“ကျန်တာတွေနဲ့ မတည့်ဘူးဆိုရင်တောင်မှ” “တရားဓမ္မနဲ့တော့ တည့်အောင်နေပါ”

“ကျန်တာတွေနဲ့ မတည့်ဘူးဆိုရင်တောင်မှ” “တရားဓမ္မနဲ့တော့ တည့်အောင်နေပါ”

ဒီဘဝ ဒီခန္ဓာကိုယ်ကြီးဟာအသက်အရွယ်ကြီးလာရင် ချို့ယွင်းလာပါတယ်..

လောကက လူတွေကို ကြည့်ပါ..အသက်ကြီးလာရင် မကောင်းတဲ့စာရင်းတွေက များလာပြီ..

အဘိုးကြီး အဘွားကြီးတွေ ပြောကြတယ်လေမျက်စိက မကောင်းဘူးတဲ့ မျက်စိမှုန်တယ်..

မကောင်းတာက မျက်စိတစ်ခုတည်း မဟုတ်ဘူး..

နားကလည်း မကောင်းဘူးတဲ့ နားကလည်း မကောင်းဘူးတဲ့

ဒူးကလည်း မကောင်းဘူးတဲ့ မကောင်းတာတွေ များလာတယ်..

ဒိထက်ပိုများလာလို့ရှိရင် နှလုံးက မကောင်းဘူးတဲ့

ကျောက်ကပ်က မကောင်းဘူးတဲ့ အသည်းက မကောင်းဘူးတဲ့..

ကောင်းတာတွေ ကုန်သွားရင် သေရတော့တာပဲ..

ပြီးတော့ မတည့်တဲ့ စာရင်းတွေလည်းများလာတယ်..

အသက်ကြီးလာရင် ဝက်သားမတည့်ဘူးတဲ့ ဘာဖြစ်လို့လဲ သွေးတိုးရှိလို့..

သကြားမတဲ့ဘူးတဲ့ ဘာဖြစ်လို့တုန်း ဆီးချိုသွေးချိုရှိလို့..

ဒီလိုမတည့်တာတွေများလာရင်းနဲ့ပဲနောက်ဆုံး သုဿာန်ရောက်သွားတော့တာပဲ..

ကိုယ်ခန္ဓာမှာမကောင်းတာတွေကလည်း များလာတယ်..မတည့်တာတွေကလည်း များလာတယ်..ဒါက သံဝေဂဖြစ်စရာတွေပါ..

ငယ်ငယ်တုန်းကတော့မတည့်တာဆိုတာမရှိဘူး အကုန်စားလို့ အဆင်ပြေတယ်..

မကောင်းတာဆိုလည်း မရှိဘူး အကုန်ကောင်းတယ်..

ဒီတော့ ဒီလိုဖြစ်လာတဲ့ အခြေအနေမျိုးကို ကိုယ်ကိုယ်တိုင် သိရမှာပါ

ကျန်တာတွေက မကောင်းဘူး ကျန်တာတွေက မတည့်ဘူးဆိုရင်တရားဓမ္မနဲ့တော့ တည့်အောင်နေရမယ်..

မျက်စိ မကောင်းချင်နေ ခါး မကောင်းချင်နေ နား မကောင်းချင်နေ ကျောက်ကပ် မကောင်းချင်နေ အသည်း မကောင်းချင်နေ

ဘာပဲဖြစ်ဖြစ် စိတ်ကလေးကောင်းနေဖို့ လိုပါတယ်..

ဒီစိတ်ကလေး ကောင်းနေအောင် ဘုရားအပေါ်မှာ နှစ်နှစ်ကာကာယုံကြည်တဲ့ သဒ္ဒါတရားလေး ကောင်းနေဖို့ လိုပါတယ်..

အဲဒီသဒ္ဒါတရားလေး ကောင်းနေလို့ရှိရင် ခန္ဓာကြီးဆိုတာ အသက်ကြီးမှ သေသွားတဲ့သူက မကောင်းလို့ ပစ်ရတယ်ဆိုပေမယ့်

အသက်ငယ်တဲ့သူကလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ကောင်းနေတုန်း ပစ်ထားခဲ့ရတာပါပဲ..

ဒီတော့ ကိုယ်သတိထားရမှာက အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ဆိုတာ ကိုယ့်ရဲ့စိတ်ဓာတ်ပဲ..

မြတ်စွာဘုရားဂုဏ်တော်တွေနဲ့ ထုံမွှမ်းပြီးနေထားတဲ့စိတ်ဟာဘယ်တော့မှ အောက်ကိုမရောက်စေဘူး..

ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး

“က်န္တာေတြနဲ႔ မတည့္ဘူးဆိုရင္ေတာင္မွ” “တရားဓမၼနဲ႔ေတာ့ တည့္ေအာင္ေနပါ”

ဒီဘဝ ဒီခႏၶာကိုယ္ႀကီးဟာအသက္အရြယ္ႀကီးလာရင္ ခ်ိဳ႕ယြင္းလာပါတယ္..

ေလာကက လူေတြကို ၾကည့္ပါ..အသက္ႀကီးလာရင္ မေကာင္းတဲ့စာရင္းေတြက မ်ားလာၿပီ..

အဘိုးႀကီး အဘြားႀကီးေတြ ေျပာၾကတယ္ေလမ်က္စိက မေကာင္းဘူးတဲ့ မ်က္စိမႈန္တယ္..

မေကာင္းတာက မ်က္စိတစ္ခုတည္း မဟုတ္ဘူး..

နားကလည္း မေကာင္းဘူးတဲ့ နားကလည္း မေကာင္းဘူးတဲ့

ဒူးကလည္း မေကာင္းဘူးတဲ့ မေကာင္းတာေတြ မ်ားလာတယ္..

ဒိထက္ပိုမ်ားလာလို႔ရွိရင္ ႏွလုံးက မေကာင္းဘူးတဲ့

ေက်ာက္ကပ္က မေကာင္းဘူးတဲ့ အသည္းက မေကာင္းဘူးတဲ့..

ေကာင္းတာေတြ ကုန္သြားရင္ ေသရေတာ့တာပဲ..

ၿပီးေတာ့ မတည့္တဲ့ စာရင္းေတြလည္းမ်ားလာတယ္..

အသက္ႀကီးလာရင္ ဝက္သားမတည့္ဘူးတဲ့ ဘာျဖစ္လို႔လဲ ေသြးတိုးရွိလို႔..

သၾကားမတဲ့ဘူးတဲ့ ဘာျဖစ္လို႔တုန္း ဆီးခ်ိဳေသြးခ်ိဳရွိလို႔..

ဒီလိုမတည့္တာေတြမ်ားလာရင္းနဲ႔ပဲေနာက္ဆုံး သုႆာန္ေရာက္သြားေတာ့တာပဲ..

ကိုယ္ခႏၶာမွာမေကာင္းတာေတြကလည္း မ်ားလာတယ္..မတည့္တာေတြကလည္း မ်ားလာတယ္..ဒါက သံေဝဂျဖစ္စရာေတြပါ..

ငယ္ငယ္တုန္းကေတာ့မတည့္တာဆိုတာမရွိဘူး အကုန္စားလို႔ အဆင္ေျပတယ္..

မေကာင္းတာဆိုလည္း မရိွဘူး အကုန္ေကာင္းတယ္..

ဒီေတာ့ ဒီလိုျဖစ္လာတဲ့ အေျခအေနမ်ိဳးကို ကိုယ္ကိုယ္တိုင္ သိရမွာပါ

က်န္တာေတြက မေကာင္းဘူး က်န္တာေတြက မတည့္ဘူးဆိုရင္တရားဓမၼနဲ႔ေတာ့ တည့္ေအာင္ေနရမယ္..

မ်က္စိ မေကာင္းခ်င္ေန ခါး မေကာင္းခ်င္ေန နား မေကာင္းခ်င္ေန ေက်ာက္ကပ္ မေကာင္းခ်င္ေန အသည္း မေကာင္းခ်င္ေန

ဘာပဲျဖစ္ျဖစ္ စိတ္ကေလးေကာင္းေနဖို႔ လိုပါတယ္..

ဒီစိတ္ကေလး ေကာင္းေနေအာင္ ဘုရားအေပၚမွာ ႏွစ္ႏွစ္ကာကာယုံၾကည္တဲ့ သဒၵါတရားေလး ေကာင္းေနဖို႔ လိုပါတယ္..

အဲဒီသဒၵါတရားေလး ေကာင္းေနလို႔ရွိရင္ ခႏၶာႀကီးဆိုတာ အသက္ႀကီးမွ ေသသြားတဲ့သူက မေကာင္းလို႔ ပစ္ရတယ္ဆိုေပမယ့္

အသက္ငယ္တဲ့သူကလည္း ငယ္ငယ္ရြယ္ရြယ္နဲ႔ ေကာင္းေနတုန္း ပစ္ထားခဲ့ရတာပါပဲ..

ဒီေတာ့ ကိုယ္သတိထားရမွာက အေကာင္းဆုံးျဖစ္ေအာင္လုပ္ဖို႔ဆိုတာ ကိုယ့္ရဲ႕စိတ္ဓာတ္ပဲ..

ျမတ္စြာဘုရားဂုဏ္ေတာ္ေတြနဲ႔ ထုံမႊမ္းၿပီးေနထားတဲ့စိတ္ဟာဘယ္ေတာ့မွ ေအာက္ကိုမေရာက္ေစဘူး..

ပါေမာကၡခ်ဳပ္ဆရာေတာ္ဘုရားႀကီး