သူများထက် သာချင်ရင်
ဖတ်ကြည့်နော်…
လောကမှာ…လူရယ်လို့ဖြစ်လာမှတော့လောကဓံတရားကိုခံနိုင်ရည် ရှိရမယ်။
ဘဝမှာကိုယ်ဖြစ်ချင်တာတွေ အကုန်လုံးလဲဖြစ်ခွင့်ရမှာ မဟုတ်ဘူးလေ။
မမျှော်လင့်တဲ့ အခြေအနေတွေဖြစ်ပေါ်လာရင်လည်းကြုံရင် ကြုံသလို ဖြေရှင်းနိုင်ရမယ်။
သူများလက်ညှိုးထိုးပြီးအခိုင်းခံရတဲ့ဘဝဆိုတာသိပ်နားဝင်မချိုဘူး။
ဒီလိုမဖြစ်ချင်ရင်တော့သူများနဲ့မတူအောင် နေရမယ်။
သူများထက် ပိုကြိုးစားရမယ်။
တော်နေတယ်ဆိုတာထက်…တော်ချင်တဲ့စိတ်ရှိနေဖို့ကပိုအရေးကြီးပါတယ်။
လက်ရှိကိုယ်က ညံ့ကောင်းညံ့မယ်။
ဒါပေမဲ့…တော်ချင်တတ်ချင်တဲ့စိတ်သာ ရှိပါစေ…ရေရှည်မှာလူတော်တစ်ယောက် ဖြစ်လာပါလိမ့်မယ်။
ကိုယ်လုပ်ချင်သည် ဖြစ်စေ…မလုပ်ချင်သည် ဖြစ်စေ…အသိစိတ်ထဲမှာ တာဝန်နဲ့ ဝတ္တရားအရလုပ်သင့်တယ်လို့ ယူဆရင်လုပ်ကို လုပ်ရမယ်။
ဖြစ်ပေါ်လာတဲ့ဘယ်လိုပြဿနာကို မဆိုရှောင်လွှဲဖို့ မကြိုးစားပဲရင်ဆိုင် ဖြေရှင်းရဲရမယ်။
ဖိအားတွေနဲ့စိတ်ဓာတ်ကျစရာတွေဆိုတာကတော့ရှိမှာပဲ။
ဒါကို ကြံ့ကြံ့ခံနိုင်အောင်ခန္ဓာကိုယ်နဲ့စိတ်ကိုထိန်းချုပ်နိုင်စွမ်း ရှိရမယ်။
မိမိကိုယ်ကို မိမိ မထိန်းချုပ်နိုင်ရင်သူများက မိမိကိုလာထိန်းချုပ်တာ ခံရလိမ့်မယ်။
မိတ်ဆွေ…အရိပ်ကိုလိုချင်ရင် နေပူက စောင့်ပါ ဆိုတဲ့စကားကိုကျုပ်ကတော့ ငြင်းပယ်တယ်။
ခင်ဗျား တကယ် အရိပ်ကိုလိုချင်ရင်အဲဒီအရိပ်ရှိတဲ့ နေရာကိုသွားကို သွားရမယ်။
ဘာအတွက်ကြောင့်မှရပ်စောင့်နေစရာ မလိုဘူး။
ဘာကြောင့်ဆိုရပ်နေရုံနဲ့ အကြောင်းမထူးဘူးလေ။
မေတ္တာဖြင့်…
အရှင်ပုည( ဝကုန်း )
သူမ်ားထက္ သာခ်င္ရင္
ဖတ္ၾကည့္ေနာ္…
ေလာကမွာ…လူရယ္လို႔ျဖစ္လာမွေတာ့ေလာကဓံတရားကိုခံႏိုင္ရည္ ရွိရမယ္။
ဘဝမွာကိုယ္ျဖစ္ခ်င္တာေတြ အကုန္လုံးလဲျဖစ္ခြင့္ရမွာ မဟုတ္ဘူးေလ။
မေမွ်ာ္လင့္တဲ့ အေျခအေနေတြျဖစ္ေပၚလာရင္လည္းႀကဳံရင္ ႀကဳံသလို ေျဖရွင္းႏိုင္ရမယ္။
သူမ်ားလက္ညႇိဳးထိုးၿပီးအခိုင္းခံရတဲ့ဘဝဆိုတာသိပ္နားဝင္မခ်ိဳဘူး။
ဒီလိုမျဖစ္ခ်င္ရင္ေတာ့သူမ်ားနဲ႔မတူေအာင္ ေနရမယ္။
သူမ်ားထက္ ပိုႀကိဳးစားရမယ္။
ေတာ္ေနတယ္ဆိုတာထက္…ေတာ္ခ်င္တဲ့စိတ္ရွိေနဖို႔ကပိုအေရးႀကီးပါတယ္။
လက္ရွိကိုယ္က ညံ့ေကာင္းညံ့မယ္။
ဒါေပမဲ့…ေတာ္ခ်င္တတ္ခ်င္တဲ့စိတ္သာ ရွိပါေစ…ေရရွည္မွာလူေတာ္တစ္ေယာက္ ျဖစ္လာပါလိမ့္မယ္။
ကိုယ္လုပ္ခ်င္သည္ ျဖစ္ေစ…မလုပ္ခ်င္သည္ ျဖစ္ေစ…အသိစိတ္ထဲမွာ တာဝန္နဲ႔ ဝတၱရားအရလုပ္သင့္တယ္လို႔ ယူဆရင္လုပ္ကို လုပ္ရမယ္။
ျဖစ္ေပၚလာတဲ့ဘယ္လိုျပႆနာကို မဆိုေရွာင္လႊဲဖို႔ မႀကိဳးစားပဲရင္ဆိုင္ ေျဖရွင္းရဲရမယ္။
ဖိအားေတြနဲ႔စိတ္ဓာတ္က်စရာေတြဆိုတာကေတာ့ရွိမွာပဲ။
ဒါကို ႀကံ့ႀကံ့ခံႏိုင္ေအာင္ခႏၶာကိုယ္နဲ႔စိတ္ကိုထိန္းခ်ဳပ္ႏိုင္စြမ္း ရွိရမယ္။
မိမိကိုယ္ကို မိမိ မထိန္းခ်ဳပ္ႏိုင္ရင္သူမ်ားက မိမိကိုလာထိန္းခ်ဳပ္တာ ခံရလိမ့္မယ္။
မိတ္ေဆြ…အရိပ္ကိုလိုခ်င္ရင္ ေနပူက ေစာင့္ပါ ဆိုတဲ့စကားကိုက်ဳပ္ကေတာ့ ျငင္းပယ္တယ္။
ခင္ဗ်ား တကယ္ အရိပ္ကိုလိုခ်င္ရင္အဲဒီအရိပ္ရွိတဲ့ ေနရာကိုသြားကို သြားရမယ္။
ဘာအတြက္ေၾကာင့္မွရပ္ေစာင့္ေနစရာ မလိုဘူး။
ဘာေၾကာင့္ဆိုရပ္ေန႐ုံနဲ႔ အေၾကာင္းမထူးဘူးေလ။
ေမတၱာျဖင့္…
အရွင္ပုည( ဝကုန္း )