ကိုယ့်အပေါ်တန်ဖိုးမထားသူကိုဘယ်တော့မှဖက်တွယ်မနေဘူး။
ကျွန်မကပြတ်သားတယ်
ကျွန်မလား…?
ကိုယ့်အပေါ်တန်ဖိုးမထားသူကိုဘယ်တော့မှဖက်တွယ်မနေဘူး။
သံယောဇဉ်မရှိလို့တော့မဟုတ်ဘူး။
သူကအတုအယောင်ဆိုကိုယ်ကအပေါ်ယံပဲ။
ကိုယ့်အပေါ်ဥပေက္ခာပြုထားသူကိုဘယ်တော့မှခယမနေဘူး။ဂရုမစိုက်ချင်လို့မဟုတ်ဘူး။
သူကခပ်ချေချေဆိုရင်ကိုယ်ကခပ်တင်းတင်းပဲ။
ကိုယ်ကိုထားရစ်ခဲ့သူကိုဘယ်တော့မှပြန်လာစေဖို့မဆွဲဆောင်ဘူး။
သူကခပ်ရှင်းရှင်းဆိုကိုယ်ကခပ်ကင်းကင်းပဲ။
ကျွန်မရဲ့ခံယူချက်လား…?
ရှင်းပါတယ်။ကိုယ့်ရဲ့အချစ်ကိုတန်ဖိုးထားသူအတွတ်အကောင်းဆုံးတွေပေးဆပ်ဖို့ဝန်မလေးသလို
ကိုယ့်အပေါ်တန်ဖိုးမထားသူကိုတော့ကျောခိုင်းပြစ်ဖို့ဝန်မလေးတတ်ဘူး။
သူက”တာ့တာ”ဆိုရင်ကိုယ်က”ဘိုင့်ဘိုင်”ပဲပေါ့။
Nan Khin May Win
ကျွန်​မကပြတ်​သားတယ်
ကျွန်​မလား…?
Nan Khin May Win