အနာဂတ်ခင်ပွန်းလောင်းသို့ပေးစာ

အနာဂတ်ခင်ပွန်းလောင်းသို့ပေးစာ

အရမ်းချစ်ပြဖို့မလိုဘူးနားလည်မှုရှိနေဖို့သာ အဓိကပါ

ရုပ်ရည်ချောမောနေဖို့မလိုဘူးဘဝအတွက် လက်တွဲဖော်ကောင်းတစ်ယောက်ပီသနိုင်ဖို့သာအဓိကပါ

ပိုက်ဆံချမ်းသာဖို့မလိုဘူးစိတ်ချမ်းသာအောင် ထားတတ်ဖို့ပဲလိုတယ်

ဦးစားပေးဖို့မလိုဘူးအလိုက်သိတတ်ဖို့ပဲလိုတယ်

ကိုယ်ကမှားရင်အပြစ်တင်ပြောဆိုတာထက်သူ့ဘက်က ဆုံးမတတ်ဖို့သာအဓိကပါ

သဝန်တိုဖို့ထက် ယုံကြည်မှုရှိနေဖို့ပဲလိုတယ်

ယုံကြည်မှုရှိအောင် နေထိုင်တတ်ရမယ်

အမြဲတမ်း ပြုံးနိုင်အောင်ထားနိုင်ဖို့ထက်မျက်ရည်မကျအောင်ထားတတ်ဖို့ပဲလိုတယ်

အပြောကောင်းဖို့မလိုဘူးယောကျာ်းကောင်းတစ်ယောက်ပီသစွာနဲ့လက်တွေ့မှာသစ္စာရှိဖို့သာ အဓိကပါ

အိမ်အကောင်းစားနဲ့ထားစရာမလိုဘူး

ရှိတာလေးနဲ့သင့်တင့်မျှတနွေးထွေးလုံခြုံတဲ့အိမ်မေတ္တာတရားနှင့်ကိုယ်ချင်းစာတတ်တဲ့စိတ် ရှိဖို့ပါပဲ

တကယ်တော့မိန်းကလေးတိုင်းလိုချင်တာ အချစ်တစ်ခုထဲမဟုတ်ဘူး

သူမရဲ့ဘဝ အနာဂတ် အတွက် အာမခံရှိတဲ့ဥယျာဉ်မှူးကောင်းတစ်ယောက်ပါပဲ။

May Noe















May Noe