အကြီးဆုံးရန်သူဆိုတာ အနီးဆုံးမှာ
လူတစ်ယောက်ကို တကယ်ခင်ရင်ဘာအကျိုးမှ မမျှော်ကိုးပါနဲ့ မေတ္တာသန့်သန့်နဲ့ခင်ပါ .
ကိုယ်မျှော်လင့်နေတဲ့အရာ မရခဲ့ရင် အမုန်းနဲ့လမ်းခွဲရမှာမြေကြီး လက်ခပ်မလွှဲဘူး ။
လူတစ်ယောက်ကို တကယ်ချစ်ရင် တစုံတရာမျှော်လင့်ပြီးမချစ်ပါနဲ့ ဘယ်လောက်ချစ်ချစ် ကိုယ်လိုချင်တာမရတဲ့အခါအလိုမကျမှုတွေက အပြစ်အဖြင့်ပြောင်းလဲပြီး အမုန်းနဲ့အဆုံးသတ်ရမှာပါပဲ ။
လူလူချင်း ဆက်ဆံရေးမှာ သာမာန်ထက်ပိုရင်းနှီးလာရင်သတိထားပါ လူတိုင်းက ကိုယ့်စိတ်လို မဟုတ်ဘူး ။
တချို့က စေတနာသန့်သန့် မေတ္တာသန့်သန့်နဲ့ ခင်မင်ဆက်ဆံပေမယ့် အများစုက ကိုယ့်အပေါ် မရိုးသားဘူးဆိုတာကို အမြဲသတိနဲ့ ယှဉ်ထားပြီး ဆက်ဆံပါ ။
ကိုယ်ကဖြူနေရင်တောင် အကြံသမားတွေဆိုတာအချိန်မရွေး ကိုယ့်စေတနာကို အရောင်ဆိုးပေးဖို့လက်မနှေးကြပါဘူး ။
ကိုယ်လည်းလူထဲက လူပဲ စေတနာသန့်သန့်နဲ့ ကူညီတာကိုလာစော်ကားရင်း ဒေါသထွက်ပေါက်ကွဲမိမှာဘဲလေ ။
မေတ္တာအစစ်နဲ့ ကူညီတာကို ရိုင်းစိုင်းစွာနဲ့ လာစော်ကားရင်လက်တုန့်ပြန်မိမှာပဲ
ကိုယ့်ဖက်က ရိုးသားခဲ့တာလေ ဘယ်သူက သက်သက်လာစော်ကားတာကို ငြိမ်ခံနေမှာလည်း ။
ချက်ချင်းလက်ငင်းအချိန်မှာတော့ ဘာမှမစဉ်းစားနိုင်တော့ဒေါသထွက်မယ် စိတ်တွေတိုမယ် သူတစ်ခွန်း ကိုယ်တခွန်းပြောမိတယ် ကိုယ်ပြုခဲ့တဲ့ ကုသိုလ်ကနေ အကုသိုလ်အဖြစ်ပြောင်းလဲသွားပြီ ။
တချို့ရှိတယ် စာနာစိတ်လုံးဝမရှိသူတွေ ! သူတပါးကျေးဇူးကို မသိသူတွေတပါးသူရဲ့ အားနည်းချက်ကိုအကြောင်းပြီး အကူညီယူတတ်တဲ့သူတွေ !
ဒီလိုလူမျိုးတွေလောက် ယုတ်ညံ့သူမရှိတော့သလိုတုဖက်ပြီး စကားကို မပြောသင့်ပါဘူး ဝေးဝေးကသာရှောင်ပါ။
မရှောင်နိုင်ရင် ကိုယ်သာ စိတ်ဒုက္ခရောက်ရမှာပါ ။
အဆိုးဆုံးခံစားရတာက ကိုယ်ကူညီခဲ့တာ အပြန်အလှန်သဘောနဲ့မဟုတ်ပါဘူး စာနာစိတ်နဲ့ပါ ။
ဒါပေမယ့် စာနာစိတ်မရှိသူတွေက ကိုယ့်စေတနာကိုအသိမှတ်မပြုတဲ့အပြင် မထီမဲ့မြင်လုပ်သွားတာကိုခံစားရအဆိုးဆုံး နဲ့ ခံစားရအခက်ဆုံး ပဲဖြစ်ပါတယ် ။
သူဟာကိုယ်မှမဟုတ်တာလို့ တခြားနေရာတွေမှာနားလည်မှုထားနိုင်ပေမယ့် ကိုယ့်စေတနာကိုလာစော်ကားရင်ခံစားရ အတော်လေးဆိုးတာမို့
” အကျိုးမျှော်ပြီးမှ ခင်တဲ့သူတွေကို ရှောင်ပါ ”
” ချစ်တယ်လို့ပြောပြီး အကျိုးမျှော်တတ်တဲ့ ချစ်သူကို ” လည်းပြတ်ပြတ်သားသား စွန့်လွှတ်ပစ်ပါ ။
ဝေဒနာသေးသေးနဲ့ ကြီးကြီး ဘယ်ဟာပိုသက်လိမ့်မလည်းရွေးချယ်ကြပါ ။
သေချာတာ တစ်ခုက သူတပါးကျေးဇူးမသိသူတွေဆိုတာအချိန်မရွေး ကိုယ့်ကိုပြန်စော်ကားဖို့ လက်မတွန့်သလိုစာနာမှုမရှိသူတွေဆိုတာ အချိန်မရွေးကိုယ့်နောက်ကျောကိုဓါးနဲ့ထိုးဖို့ လက်မနှေးကြပါဘူး ။
ဒီလူတွေကို ကြည့်လိုက်ပါ အဝေးဆုံးကလူတွေ မဟုတ်ဖူးကိုယ့်အနားမှာနေသွားကြတဲ့သူတွေပဲ ဖြစ်နေပါလိမ့်မယ် ။
ဒါကြောင့် ကိုယ့်ကုသိုလ်တွေ အကုသိုလ်မဖြစ်အောင်သူစိမ်းဆိုတာ အနေနီးလေ သတိကြီးကြီးထားရလေဆိုတာမမေ့ကြပါနဲ့ ။
တကယ်တော့ အကြီးဆုံးရန်သူဆိုတာ အနီးဆုံးကထွက်သွားကြတာပါ ။
MayNoe
အၾကီးဆံုးရန္သူဆိုတာ အနီးဆံုးမွာ
လူတစ္ေယာက္ကို တကယ္ခင္ရင္ဘာအက်ိဳးမွ မေမွ်ာ္ကိုးပါနဲ ့ ေမတၱာသန္ ့သန္ ့နဲ ့ခင္ပါ .
ကိုယ္ေမွ်ာ္လင့္ေနတဲ့အရာ မရခဲ့ရင္ အမုန္းနဲ ့လမ္းခြဲရမွာေျမၾကီး လက္ခပ္မလႊဲဘူး ။
လူတစ္ေယာက္ကို တကယ္ခ်စ္ရင္ တစံုတရာေမွ်ာ္လင့္ျပီးမခ်စ္ပါနဲ ့ ဘယ္ေလာက္ခ်စ္ခ်စ္ ကိုယ္လိုခ်င္တာမရတဲ့အခါအလိုမက်မႈေတြက အျပစ္အျဖင့္ေျပာင္းလဲျပီး အမုန္းနဲ ့အဆံုးသတ္ရမွာပါပဲ ။
လူလူခ်င္း ဆက္ဆံေရးမွာ သာမာန္ထက္ပိုရင္းနွီးလာရင္သတိထားပါ လူတိုင္းက ကိုယ့္စိတ္လို မဟုတ္ဘူး ။
တခ်ိဳ ့က ေစတနာသန္ ့သန္ ့ ေမတၱာသန္ ့သန္ ့နဲ ့ ခင္မင္ဆက္ဆံေပမယ့္ အမ်ားစုက ကိုယ့္အေပၚ မရိုးသားဘူးဆိုတာကို အျမဲသတိနဲ ့ ယွဥ္ထားျပီး ဆက္ဆံပါ ။
ကိုယ္ကျဖဴေနရင္ေတာင္ အၾကံသမားေတြဆိုတာအခ်ိန္မေရြး ကိုယ့္ေစတနာကို အေရာင္ဆိုးေပးဖို ့လက္မေနွးၾကပါဘူး ။
ကိုယ္လည္းလူထဲက လူပဲ ေစတနာသန္ ့သန္ ့နဲ ့ ကူညီတာကိုလာေစာ္ကားရင္း ေဒါသထြက္ေပါက္ကြဲမိမွာဘဲေလ ။
ေမတၱာအစစ္နဲ ့ ကူညီတာကို ရိုင္းစိုင္းစြာနဲ ့ လာေစာ္ကားရင္လက္တုန္ ့ျပန္မိမွာပဲ
ကိုယ့္ဖက္က ရိုးသားခဲ့တာေလ ဘယ္သူက သက္သက္လာေစာ္ကားတာကို ျငိမ္ခံေနမွာလည္း ။
ခ်က္ခ်င္းလက္ငင္းအခ်ိန္မွာေတာ့ ဘာမွမစဥ္းစားနိုင္ေတာ့ေဒါသထြက္မယ္ စိတ္ေတြတိုမယ္ သူတစ္ခြန္း ကိုယ္တခြန္းေျပာမိတယ္ ကိုယ္ျပဳခဲ့တဲ့ ကုသိုလ္ကေန အကုသိုလ္အျဖစ္ေျပာင္းလဲသြားျပီ ။
တခ်ိဳ ့ရွိတယ္ စာနာစိတ္လံုးဝမရွိသူေတြ ! သူတပါးေက်းဇူးကို မသိသူေတြတပါးသူရဲ့ အားနည္းခ်က္ကိုအေၾကာင္းျပီး အကူညီယူတတ္တဲ့သူေတြ !
ဒီလိုလူမ်ိဳးေတြေလာက္ ယုတ္ညံ့သူမရွိေတာ့သလိုတုဖက္ျပီး စကားကို မေျပာသင့္ပါဘူး ေဝးေဝးကသာေရွာင္ပါ။
မေရွာင္နိုင္ရင္ ကိုယ္သာ စိတ္ဒုကၡေရာက္ရမွာပါ ။
အဆိုးဆံုးခံစားရတာက ကိုယ္ကူညီခဲ့တာ အျပန္အလွန္သေဘာနဲ ့မဟုတ္ပါဘူး စာနာစိတ္နဲ ့ပါ ။
ဒါေပမယ့္ စာနာစိတ္မရွိသူေတြက ကိုယ့္ေစတနာကိုအသိမွတ္မျပဳတဲ့အျပင္ မထီမဲ့ျမင္လုပ္သြားတာကိုခံစားရအဆိုးဆံုး နဲ ့ ခံစားရအခက္ဆံုး ပဲျဖစ္ပါတယ္ ။
သူဟာကိုယ္မွမဟုတ္တာလို ့ တျခားေနရာေတြမွာနားလည္မႈထားနိုင္ေပမယ့္ ကိုယ့္ေစတနာကိုလာေစာ္ကားရင္ခံစားရ အေတာ္ေလးဆိုးတာမို ့
” အက်ိဳးေမွ်ာ္ျပီးမွ ခင္တဲ့သူေတြကို ေရွာင္ပါ ”
” ခ်စ္တယ္လို ့ေျပာျပီး အက်ိဳးေမွ်ာ္တတ္တဲ့ ခ်စ္သူကို ” လည္းျပတ္ျပတ္သားသား စြန္ ့လႊတ္ပစ္ပါ ။
ေဝဒနာေသးေသးနဲ ့ ၾကီးၾကီး ဘယ္ဟာပိုသက္လိမ့္မလည္းေရြးခ်ယ္ၾကပါ ။
ေသခ်ာတာ တစ္ခုက သူတပါးေက်းဇူးမသိသူေတြဆိုတာအခ်ိန္မေရြး ကိုယ့္ကိုျပန္ေစာ္ကားဖို ့ လက္မတြန္ ့သလိုစာနာမႈမရွိသူေတြဆိုတာ အခ်ိန္မေရြးကိုယ့္ေနာက္ေက်ာကိုဓါးနဲ ့ထိုးဖို ့ လက္မေနွးၾကပါဘူး ။
ဒီလူေတြကို ၾကည့္လိုက္ပါ အေဝးဆံုးကလူေတြ မဟုတ္ဖူးကိုယ့္အနားမွာေနသြားၾကတဲ့သူေတြပဲ ျဖစ္ေနပါလိမ့္မယ္ ။
ဒါေၾကာင့္ ကိုယ့္ကုသိုလ္ေတြ အကုသိုလ္မျဖစ္ေအာင္သူစိမ္းဆိုတာ အေနနီးေလ သတိၾကီးၾကီးထားရေလဆိုတာမေမ့ၾကပါနဲ ့ ။
တကယ္ေတာ့ အၾကီးဆံုးရန္သူဆိုတာ အနီးဆံုးကထြက္သြားၾကတာပါ ။
MayNoe