ဘုရားကျောင်းဆောင်ဧ။် တန်ဖိုး
” အိမ်ဦးခန်း ‘ ဘုရားကျောင်းဆောင် ‘ တစ်ခုတည်းဖြင့် ကုသိုလ်ရေးကိစ္စ , ပါရမီရေးကိစ္စ အားလုံး ပြီးစီး နိုင်ပါတယ် ”
မိမိတို့ အိမ်ဦးခန်း ရှိ ဘုရားကျောင်းဆောင်၌
တိဋ္ဌန္တေ နိဗ္ဗုတေစာပိ သမေစိတ္တေ သမံ ဖလံ
” သက်တော်ထင်ရှား မြတ်စွာဘုရား၌ လည်းကောင်း ။ ပရိနိဗ္ဗာန် စံတော်မူ သွားကုန်သော ဘုရားရှင် တို့၌ လည်း ကောင်း ။ ‘ စိတ် စေတနာ ‘ တူမျှသည် ရှိသော် တူသော အကျိုး ပေး၏ ” …ဟူသော ဒေသနာတော် ကို ယုံကြည် မြတ်နိုး ၍ ပုံတော်ကို ဂုဏ်တော်သွင်းပြီး
(၁) ဒါနပါရမီ
ဘုရားကျောင်းဆောင်၌ ဆွမ်း , ရေချမ်း , ပန်း စသည်တို့ကို လှူဒါန်းခြင်း – ဒါနပါရမီ ။
(၂)သီလပါရမီ
ဘုရားကျောင်းဆောင်ရှေ့၌ သက်တော်ထင်ရှား မြတ်စွာဘုရား ထံတော်ပါး ကဲ့သို့ ‘သီလ’ ကို ရိုသေစွာ ခံယူ ဆောက်တည်ခြင်း – သီလပါရမီ ။
(၃) နေက္ခမပါရမီ
ဘုရားကျောင်းဆောင်ရှေ့၌ မကောင်းသော အကြံအစည် အကုသိုလ်များမှ ခေတ္တ ရုန်းထွက်၍ မေတ္တာ ဘာဝနာ စသည် တို့ကို ပွားများနေခြင်း – နေက္ခမပါရမီ ။
(၄) ပညာပါရမီ
ဘုရားကျောင်းဆောင်ရှေ့၌ အာနာပါန သမထ ဝိပဿနာ စသည်တို့ကို အားထုတ်ခြင်း – ပညာပါရမီ ။
(၅) ဝီရိယပါရမီ
ဘုရားကျောင်းဆောင်ရှေ့၌ ဒါန ,သီလ ,သမာဓိ, ပညာ ဖြင့် အကုသိုလ်များ မဖြစ်ပွားဘဲ ကုသိုလ်တရား ဖြစ်ပွားအောင် ကြိုးစား အားထုတ်ခြင်း – ဝီရိယပါရမီ ။
(၆)ခန္တီပါရမီ
ဘုရားကျောင်းဆောင်ရှေ့၌ ညောင်းညာခြင်း , ပျင်းရိခြင်း , ခြင်ကိုက်ခြင်း စသည်တို့ကို သည်းခံ၍ ကုသိုလ်တရားတို့ကို ကြိုးစားခြင်း – ခန္တီပါရမီ ။
(၇)သစ္စာပါရမီ
ဘုရားကျောင်းဆောင်ရှေ့၌ ဘုရားစာဆိုခြင်း , ပရိတ်ရွတ်ဖတ်ခြင်း စသော – သစ္စာပါရမီ ။
(၈)အဓိဋ္ဌာန်ပါရမီ
ဘုရားကျောင်းဆောင်ရှေ့၌ ဝတ္တရားမပျက် ကုသိုလ်တရားတို့ကို ခိုင်မြဲစွာ ပြုလုပ် ဆောက်တည်ခြင်း – အဓိဋ္ဌာန်ပါရမီ။
(၉)မေတ္တာပါရမီ
ဘုရားကျောင်းဆောင်ရှေ့၌ သတ္တဝါတို့အပေါ် မေတ္တာပို့ုခြင်း , မေတ္တာပွားများခြင်း – မေတ္တာပါရမီ ။(၁၀) ဥပေက္ခာပါရမီ
ဘုရားကျောင်းဆောင်ရှေ့၌ “သဗ္ဗေသတ္တာ ကာမ္မသကာ ” ဟု အကြောင်းကံ ကို နှလုံသွင်း ဆင်ခြင်ခြင်း – ဥပေက္ခာပါရမီ ။
တည်းဟူသော ‘ ပါရမီ ဆယ်ပါး ‘ ကုသိုလ် တရားထူးကြီးများကို ဘုရားကျောင်းဆောင်တစ်ခုတည်းက ပေးစွမ်းနိုင်ပါကြောင်း ကို ‘မျက်စိမလျှမ်းကြဖို့ ‘ အကျိုးမျှော်၍ နိုးဆော် အပ်ပါသည်။ ”
” အိမ်ရှိဘုရားကျောင်းဆောင်မှာ လူမူရေး ,စီးပွားရေး , ကြီးပွားရေး , လောကီအကျိုးစီးပွား အားလုံး အတွက် ‘ သော့ ‘ ရှိနေတယ် အရယူနိုင်အောင် ကြိုးစားကြ ။
‘လောကုတ္တရာတရား ‘ အတွက် အခြေခံကောင်း , ရတနာသိုက်ကြီးရဲ့ ‘သော့ ‘ ဟာလဲ ဒီမှာပဲ ရှိတယ် ။
(ကျေးဇူးရှင် ရွှေပေါ်ကျွန်း အရှင်ဇေယျသိဒ္ဓိ ဓမ္မဉာဏိက ဆရာတော် ဘုရားကြီး ။ မလိူင်မြို့ )
ဘုရားေက်ာင္းေဆာင္ဧ။္ တန္ဖုိး
” အိမ္ဦးခန္း ‘ ဘုရားေက်ာင္းေဆာင္ ‘ တစ္ခုတည္းျဖင့္ ကုသုိလ္ေရးကိစၥ , ပါရမီေရးကိစၥ အားလုံး ျပီးစီး ႏုိင္ပါတယ္ ”
မိမိတုိ႕ အိမ္ဦးခန္း ရွိ ဘုရားေက်ာင္းေဆာင္၌
တိ႒ေႏၲ နိဗၺဳေတစာပိ သေမစိေတၱ သမံ ဖလံ
” သက္ေတာ္ထင္ရွား ျမတ္စြာဘုရား၌ လည္းေကာင္း ။ ပရိနိဗၺာန္ စံေတာ္မူ သြားကုန္ေသာ ဘုရားရွင္ တုိ႕၌ လည္း ေကာင္း ။ ‘ စိတ္ ေစတနာ ‘ တူမ်ွသည္ ရွိေသာ္ တူေသာ အက်ိဳး ေပး၏ ” …ဟူေသာ ေဒသနာေတာ္ ကုိ ယုံႀကည္ ျမတ္ႏုိး ၍ ပုံေတာ္ကုိ ဂုဏ္ေတာ္သြင္းျပီး
(၁) ဒါနပါရမီ
ဘုရားေက်ာင္းေဆာင္၌ ဆြမ္း , ေရခ်မ္း , ပန္း စသည္တုိ႕ကုိ လွဴဒါန္းျခင္း – ဒါနပါရမီ ။
(၂)သီလပါရမီ
ဘုရားေက်ာင္းေဆာင္ေရွ႕၌ သက္ေတာ္ထင္ရွား ျမတ္စြာဘုရား ထံေတာ္ပါး က့ဲသုိ႕ ‘သီလ’ ကုိ ရုိေသစြာ ခံယူ ေဆာက္တည္ျခင္း – သီလပါရမီ ။
(၃) ေနကၡမပါရမီ
ဘုရားေက်ာင္းေဆာင္ေရွ႕၌ မေကာင္းေသာ အႀကံအစည္ အကုသုိလ္မ်ားမွ ေခတၱ ရုန္းထြက္၍ ေမတၱာ ဘာဝနာ စသည္ တုိ႕ကုိ ပြားမ်ားေနျခင္း – ေနကၡမပါရမီ ။
(၄) ပညာပါရမီ
ဘုရားေက်ာင္းေဆာင္ေရွ႕၌ အာနာပါန သမထ ဝိပႆနာ စသည္တုိ႕ကုိ အားထုတ္ျခင္း – ပညာပါရမီ ။
(၅) ဝီရိယပါရမီ
ဘုရားေက်ာင္းေဆာင္ေရွ႕၌ ဒါန ,သီလ ,သမာဓိ, ပညာ ျဖင့္ အကုသုိလ္မ်ား မျဖစ္ပြားဘဲ ကုသုိလ္တရား ျဖစ္ပြားေအာင္ ႀကိဳးစား အားထုတ္ျခင္း – ဝီရိယပါရမီ ။
(၆)ခႏၲီပါရမီ
ဘုရားေက်ာင္းေဆာင္ေရွ႕၌ ေညာင္းညာျခင္း , ပ်င္းရိျခင္း , ျခင္ကုိက္ျခင္း စသည္တုိ႕ကုိ သည္းခံ၍ ကုသုိလ္တရားတုိ႕ကုိ ႀကိဳးစားျခင္း – ခႏၲီပါရမီ ။
(၇)သစၥာပါရမီ
ဘုရားေက်ာင္းေဆာင္ေရွ႕၌ ဘုရားစာဆုိျခင္း , ပရိတ္ရြတ္ဖတ္ျခင္း စေသာ – သစၥာပါရမီ ။
(၈)အဓိ႒ာန္ပါရမီ
ဘုရားေက်ာင္းေဆာင္ေရွ႕၌ ဝတၱရားမပ်က္ ကုသုိလ္တရားတုိ႕ကုိ ခုိင္ျမဲစြာ ျပဳလုပ္ ေဆာက္တည္ျခင္း – အဓိ႒ာန္ပါရမီ။
(၉)ေမတၱာပါရမီ
ဘုရားေက်ာင္းေဆာင္ေရွ႕၌ သတၱဝါတုိ႕အေပၚ ေမတၱာပုိ႕ုျခင္း , ေမတၱာပြားမ်ားျခင္း – ေမတၱာပါရမီ ။(၁၀) ဥေပကၡာပါရမီ
ဘုရားေက်ာင္းေဆာင္ေရွ႕၌ “သေဗၺသတၱာ ကာမၼသကာ ” ဟု အေႀကာင္းကံ ကုိ ႏွလုံသြင္း ဆင္ျခင္ျခင္း – ဥေပကၡာပါရမီ ။
တည္းဟူေသာ ‘ ပါရမီ ဆယ္ပါး ‘ ကုသုိလ္ တရားထူးႀကီးမ်ားကုိ ဘုရားေက်ာင္းေဆာင္တစ္ခုတည္းက ေပးစြမ္းႏုိင္ပါေႀကာင္း ကုိ ‘မ်က္စိမလ်ွမ္းႀကဖုိ႕ ‘ အက်ိဳးေမ်ွာ္၍ ႏုိးေဆာ္ အပ္ပါသည္။ ”
” အိမ္ရွိဘုရားေက်ာင္းေဆာင္မွာ လူမူေရး ,စီးပြားေရး , ႀကီးပြားေရး , ေလာကီအက်ိဳးစီးပြား အားလုံး အတြက္ ‘ ေသာ့ ‘ ရွိေနတယ္ အရယူႏုိင္ေအာင္ ႀကိဳးစားႀက ။
‘ေလာကုတၱရာတရား ‘ အတြက္ အေျခခံေကာင္း , ရတနာသုိက္ႀကီးရဲ႕ ‘ေသာ့ ‘ ဟာလဲ ဒီမွာပဲ ရွိတယ္ ။
(ေက်းဇူးရွင္ ေရႊေပၚကြ်န္း အရွင္ေဇယ်သိဒိၶ ဓမၼဉာဏိက ဆရာေတာ္ ဘုရားႀကီး ။ မလူိင္ျမိဳ႕ )