညီမေလးေရ…..ငါအိမ္ေထာင္ကြဲ ဆိုၿပီး အားငယ္စရာမလိုသလို
အထင္ေသးတတ္တဲ့စိတ္နဲ႔ ေအာက္လံုးထိုးတတ္တဲ့ စကားေတြကိုလည္း ဂ႐ုမစိုက္နဲ႔ညီမေလး ကိုယ္ဆိုတဲ့ဘဝနဲ့
ကိုယ့္ေလ်ွာက္ေနတဲ့ လမ္းမွာ ကိုယ့္စံႏုွန္း နဲ႔ ကိုယ္ ဆက္ေလွ်ာက္ပါ
ကိုယ့္ကို ေအာက္လံုးထိုး တိုက္ခိုက္ေနတဲ့ သူေတြေ႐ွ႕အေၾကာတင္းတင္နဲ႔ ျဖတ္သန္းျပလိုက္ပါ ညီမေလး။
အခ်ိဳ႕ေတြဆိုတာ သူတို႔အရည္အခ်င္းက အိမ္ေထာင္ကြဲ မိန္းမ ကေလးအေမတစ္ေယာက္ေလာက္ေတာင္ အရည္အခ်င္းမ႐ွိလို႔
မနာလို စ္ိတ္နဲ႔ ေဂ်ဝင္ေနၾကတာလို႔ သေဘာထားၿပီးကိုယ္ေလ်ွာက္ေနတဲ့ လမ္းကို ရဲရဲ ဆက္ေလ်ွာက္ပါညီမေလးေရ။
တစ္ခုေတာ့ သတိေပးမယ္ ညီမေလးေရ
ကိုယ္က ကေလးအေမ တစ္ခုလပ္ ဆိုၿပီး ကိုယ့္ကို လမ္းေဘးက ေျခေဆးအိုင္လို့ သေဘာမထားမိပါေစနဲ့ ညီမေလး
ကိုယ္ဆိုတာ ကံမေကာင္းအေျကာင္းမလွလို. အိမ္ေထာင္ကြဲေပမဲ့ ကိုယ့္ကို ေတာ္ဝင္သဇင္ပန္းလို သေဘာထားပါညီမေလးေရ။
ကိုယ့္စိတ္တိုင္းက် ကိုယ္နဲ႔ ထိုက္တန္သူဆိုတာ ကိုယ္႐ွာစရာမလိုဘူး
ညီမေလး ကိုယ္က်င့္သိကၡာနဲ႔ ျပည့္စံုသူ အတြက္ ထိုက္တန္တဲ့ လက္တစ္စံုက သူအလိုလို ကမ္းလာ ပါလိမ့္မယ္ညီမေလး။
ကိုယ့္စံနဲ႔ မညီလို႔ ကမ္းတဲ့ လက္ကို ပုတ္ခ်လိုက္လဲ ကိုယ္ကထာဝရ ဘုရင္မဘဲ မို႔လား ညီမေလးရယ္။
အရည္အခ်င္း အဆင့္အတန္း ႐ုပ္ဆင္းအဂၤါ႐ွိတဲ့ မိန္းမေတြရဲ႕ ပါတ္ဝန္းက်င္မွာ ေအာက္လံုးေတြနဲ႔ ေဂ်ဝင္တတ္တဲ့ စိတ္ဓာတ္နိမ့္က်သူေတြ
အျမဲ ႐ွိေနတတ္တာ သဘာဝမို႔ ကိုယ္ေလ်ွာက္ေနတဲ့လမ္း ဆက္ေလ်ွာက္လို့ ပါတ္ဝန္းက်င္ ဆိုတာကို ေမ့ထားလိုက္ပါ ညီမေလး။
ညီမေလးရဲ႕ မမ
Rose may