“ဒီလို ယောင်္ကျားမျိုးနဲ့တွေ့ဆုံတဲ့ အချိန်မှသာအိမ်ထောင်ပြုဖို့ စဉ်းစားပါ…”

“ဒီလို ယောင်္ကျားမျိုးနဲ့တွေ့ဆုံတဲ့ အချိန်မှသာအိမ်ထောင်ပြုဖို့ စဉ်းစားပါ…”

မိန်းကလေးတိုင်းဟာအချစ်ရေးမှာကံကောင်းချင်ကြပါတယ်။

ကိုယ့်အပေါ်ပျော်ရွှင်မှု၊ဂရုစိုက် မှုပေးနိုင်ပြီးသစ္စာရှိတဲ့ယောကျာ်းမျိုးနဲ့ပဲဆုံဆည်းချင်ကြပါတယ် …… ။

အောက်ပါအချက်လေးတွေနဲ့ကိုက်ညီတဲ့ ချစ်သူကောင်လေးမျိုးကိုရထားပြီးပြီဆိုရင် သင်ဟာပတ်ဝန်းကျင်မှာရော သူငယ်ချင်းအပေါင်းအသင်းကြားမှာပါသင့်ကိုဝိုင်းပြီး အားကျရမယ့်ပျော်ရွှင်ဖွယ် အချစ်ရေးကိုပိုင်ဆိုင်ထားပြီးဖြစ်ပါတယ် ….. ။

၁။ဦးစားပေးမှုမှာ သင်ကနံပါတ်တစ်ပဲ ။

အလုပ်နဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ ဖြစ်စေ သူငယ်ချင်းအပေါင်းအသင်းကြားမှာ ဖြစ်စေသင်နဲ့ယှဉ်ရမယ့် ကိစ္စမျိုးရှိလာခဲ့ရင်သင့်ကိုပဲ ပထမဦးစားပေး ရွေးချယ်မယ့်သူမျိုးပါ။

သင်ရဲ့ ပျော်ရွှင်မှု၊ကျန်းမာရေးကိုလည်း သူကအမြဲစောင့်ရှောက်တတ်တဲ့သူမျိုးပါပဲ …. ။

ဒီလို ယောင်္ကျားမျိုးနဲ့ တွေ့ဆုံတဲ့အချိန်မှသာ အိမ်ထောင်ပြုဖို့ စဉ်းစားပါ။

၂။ရင်ဖွင့်စကားတွေနားထောင်ပေးပြီး အမြဲအားပေးသူမျိုး ။

သင်က ရင်ဖွင့်စရာတောင် မလိုပါဘူး။ သင့်မျက်နှာမှာ အလိုမကျတာတွေ့ရင် သူက ဘာဖြစ်နေလဲဆိုတာကို သိနှင့်ပြီး သင့်မကျေနပ်ချက်တွေကို မေးမယ့်သူမျိုးပါ။

သင်ရဲ့အခက်အခဲတွေမကျေမနပ်ဆိုလာတဲ့ ရင်ဖွင့်စကားတွေကိုဂရုတစိုက်နားထောင်ပေးပြီးအကြံဉာဏ်ပေး မယ့်သူမျိုးပါ …. ။

၃။ဘဝရဲ့အခက်အခဲတွေကိုကူညီဖြေရှင်းမယ့်သူမျိုး ။

နေ့စဉ် အသက်ရှင်ဖို့လှုပ်ရှားနေရတဲ့ ဘဝဟာတစ်ခါတစ်ရံမှာ တစ်ယောက်ထဲရင်ဆိုင်ဖို့ ခက်ခဲလွန်းပါတယ်။

သင်က စိတ်ဓာတ်ကြံ့ခိုင်တဲ့ မိန်းကလေးဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ တစ်ယောက်ထဲရင်ဆိုင်ဖြေရှင်းဖို့ မတတ်နိုင်တဲ့အခါမျိုးမှာသူကသင့်ရှေ့ကမားမားမတ်မတ်ရပ်တည်ပြီး ရင်ဆိုင်ဖြေရှင်းပေးမှာပါ။

သင့်ရဲ့အခက်အခဲတွေကိုအားနည်းချက်လို့ အပြစ်မမြင်ပဲသူဘက်က ကူညီခွင့်ရတဲ့အတွက်တောင်ဂုဏ်ယူဦးမယ့်သူပါ ….. ။

၄။သင့်ရဲ့စိတ်ကို သိနေတဲ့သူမျိုး ။

သူက သင့်ကိုအရမ်းချစ်တဲ့အတွက်ကြောင့်သင့်ရဲ့စိတ်ခံစားချက်တွေ အကြိုက်တွေကိုအမြဲသိချင်နေတဲ့သူမျိုးပါ။သိဖို့အတွက်အမြဲလည်းအကဲခတ်နေပါတယ်။

ဒါကြောင့်မို့ သင့်ဘက်ကလိုအပ်ချက်ရှိလာတဲ့အခါမျိုးမှာတောင်းဆိုစရာမလိုပဲ သူ့အသိစိတ်နဲ့သင့်ရဲ့ လိုအပ်ချက်ကို သိနှင့်ပြီးသား၊လုပ်ပေးနှင့်နေပြီးသားဖြစ်နေတတ်ပါတယ်။

တခါတရံ လက်ဆောင်တွေအစားအသောက်တွေဝယ်လာပေးတဲ့အခါမျိုးကျရင်သင့်အကြိုက်နဲ့ထပ်တူညီနေတာမျိုး ရှိနေတတ်တာတွေက တိုက်ဆိုင်တာမဟုတ်ပါဘူး။

သင့်ရဲ့အကြိုက်၊သင့်ရဲ့စိတ်ကိုသိပြီးအသေးအဖွဲ့လေးတွေကအစဂရုစိုက်တတ်တဲ့သူမို့ပါ ….. ။ဒီလို ယောင်္ကျားမျိုးနဲ့ တွေ့ဆုံတဲ့ အချိန်မှသာ အိမ်ထောင်ပြုဖို့ စဉ်းစားပါ။

၅။သင့်ခန္ဓာကိုယ်မှာသင်မလှပဘူးလို့ထင်တဲ့အရာတွေကိုလည်းသူက ချစ်ပေးတဲ့သူမျိုး ။

သင်က လှပတဲ့သူတစ်ယောက်မို့သူက ချစ်တာ မဟုတ်ပါဘူး။

သင်က ဗိုက်ပူခါးတုတ်နေနေရင်တောင်သူကအဲဒါလေးကို ချစ်ဖို့ကောင်းတယ်လို့ထင်နေတဲ့သူမျိုးပါ။

သင့်မျက်နှာမှာဝက်ခြံတွေများနေလို့မှန်မကြည့်ချင်ဘူးဆိုရင်တောင်သင့်ကိုသူက တစိမ့်စိမ့်ကြည့်နေပြီးဝက်ခြံလေးတွေကိုတောင်မှဲ့လေးတွေလို့မြင်ပေးမယ့်သူမျိုးပါပဲ ….. ။

၆။ဘဝရဲ့အရေးပါတဲ့နေ့ရက်တိုင်းကိုအတူဖြတ်သန်းချင်သူမျိုး ။

အထိမ်းအမှတ်နေ့ရက်တွေ၊ဥပမာ-ဘွဲ့ယူတဲ့နေ့မျိုးမှာသူကသင့်နဲ့အတူ ဖြတ်သန်းချင်တာပါ။

သူက စိတ်ညစ်စရာအရာတွေသာသင့်ကို မပြောပြချင်နေမယ်ပျော်ရွှင်စရာကိစ္စ ဝမ်းသာစရာကိစ္စတွေ ရှိလာတဲ့အခါကျရင်

သင့်ကို ပထမဆုံးပြောပြပြီးအပျော်တွေကိုအတူတူမျှဝေချင်တဲ့သူမျိုးပါ။

အဲလိုကောင်လေးမျိုးကိုပိုင်ဆိုင်ထားပြီးရင် သင့်ဘက်ကလည်းအပြည့်အဝနဲ့နားလည်မှု ပေးနိုင်တဲ့ချစ်သူမျိုးဖြစ်အောင် ကြိုးစားဖို့မမေ့နဲ့နော်။

မူရင်းရေးသားသူအားလေးစားစွာဖြင့် Credit ပေးပါတယ်

Snow Phyu

“ဒီလို ေယာက်ၤားမ်ိဳးနဲ႔ေတြ႔ဆုံတဲ့ အခ်ိန္မွသာအိမ္ေထာင္ျပဳဖို႔ စဥ္းစားပါ…”

မိန္းကေလးတိုင္းဟာအခ်စ္ေရးမွာကံေကာင္းခ်င္ၾကပါတယ္။

ကိုယ့္အေပၚေပ်ာ္႐ႊင္မႈ၊ဂရုစိုက္ မႈေပးႏိုင္ၿပီးသစၥာရွိတဲ့ေယာက်ာ္းမ်ိဳးနဲ႔ပဲဆုံဆည္းခ်င္ၾကပါတယ္ …… ။

ေအာက္ပါအခ်က္ေလးေတြနဲ႔ကိုက္ညီတဲ့ ခ်စ္သူေကာင္ေလးမ်ိဳးကိုရထားၿပီးၿပီဆိုရင္ သင္ဟာပတ္ဝန္းက်င္မွာေရာ သူငယ္ခ်င္းအေပါင္းအသင္းၾကားမွာပါသင့္ကိုဝိုင္းၿပီး အားက်ရမယ့္ေပ်ာ္႐ႊင္ဖြယ္ အခ်စ္ေရးကိုပိုင္ဆိုင္ထားၿပီးျဖစ္ပါတယ္ ….. ။

၁။ဦးစားေပးမႈမွာ သင္ကနံပါတ္တစ္ပဲ ။

အလုပ္နဲ႔ ပတ္ဝန္းက်င္အသိုင္းအဝိုင္းမွာ ျဖစ္ေစ သူငယ္ခ်င္းအေပါင္းအသင္းၾကားမွာ ျဖစ္ေစသင္နဲ႔ယွဥ္ရမယ့္ ကိစၥမ်ိဳးရွိလာခဲ့ရင္သင့္ကိုပဲ ပထမဦးစားေပး ေရြးခ်ယ္မယ့္သူမ်ိဳးပါ။

သင္ရဲ႕ ေပ်ာ္႐ႊင္မႈ၊က်န္းမာေရးကိုလည္း သူကအျမဲေစာင့္ေရွာက္တတ္တဲ့သူမ်ိဳးပါပဲ …. ။

ဒီလို ေယာက်ၤားမ်ိဳးနဲ႔ ေတြ႔ဆုံတဲ့အခ်ိန္မွသာ အိမ္ေထာင္ျပဳဖို႔ စဥ္းစားပါ။

၂။ရင္ဖြင့္စကားေတြနားေထာင္ေပးၿပီး အျမဲအားေပးသူမ်ိဳး ။

သင္က ရင္ဖြင့္စရာေတာင္ မလိုပါဘူး။ သင့္မ်က္ႏွာမွာ အလိုမက်တာေတြ႕ရင္ သူက ဘာျဖစ္ေနလဲဆိုတာကို သိႏွင့္ၿပီး သင့္မေက်နပ္ခ်က္ေတြကို ေမးမယ့္သူမ်ိဳးပါ။

သင္ရဲ႕အခက္အခဲေတြမေက်မနပ္ဆိုလာတဲ့ ရင္ဖြင့္စကားေတြကိုဂရုတစိုက္နားေထာင္ေပးၿပီးအၾကံဉာဏ္ေပး မယ့္သူမ်ိဳးပါ …. ။

၃။ဘဝရဲ႕အခက္အခဲေတြကိုကူညီေျဖရွင္းမယ့္သူမ်ိဳး ။

ေန႔စဥ္ အသက္ရွင္ဖို႔လႈပ္ရွားေနရတဲ့ ဘဝဟာတစ္ခါတစ္ရံမွာ တစ္ေယာက္ထဲရင္ဆိုင္ဖို႔ ခက္ခဲလြန္းပါတယ္။

သင္က စိတ္ဓာတ္ၾက့ံခိုင္တဲ့ မိန္းကေလးျဖစ္ေကာင္းျဖစ္ႏိုင္ေပမဲ့ တစ္ေယာက္ထဲရင္ဆိုင္ေျဖရွင္းဖို႔ မတတ္ႏိုင္တဲ့အခါမ်ိဳးမွာသူကသင့္ေရွ႕ကမားမားမတ္မတ္ရပ္တည္ျပီး ရင္ဆိုင္ေျဖရွင္းေပးမွာပါ။

သင့္ရဲ႕အခက္အခဲေတြကိုအားနည္းခ်က္လို႔ အျပစ္မျမင္ပဲသူဘက္က ကူညီခြင့္ရတဲ့အတြက္ေတာင္ဂုဏ္ယူဦးမယ့္သူပါ ….. ။

၄။သင့္ရဲ႕စိတ္ကို သိေနတဲ့သူမ်ိဳး ။

သူက သင့္ကိုအရမ္းခ်စ္တဲ့အတြက္ေၾကာင့္သင့္ရဲ႕စိတ္ခံစားခ်က္ေတြ အႀကိဳက္ေတြကိုအျမဲသိခ်င္ေနတဲ့သူမ်ိဳးပါ။သိဖို႔အတြက္အျမဲလည္းအကဲခတ္ေနပါတယ္။

ဒါေၾကာင့္မို႔ သင့္ဘက္ကလိုအပ္ခ်က္ရွိလာတဲ့အခါမ်ိဳးမွာေတာင္းဆိုစရာမလိုပဲ သူ႔အသိစိတ္နဲ႔သင့္ရဲ႕ လိုအပ္ခ်က္ကို သိႏွင့္ၿပီးသား၊လုပ္ေပးႏွင့္ေနၿပီးသားျဖစ္ေနတတ္ပါတယ္။

တခါတရံ လက္ေဆာင္ေတြအစားအေသာက္ေတြဝယ္လာေပးတဲ့အခါမ်ိဳးက်ရင္သင့္အႀကိဳက္နဲ႔ထပ္တူညီေနတာမ်ိဳး ရွိေနတတ္တာေတြက တိုက္ဆိုင္တာမဟုတ္ပါဘူး။

သင့္ရဲ႕အႀကိဳက္၊သင့္ရဲ႕စိတ္ကိုသိၿပီးအေသးအဖြဲ႔ေလးေတြကအစဂရုစိုက္တတ္တဲ့သူမို႔ပါ ….. ။ဒီလို ေယာက်ၤားမ်ိဳးနဲ႔ ေတြ႔ဆုံတဲ့ အခ်ိန္မွသာ အိမ္ေထာင္ျပဳဖို႔ စဥ္းစားပါ။

၅။သင့္ခႏၶာကိုယ္မွာသင္မလွပဘူးလို႔ထင္တဲ့အရာေတြကိုလည္းသူက ခ်စ္ေပးတဲ့သူမ်ိဳး ။

သင္က လွပတဲ့သူတစ္ေယာက္မို႔သူက ခ်စ္တာ မဟုတ္ပါဘူး။

သင္က ဗိုက္ပူခါးတုတ္ေနေနရင္ေတာင္သူကအဲဒါေလးကို ခ်စ္ဖို႔ေကာင္းတယ္လို႔ထင္ေနတဲ့သူမ်ိဳးပါ။

သင့္မ်က္ႏွာမွာဝက္ျခံေတြမ်ားေနလို႔မွန္မၾကည့္ခ်င္ဘူးဆိုရင္ေတာင္သင့္ကိုသူက တစိမ့္စိမ့္ၾကည့္ေနၿပီးဝက္ၿခံေလးေတြကိုေတာင္မွဲ႔ေလးေတြလို႔ျမင္ေပးမယ့္သူမ်ိဳးပါပဲ ….. ။

၆။ဘဝရဲ႕အေရးပါတဲ့ေန႔ရက္တိုင္းကိုအတူျဖတ္သန္းခ်င္သူမ်ိဳး ။

အထိမ္းအမွတ္ေန႔ရက္ေတြ၊ဥပမာ-ဘြဲ႔ယူတဲ့ေန႔မ်ိဳးမွာသူကသင့္နဲ႔အတူ ျဖတ္သန္းခ်င္တာပါ။

သူက စိတ္ညစ္စရာအရာေတြသာသင့္ကို မေျပာျပခ်င္ေနမယ္ေပ်ာ္႐ႊင္စရာကိစၥ ဝမ္းသာစရာကိစၥေတြ ရွိလာတဲ့အခါက်ရင္

သင့္ကို ပထမဆုံးေျပာျပၿပီးအေပ်ာ္ေတြကိုအတူတူမွ်ေဝခ်င္တဲ့သူမ်ိဳးပါ။

အဲလိုေကာင္ေလးမ်ိဳးကိုပိုင္ဆိုင္ထားၿပီးရင္ သင့္ဘက္ကလည္းအျပည့္အဝနဲ႔နားလည္မႈ ေပးႏိုင္တဲ့ခ်စ္သူမ်ိဳးျဖစ္ေအာင္ ႀကိဳးစားဖို႔မေမ့နဲ႔ေနာ္။

မူရင္းေရးသားသူအားေလးစားစြာျဖင့္ Credit ေပးပါတယ္

Snow Phyu