ခဏ သေကြည့်ပါ – အရှင်ဆန္ဒာဓိက ( ရွှေပါရမီတောရ)

ခဏ သေကြည့်ပါ

ညအိပ်ခါနီးအချိန်ကို တစ်ကယ်သေခါနီးအချိန်လို့သဘောထားပြီး ကုသိုလ်အာရုံ စွဲမြဲအောင်အလေးအနက်ထား ကြိုးစားကြရပါမယ်။

ကုသိုလ်အာရုံက

ဒါနအာရုံ

သီလအာရုံ

သမထအာရုံ

ဝိပဿနာအာရုံ လို့လေးမျိုးရှိပါတယ်။

ဒါနအာရုံအနေနဲ့ ဒီနေ့ဒီအချိန်အထိ ဘဝ တစ်သက်တာမှာပြုခဲ့တဲ့ ကောင်းမှုတွေထဲက ကိုယ်အနှစ်သက်ဆုံးကိုယ်ပီတိအဖြစ်ဆုံး ဒါန ကောင်းမှုတစ်ခုခုကိုအာရုံပြုရပါမယ်။

အဲဒီဒါနဟာ ငွေကြေးအကုန်အကျ အနည်းအများနဲ့မဆိုင်ပါဘူး။

အကုန်အကျများတိုင်း အကျိုးပေးထက်သန်တာမဟုတ်ပါဘူး။

ပီတိအားကောင်းမှ အကျိုးပေးထက်သန်တာပါ။

ညအိပ်ရာဝင်ခါနီးတိုင်း ဘုရားသောက်တော်ရေအသစ်လဲတဲ့အကျင့်ကို စွဲစွဲမြဲမြဲလုပ်ပေးပါ။

အိပ်ခါနီး(အသေလေး)ရဲ့အနီးကပ်ဆုံးဒါနဖြစ်လို့အာရုံယူရတာ အလွန်လွယ်ကူပါတယ်။

အေးချမ်းမှုနဲ့ တစ်နေ့တာကို အဆုံးသတ်လိုက်ရတ ဲ့အတွက် ဘဝတစ်လျှောက်လုံး အဆင်ပြေပြီး အေးချမ်းရပါလိမ့်မယ်။

သီလကုသိုလ်အနေနဲ့ အိပ်ခါနီးတိုင်းအနည်းဆုံးငါးပါးသီလ(အောက်ထစ်ဆုံးပြောတာပါ)ကို အသစ် ခံယူဆောက်တည်ပါ။

ဆောက်တည်ပြီးအချိန်ကစပြီး မကျိုးပေါက်ပါစေနဲ့။အိပ်တော့မယ်ဆိုတော့လည်း ကျိုးပေါက်စရာမရှိတော့ပါဘူး။

သမထကုသိုလ်အနေနဲ့ ကိုယ်အနှစ်သက်ဆုံးကိုယ်အကြည်ညိုဆုံး ဘုရားဂုဏ်တော်တစ်ခုခုကိုပွားများပါ။

ဥပမာ-

“အရဟံ=လူနတ်ဗြဟ္မာသတ္တဝါအပေါ င်းတို့၏ပူဇော်အထူးကိုခံယူတော်မ ူထိုက်ပါပေသောမြတ်စွာဘုရား။

အရဟံ=ကိလေသာကင်းစင်တော်မူပါသောြ မတ်စွဘုရား။

အ ရဟံ=ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား”လို့အရဟံဂုဏ်တော်ရဲ့အဓိပါ္ပယ်ကိုအာရံ ုထင်မြင်အောင်စိတ်ထဲကနေ နှလုံးသွင်းပွား များရပါမယ်။

နောက်တစ်ခုသမထအနေနဲ့မေတ္တာဘာဝနာပွားများနေရပါမယ်။

အနည်းဆုံး “သတ္တဝါအားလုံးချမ်းသာကြပါစေ”လိုသုံးခေါက်လောက်ပွားများရပါမယ်။

ကိုယ်နှစ်သက်ရာ ကိုယ်အားသန်ရာ မေတ္တာပွားနည်းတွေနဲ့လည်းမေတ္တာပွားနိုင်ပါတယ်။

ဒါနကုသိုလ် သီလကုသိုလ် သမထကုသိုလ်တွေကိုအစဉ်အတိုင်း အာရုံပြုဝမ်းမြောက်ပြီးပြီဆိုလျှင်နောက်ဆုံး ဝိပဿနာကုသိုလ်နဲ့အိပ်လိုက်ပါတော့။

နှာသီးဝ လေထိရာအရပ်မှာ သတိကပ်ထားပြီးလေဝင်ရင်’ဝင်တယ်’ လေထွက်ရင်’ထွက်တယ်’ ကို ရှုမှတ်ပြီးနေပါ။

ဝင်တိုင်း ထွက်တိုင်းသာ တစ်ဆက်တည်း သိနေမယ်ဆိုရင် လေးငါးချက်ထက် ပိုမမှတ်ရပါဘူး။ချက်ချင်းအိပ်ပျော်သွားပါလိမ့်မယ်။

ဝင်လေထွက်လေ ရှုမှတ်ခြင်းဟာ အကောင်းဆုံးအိပ်ဆေးပါပဲ။

လေဝင် လေထွက်တိုင်းထိတွေ့တွန်းကန်မှုတွေကိုသိနေမယ်ဆိုရင် လောဘဒေါသစတဲ့ ကိလေသာတွေလည်း ဖြစ်ခွင့် မရတော့ပါဘူး။

သမာဓိဉာဏ် ရင့်သန်ပြီးသား ပုဂ္ဂိုလ်ဆိုရင် အိပ်ရာဝင်မှာ လေဝင်လေထွက်မှတ်ရင်းနဲ့ မဂ်စိတ်ကျပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုသွ ားနိုင်ပါတယ်။

အိပ်ခါနီးတိုင်း ဒါနအာရုံ သီလအာရုံ သမထအာရုံ ဝိပဿနာအာရုံနဲ့ အိပ်စက်သွားမယ်ဆိုရင် သေလွန်ခါနီးမှာလည်းအဲဒီအာရုံလေးမျိုးမှာ တစ်မျိုးမျိုးနဲ့သေလွန်ရမှာ သေချာပါတယ်။

ကုသိုလ်အာရုံနဲ့သေလွန်သွားသူကိုကောင်းရာသုဂတိဘုံတွေက သူဦး ကိုယ်ဦးလက်ကမ်းကြိုဆိုနေကြမှာပါ။

ဒါကြောင့် ညအိပ်ရာဝင် ခေါင်းအုံးပေါ်ခေါင်းချ ကျောဆန့်ပြီးတာနဲ့တစ်ပြိုင်နက်

“ငါခဏသေလိုက်ဦးမယ်”

လို့ ကိုယ့်ကိုယ်ကို စိတ်ထဲကပြောပြီး သေနည်းလေ့ကျင့်ကြဖို့ အထူး တိုက်တွန်းလိုက် ရပါတယ်။

အရှင်ဆန္ဒာဓိက ( ရွှေပါရမီတောရ)

ခဏ ေသၾကည့္ပါ

ညအိပ္ခါနီးအခ်ိန္ကို တစ္ကယ္ေသခါနီးအခ်ိန္လို႔သေဘာထားျပီး ကုသိုလ္အာရံု စြဲျမဲေအာင္အေလးအနက္ထား ၾကိဳးစားၾကရပါမယ္။

ကုသိုလ္အာရံုက

ဒါနအာရံု

သီလအာရံု

သမထအာရံု

ဝိပႆနာအာရံု လို႔ေလးမ်ိဳးရိွပါတယ္။

ဒါနအာရံုအေနနဲ႔ ဒီေန႔ဒီအခ်ိန္အထိ ဘဝ တစ္သက္တာမွာျပဳခဲ့တဲ့ ေကာင္းမႈေတြထဲက ကိုယ္အႏွစ္သက္ဆုံးကိုယ္ပီတိအျဖစ္ဆံုး ဒါန ေကာင္းမႈတစ္ခုခုကိုအာရံုျပဳရပါမယ္။

အဲဒီဒါနဟာ ေငြေၾကးအကုန္အက် အနည္းအမ်ားနဲ႔မဆိုင္ပါဘူး။

အကုန္အက်မ်ားတိုင္း အက်ိဳးေပးထက္သန္တာမဟုတ္ပါဘူး။

ပီတိအားေကာင္းမွ အက်ိဳးေပးထက္သန္တာပါ။

ညအိပ္ရာဝင္ခါနီးတိုင္း ဘုရားေသာက္ေတာ္ေရအသစ္လဲတဲ႔အက်င့္ကို စဲြစြဲျမဲျမဲလုပ္ေပးပါ။

အိပ္ခါနီး(အေသေလး)ရဲ႕အနီးကပ္ဆုံးဒါနျဖစ္လို႔အာရံုယူရတာ အလြန္လြယ္ကူပါတယ္။

ေအးခ်မ္းမႈနဲ႔ တစ္ေန႔တာကို အဆံုးသတ္လိုက္ရတ ဲ႔အတြက္ ဘဝတစ္ေလွ်ာက္လံုး အဆင္ေျပျပီး ေအးခ်မ္းရပါလိမ့္မယ္။

သီလကုသိုလ္အေနနဲ႔ အိပ္ခါနီးတိုင္းအနည္းဆုံးငါးပါးသီလ(ေအာက္ထစ္ဆံုးေျပာတာပါ)ကို အသစ္ ခံယူေဆာက္တည္ပါ။

ေဆာက္တည္ျပီးအခ်ိန္ကစျပီး မက်ိဳးေပါက္ပါေစနဲ႔။အိပ္ေတာ့မယ္ဆိုေတာ့လည္း က်ိဳးေပါက္စရာမရွိေတာ့ပါဘူး။

သမထကုသိုလ္အေနနဲ႔ ကိုယ္အႏွစ္သက္ဆုံးကိုယ္အၾကည္ညိဳဆံုး ဘုရားဂုဏ္ေတာ္တစ္ခုခုကိုပြားမ်ားပါ။

ဥပမာ-

“အရဟံ=လူနတ္ၿဗဟၼာသတၱဝါအေပါ င္းတို႔၏ပူေဇာ္အထူးကိုခံယူေတာ္မ ူထိုက္ပါေပေသာျမတ္စြာဘုရား။

အရဟံ=ကိေလသာကင္းစင္ေတာ္မူပါေသာျ မတ္စြဘုရား။

အ ရဟံ=ဆိတ္ကြယ္ရာအရပ္၌ပင္ မေကာင္းမႈကို ျပဳေတာ္မမူေသာ ျမတ္စြာဘုရား”လို႔အရဟံဂုဏ္ေတာ္ရဲ႕အဓိပါၸယ္ကိုအာရံ ုထင္ျမင္ေအာင္စိတ္ထဲကေန ႏွလုံးသြင္းပြား မ်ားရပါမယ္။

ေနာက္တစ္ခုသမထအေနနဲ႔ေမတၱာဘာဝနာပြားမ်ားေနရပါမယ္။

အနည္းဆုံး “သတၱဝါအားလုံးခ်မ္းသာၾကပါေစ”လိုသုံးေခါက္ေလာက္ပြားမ်ားရပါမယ္။

ကိုယ္ႏွစ္သက္ရာ ကိုယ္အားသန္ရာ ေမတၱာပြားနည္းေတြနဲ႔လည္းေမတၱာပြားႏိုင္ပါတယ္။

ဒါနကုသိုလ္ သီလကုသိုလ္ သမထကုသိုလ္ေတြကိုအစဥ္အတိုင္း အာရံုျပဳဝမ္းေျမာက္ျပီးျပီဆိုလွ်င္ေနာက္ဆုံး ဝိပႆနာကုသိုလ္နဲ႔အိပ္လိုက္ပါေတာ့။

ႏွာသီးဝ ေလထိရာအရပ္မွာ သတိကပ္ထားျပီးေလဝင္ရင္’ဝင္တယ္’ ေလထြက္ရင္’ထြက္တယ္’ ကို ရႈမွတ္ျပီးေနပါ။

ဝင္တိုင္း ထြက္တိုင္းသာ တစ္ဆက္တည္း သိေနမယ္ဆိုရင္ ေလးငါးခ်က္ထက္ ပိုမမွတ္ရပါဘူး။ခ်က္ခ်င္းအိပ္ေပ်ာ္သြ​ားပါလိမ့္မယ္။

ဝင္ေလထြက္ေလ ရႈမွတ္ျခင္းဟာ အေကာင္းဆုံးအိပ္ေဆးပါပဲ။

ေလဝင္ ေလထြက္တိုင္းထိေတြ႔တြန္းကန္မႈေတြကိုသိေနမယ္ဆိုရင္ ေလာဘေဒါသစတဲ႔ ကိေလသာေတြလည္း ျဖစ္ခြင့္ မရေတာ့ပါဘူး။

သမာဓိဥာဏ္ ရင့္သန္ျပီးသား ပုဂိၢဳလ္ဆိုရင္ အိပ္ရာဝင္မွာ ေလဝင္ေလထြက္မွတ္ရင္းနဲ႔ မဂ္စိတ္က်ျပီး နိဗၺာန္ကို မ်က္ေမွာက္ျပဳသြ ားႏိုင္ပါတယ္။

အိပ္ခါနီးတိုင္း ဒါနအာရံု သီလအာရံု သမထအာရံု ဝိပႆနာအာရံုနဲ႔ အိပ္စက္သြားမယ္ဆိုရင္ ေသလြန္ခါနီးမွာလည္းအဲဒီအာရံုေလးမ်ိဳးမွာ တစ္မ်ိဳးမ်ိဳးနဲ႔ေသလြန္ရမွာ ေသခ်ာပါတယ္။

ကုသိုလ္အာရံုနဲ႔ေသလြန္သြားသူကိုေကာင္းရာသုဂတိဘံုေတြက သူဦး ကိုယ္ဦးလက္ကမ္းၾကိဳဆိုေနၾကမွာပါ။

ဒါေၾကာင့္ ညအိပ္ရာဝင္ ေခါင္းအံုးေပၚေခါင္းခ် ေက်ာဆန္႔ျပီးတာနဲ႔တစ္ျပိဳင္နက္

“ငါခဏေသလိုက္ဦးမယ္”

လို႔ ကို္ယ့္ကိုယ္ကို စိတ္ထဲကေျပာျပီး ေသနည္းေလ့က်င့္ၾကဖို႔ အထူး တိုက္တြန္းလိုက္ ရပါတယ္။

အရွင္ဆႏၵာဓိက ( ေရႊပါရမီေတာရ)