“စိတ်ထဲ ထားမနေပါနဲ့”
လူတစ်ချို့က သင်အထီးကျန်အားငယ်နေတဲ့အချိန်သူတို့ ဂရုစိုက်ချင်မှ စိုက်လိမ့်မယ်
ဒါပေမယ့် သူတို့ အထီးကျန်ဝမ်းနည်းနေရင်တော့သင် ထွေးပွေ့ပေးမှ သူတို့ကျေနပ်ကြလိမ့်မယ်။
လူတစ်ချို့က သင် အကူအညီလိုတဲ့အချိန်မှာ သူတို့ ကူညီချင်မှ ကူညီလိမ့်မယ်
ဒါပေမယ့် သူတို့လိုအပ်လာပြီဆိုရင်တော့ သင် အိပ်ပျော်နေရင်တောင် လာနိုးပြီး အကူအညီတောင်းကြလိမ့်မယ်။
လူတစ်ချို့က သင် ငတ်ပြတ်နေတဲ့အချိန်မှာ ရေတစ်ခွက်တောင်ကြည်ဖြူ ချင်မှ ကြည်ဖြူ လိမ့်မယ်
ဒါပေမယ့် သူတို့ ငတ်သလိုလိုဖြစ်လာရင်တော့သင် အလိုက်တသိ ကူညီပေးမှ သူတို့ကျေနပ်ကြပါလိမ့်မယ်။
လူတစ်ချို့က သင် အသားကုန်ကောင်းမှ သူတို့ သင့်အပေါ်မဆိုးကြလိမ့်မယ်
ဒါပေမယ့် သင် သာ အဆိုးတစ်ကြိမ် ကျူ းလွန်ခဲ့မိရင်တော့ သင့်ကို သေဒဏ်ချမှတ်ဖို့တောင် သူတို့စိတ်ကူးနေတတ်ကြတယ်။
လူတစ်ချို့ကသင့် ဘဝ အဝီစိရောက်အောင် ဆင်းရဲနေမှသူတို့ ပျော်နေကြလိမ့်မယ်
ဒါပေမယ့် သင်က လောကဓံနွံထဲမှ ခေါင်းပြူ ထွက်လာနိုင်ပြီဆိုရင်တော့ သင့်ကို နွံထဲကိုဘယ်လို ပြန်နစ်ရမလဲဆိုတာကို သူတို့ ကြံစည်လာတတ်တယ်။
ဘာပဲဖြစ်ဖြစ်ပါ လူရယ်လို့ ဖြစ်လာရင် ကောင်းသူ ၊ မကောင်းသူတွေနဲ့ကြုံတွေ့ရမှာ အမှန်တရားပါ
ကောင်းသူနဲ့ကြုံကြုံ ၊ ယုတ်မာသူတွေနဲ့ပဲကြုံကြုံကိုယ့်စိတ်အာရုံထဲ အမှိုက်မသွန်တာ အကောင်းဆုံးပါ
အတုယူသင့်တာကိုယူ ၊ သင်ခန်းစာယူသင့်တာကိုယူပြီး မေတ္တာအပြည့်ဖြင့် ဘဝကိုဖြတ်သန်းခဲ့ရင်အဆိုးတွေ ကြုံလည်း ခဏတာပါ
ကံကောင်းခြင်းတွေ သယ်ဆောင်လာတဲ့နေ့ရက်တိုင်းကို ပိုင်ဆိုင်ရမှာပါ
စိတ်ထဲ ထားမနေပါနဲ့ မေတ္တာဖြင့်သာဆက်လျှောက်ပါလို့ အကြံပြုပါရစေ။
လေးစားစွာဖြင့်
ဇင်းနစ် မကွေး
“စိတ္ထဲ ထားမေနပါနဲ႔”
လူတစ္ခ်ိဳ႕က သင္အထီးက်န္အားငယ္ေနတဲ့အခ်ိန္သူတို႔ ဂ႐ုစိုက္ခ်င္မွ စိုက္လိမ့္မယ္
ဒါေပမယ့္ သူတို႔ အထီးက်န္ဝမ္းနည္းေနရင္ေတာ့သင္ ေထြးေပြ႕ေပးမွ သူတို႔ေက်နပ္ၾကလိမ့္မယ္။
လူတစ္ခ်ိဳ႕က သင္ အကူအညီလိုတဲ့အခ်ိန္မွာ သူတို႔ ကူညီခ်င္မွ ကူညီလိမ့္မယ္
ဒါေပမယ့္ သူတို႔လိုအပ္လာၿပီဆိုရင္ေတာ့ သင္ အိပ္ေပ်ာ္ေနရင္ေတာင္ လာႏိုးၿပီး အကူအညီေတာင္းၾကလိမ့္မယ္။
လူတစ္ခ်ိဳ့က သင္ ငတ္ျပတ္ေနတဲ့အခ်ိန္မွာ ေရတစ္ခြက္ေတာင္ၾကည္ျဖဴ ခ်င္မွ ၾကည္ျဖဴ လိမ့္မယ္
ဒါေပမယ့္ သူတို႔ ငတ္သလိုလိုျဖစ္လာရင္ေတာ့သင္ အလိုက္တသိ ကူညီေပးမွ သူတို႔ေက်နပ္ၾကပါလိမ့္မယ္။
လူတစ္ခ်ိဳ႕က သင္ အသားကုန္ေကာင္းမွ သူတို႔ သင့္အေပၚမဆိုးၾကလိမ့္မယ္
ဒါေပမယ့္ သင္ သာ အဆိုးတစ္ႀကိမ္ က်ဴ းလြန္ခဲ့မိရင္ေတာ့ သင့္ကို ေသဒဏ္ခ်မွတ္ဖို႔ေတာင္ သူတို႔စိတ္ကူးေနတတ္ၾကတယ္။
လူတစ္ခ်ိဳ့ကသင့္ ဘဝ အဝီစိေရာက္ေအာင္ ဆင္းရဲေနမွသူတို႔ ေပ်ာ္ေနၾကလိမ့္မယ္
ဒါေပမယ့္ သင္က ေလာကဓံႏြံထဲမွ ေခါင္းျပဴ ထြက္လာႏိုင္ၿပီဆိုရင္ေတာ့ သင့္ကို ႏြံထဲကိုဘယ္လို ျပန္နစ္ရမလဲဆိုတာကို သူတို႔ ႀကံစည္လာတတ္တယ္။
ဘာပဲျဖစ္ျဖစ္ပါ လူရယ္လို႔ ျဖစ္လာရင္ ေကာင္းသူ ၊ မေကာင္းသူေတြနဲ႔ႀကဳံေတြ႕ရမွာ အမွန္တရားပါ
ေကာင္းသူနဲ႔ႀကဳံႀကဳံ ၊ ယုတ္မာသူေတြနဲ႔ပဲႀကဳံႀကဳံကိုယ့္စိတ္အာ႐ုံထဲ အမႈိက္မသြန္တာ အေကာင္းဆုံးပါ
အတုယူသင့္တာကိုယူ ၊ သင္ခန္းစာယူသင့္တာကိုယူၿပီး ေမတၱာအျပည့္ျဖင့္ ဘဝကိုျဖတ္သန္းခဲ့ရင္အဆိုးေတြ ႀကဳံလည္း ခဏတာပါ
ကံေကာင္းျခင္းေတြ သယ္ေဆာင္လာတဲ့ေန႔ရက္တိုင္းကို ပိုင္ဆိုင္ရမွာပါ
စိတ္ထဲ ထားမေနပါနဲ႔ ေမတၱာျဖင့္သာဆက္ေလွ်ာက္ပါလို႔ အႀကံျပဳပါရေစ။
ေလးစားစြာျဖင့္
ဇင္းနစ္ မေကြး