အဆင့်မြင့်မြင့်နေဖို့အတွက် လိုအပ်သော အရည်အချင်းများ

အဆင့်မြင့်မြင့်နေဖို့အတွက် လိုအပ်သော အရည်အချင်းများ

မဟာနာမ်ဘုရင်ကြီးက မြတ်စွာဘုရားကိုဘဝမှာ ဘယ်လိုနေနည်းနဲ့ နေရမလဲ ဆိုတာကိုမေးတော့ မြတ်စွာဘုရားက အဆင့်မြင့်တဲ့နေနည်းနဲ့နေဖို့ အကြံပေး တယ်နော်။

အဲဒီလိုနေဖို့အတွက် လူဆိုတာက အရည်အချင်းကလိုသေးတယ်နော်။

အလုပ်တာဝန်တစ်ခုကိုလုပ်ဖို့အတွက် အရည်အချင်းက အရေးမကြီးဘူးလား။

တာဝန်တစ်ခုကို ထမ်းဆောင်တော့မယ်ဆိုရင် ထိုတာဝန်နဲ့ထိုက်တန်တဲ့အရည် အချင်းက လိုအပ်တယ်နော်။

အဲဒီလိုပဲ အဆင့်မြင့်မြင့်နေဖို့အတွက် လိုအပ်တဲ့ အရည်အချင်းတွေက ဘာလဲဆိုတော့ …

(၁) သဒ္ဓါ တဲ့။ ကိုယ်လုပ်တဲ့ အလုပ်ပေါ်မှာယုံကြည်ချက် ရှိရမယ်။ ယုံကြည်ချက်မရှိလျှင် မအောင်မြင်ဘူးတဲ့။

ယုံကြည်ချက်ရှိမှအောင်မြင်မှုရရှိမယ် တဲ့။ အဲဒီယုံကြည်ချက်ကို ခိုင်မာလာအောင်လုပ်ရမယ်တဲ့။ ဘယ်အရာမှ သူ့ဟာသူ ဖြစ်လာတာမဟုတ်ဘူး၊လေ့ကျင့်ယူရမှာပဲ။

လိုအပ်တဲ့ အရည်အသွေးရဖို့ လေ့ကျင့် ယူရမှာ ဖြစ်တယ်။ အားကစားသမားတွေလည်းလေ့ကျင့်ယူရတာပါပဲ။

တောင်တက် သမားတွေဆိုတာလည်း တဖြည်းဖြည်းလေ့ကျင့်ပြီးမှ ရလာတာတွေဖြစ်တယ်။

ကျောင်းသူ ကျောင်းသားတွေလည်း ငယ်ဘဝကတည်းက လေ့ကျင့်ပေးထား ရတာပါပဲ။

လေ့ကျင့်တယ်ဆိုတာ ချက်ချင်းကြီးတော့ ဖြစ်မလာနိုင်ပါဘူး။ ယုံကြည်ချက်ရှိပြီး တဖြည်းဖြည်း လေ့ကျင့်ရတာပါပဲ။ ဒါမှအောင်မြင်မှုလမ်းစကို လျှောက်လှမ်းနိုင်ကြမယ်။

(၂) ဝီရိယ-ယုံကြည်ချက်ရှိရုံနဲ၊ မရသေးဘူး၊ခိုင်မာတဲ့ ဇွဲ ဝီရိယကလည်း လိုသေးတယ်နော်။

ဝီရိယမရှိရင်တော့ လောကကြီးမှာအောင်မြင်မှုကို မရနိုင်ဘူး။ အချင်းချင်းပြိုင်ဆိုင်နေကြတာလည်း ဝီရိယရှိဖို့ လိုအပ်တယ်။

ဝီရိယကလည်းအောင်မြင်ခြင်းရဲ့တစ်စတစ်ဒေသ ပါဝင်တဲ့အချက်ပဲ။လုံ့လဝီရိယရှိမှ အောင်မြင်မှု ရဲ့အထက်တန်းကို ရောက်နိုင်မယ်။ ။

(၃)သတိ- ကြိုးစားတဲ့အခါမှာလည်း သတိရှိဖို့ လိုအပ်သေးတယ်နော်၊ အရမ်း ကြိုးစားလို့မရသေးဘူး။ သတိလေးနဲ့ကြိုးစားမှ အောင်မြင်မှုကို ရနိုင်မယ်နော်။

သတိ ဆိုတာ Mindfulness ပေါ့။ ကိုယ်လုပ်ရမယ့် အလုပ်ပေါ်မှာ သတိလေးရှိပြီး လုပ်ရမှာနော်၊ ဒီလိုဆိုလိုတယ်။

ဒီကနေ့လုပ်တယ်၊မနက်ဖြန်မှာ လုပ်ချင်မှလုပ်မယ်၊ ဒီလိုမရဘူးနော်။ ဇွဲရှိရမယ်၊ အမြဲကြိုးစားလို့လည်း မရဘူးနော်၊ သတိဆိုတာလည်း လိုအပ်တယ်။

(၄) သမာဓိ၊ သမာဓိဆိုတာ စိတ်တည်ငြိမ်တာကိုခေါ်တယ်။ လူတစ်ယောက် ဟာ စိတ်မတည်ငြိမ်ဘူး၊ ဂနာမငြိမ်ဘူးဆိုရင်လည်းအောင်မြင်မှုကို မရနိုင်ဘူး။ စိတ်တည်ငြိမ်မှုဟာ အလွန်အရေးကြီးတယ်။

တရားအားထုတ်မှ သမာဓိလိုတာ မဟုတ်ဘူး၊ ဘာအလုပ်လုပ်လုပ် စိတ်တည်ငြိမ်ပြီးသမာဓိရှိရမယ်။ စိတ်တည်ငြိမ်မှု မရှိရင်ဘယ်ကိစ္စမှ အောင်မြင်မှုမရှိဘူး။

သမာဓိဆိုတာ အာရုံတစ်ခုတည်းပေါ်မှာ စိတ်တည်ငြိမ်နေတာမျိုးကိုခေါ်တယ်။

စိတ်ပျံ့လွင့်နေတာမျိုး မဖြစ်စေရဘူး။ စိတ်တည်ငြိမ်ပြီး သမာဓိရှိမှ ကိစ္စတွေအောင်မြင်နိုင်မယ်။ ဒါဟာလိုအပ်တယ်နော်။

(၅) ပညာ၊ ဒါကတော့ သိပ်အရေးကြီးတယ်၊ပညာဆိုတာ လုပ်သင့်တာ လား, မလုပ်သင့်ဘူးလား၊ ဒီ ၂-ခုကို ခွဲခြားပြီးတော့ သိရမယ်။

ကိုယ်လုပ်နေတဲ့ အလုပ်ပေါ်မှာ ခွဲခြားတတ်ရမယ်၊ ပြောသင့်တာလား, မပြောသင့်တာလား၊ စိတ်ကူး သင့်လား, စိတ်မကူးသင့်ဘူးလား ဒါကိုခွဲခြားပြီး အမြဲဆန်းစစ်နေရမယ်။

လုပ်သင့် တာ, မလုပ်သင့်တာကို ခွဲခြားပြီး မသိဘူးဆိုရင် ဘာတွေဖြစ်မလဲဆိုရင် လုပ်သင့် တာကို မလုပ်ဘဲနေမယ်ဆိုရင် အကျိုးပျက်ပြားသွားမယ်၊ လောကမှာ လုပ်သင့်တာလည်းရှိတယ်, မလုပ်သင့်တာလည်း ရှိတယ်။

လူတွေ ပြောပြောနေကြတာရှိတယ်။ဒီကောင် မလုပ်သင့်တာကို လုပ်မိလို့ဒုက္ခရောက်တယ်လို့ ပြောကြတယ်။

လုပ်သင့်တာကို မလုပ်ရင်လည်း ဒုက္ခရောက်တတ်တယ်နော်။ ဒီတော့ လုပ်သင့်တာကိုလုပ်ရမယ်, မလုပ်သင့်တာကို ရှောင်ကြဉ်ရမယ်နော်။

အဲဒါမှ အကျိုးစီးပွားတွေတိုးတက်လာမယ်။ ပညာကတော့ အဆင့်အဆင့် အကျိုးစီးပွားတွေ မြင့်မားလာစေတယ်နော်။ ပေါင်းလိုက်တော့ ဒီအရည်အသွေး ၅-ရပ်ကို မိမိသန္တာန်မှာ ရှိစေရမယ်။

ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

အဆင့္ျမင့္ျမင့္ေနဖို႔အတြက္ လိုအပ္ေသာ အရည္အခ်င္းမ်ား

မဟာနာမ္ဘုရင္ႀကီးက ျမတ္စြာဘုရားကိုဘဝမွာ ဘယ္လိုေနနည္းနဲ႔ ေနရမလဲ ဆိုတာကိုေမးေတာ့ ျမတ္စြာဘုရားက အဆင့္ျမင့္တဲ့ေနနည္းနဲ႔ေနဖို႔ အႀကံေပး တယ္ေနာ္။

အဲဒီလိုေနဖို႔အတြက္ လူဆိုတာက အရည္အခ်င္းကလိုေသးတယ္ေနာ္။

အလုပ္တာဝန္တစ္ခုကိုလုပ္ဖို႔အတြက္ အရည္အခ်င္းက အေရးမႀကီးဘူးလား။

တာဝန္တစ္ခုကို ထမ္းေဆာင္ေတာ့မယ္ဆိုရင္ ထိုတာဝန္နဲ႔ထိုက္တန္တဲ့အရည္ အခ်င္းက လိုအပ္တယ္ေနာ္။

အဲဒီလိုပဲ အဆင့္ျမင့္ျမင့္ေနဖို႔အတြက္ လိုအပ္တဲ့ အရည္အခ်င္းေတြက ဘာလဲဆိုေတာ့ …

(၁) သဒၶါ တဲ့။ ကိုယ္လုပ္တဲ့ အလုပ္ေပၚမွာယုံၾကည္ခ်က္ ရွိရမယ္။ ယုံၾကည္ခ်က္မရွိလွ်င္ မေအာင္ျမင္ဘူးတဲ့။

ယုံၾကည္ခ်က္ရွိမွေအာင္ျမင္မႈရရွိမယ္ တဲ့။ အဲဒီယုံၾကည္ခ်က္ကို ခိုင္မာလာေအာင္လုပ္ရမယ္တဲ့။ ဘယ္အရာမွ သူ႔ဟာသူ ျဖစ္လာတာမဟုတ္ဘူး၊ေလ့က်င့္ယူရမွာပဲ။

လိုအပ္တဲ့ အရည္အေသြးရဖို႔ ေလ့က်င့္ ယူရမွာ ျဖစ္တယ္။ အားကစားသမားေတြလည္းေလ့က်င့္ယူရတာပါပဲ။

ေတာင္တက္ သမားေတြဆိုတာလည္း တျဖည္းျဖည္းေလ့က်င့္ၿပီးမွ ရလာတာေတြျဖစ္တယ္။

ေက်ာင္းသူ ေက်ာင္းသားေတြလည္း ငယ္ဘဝကတည္းက ေလ့က်င့္ေပးထား ရတာပါပဲ။

ေလ့က်င့္တယ္ဆိုတာ ခ်က္ခ်င္းႀကီးေတာ့ ျဖစ္မလာႏိုင္ပါဘူး။ ယုံၾကည္ခ်က္ရွိၿပီး တျဖည္းျဖည္း ေလ့က်င့္ရတာပါပဲ။ ဒါမွေအာင္ျမင္မႈလမ္းစကို ေလွ်ာက္လွမ္းႏိုင္ၾကမယ္။

(၂) ဝီရိယ-ယုံၾကည္ခ်က္ရွိ႐ုံနဲ၊ မရေသးဘူး၊ခိုင္မာတဲ့ ဇြဲ ဝီရိယကလည္း လိုေသးတယ္ေနာ္။

ဝီရိယမရွိရင္ေတာ့ ေလာကႀကီးမွာေအာင္ျမင္မႈကို မရႏိုင္ဘူး။ အခ်င္းခ်င္းၿပိဳင္ဆိုင္ေနၾကတာလည္း ဝီရိယရွိဖို႔ လိုအပ္တယ္။

ဝီရိယကလည္းေအာင္ျမင္ျခင္းရဲ႕တစ္စတစ္ေဒသ ပါဝင္တဲ့အခ်က္ပဲ။လုံ႔လဝီရိယရွိမွ ေအာင္ျမင္မႈ ရဲ႕အထက္တန္းကို ေရာက္ႏိုင္မယ္။ ။

(၃)သတိ- ႀကိဳးစားတဲ့အခါမွာလည္း သတိရွိဖို႔ လိုအပ္ေသးတယ္ေနာ္၊ အရမ္း ႀကိဳးစားလို႔မရေသးဘူး။ သတိေလးနဲ႔ႀကိဳးစားမွ ေအာင္ျမင္မႈကို ရႏိုင္မယ္ေနာ္။

သတိ ဆိုတာ Mindfulness ေပါ့။ ကိုယ္လုပ္ရမယ့္ အလုပ္ေပၚမွာ သတိေလးရွိၿပီး လုပ္ရမွာေနာ္၊ ဒီလိုဆိုလိုတယ္။

ဒီကေန႔လုပ္တယ္၊မနက္ျဖန္မွာ လုပ္ခ်င္မွလုပ္မယ္၊ ဒီလိုမရဘူးေနာ္။ ဇြဲရွိရမယ္၊ အၿမဲႀကိဳးစားလို႔လည္း မရဘူးေနာ္၊ သတိဆိုတာလည္း လိုအပ္တယ္။

(၄) သမာဓိ၊ သမာဓိဆိုတာ စိတ္တည္ၿငိမ္တာကိုေခၚတယ္။ လူတစ္ေယာက္ ဟာ စိတ္မတည္ၿငိမ္ဘူး၊ ဂနာမၿငိမ္ဘူးဆိုရင္လည္းေအာင္ျမင္မႈကို မရႏိုင္ဘူး။ စိတ္တည္ၿငိမ္မႈဟာ အလြန္အေရးႀကီးတယ္။

တရားအားထုတ္မွ သမာဓိလိုတာ မဟုတ္ဘူး၊ ဘာအလုပ္လုပ္လုပ္ စိတ္တည္ၿငိမ္ၿပီးသမာဓိရွိရမယ္။ စိတ္တည္ၿငိမ္မႈ မရွိရင္ဘယ္ကိစၥမွ ေအာင္ျမင္မႈမရွိဘူး။

သမာဓိဆိုတာ အာ႐ုံတစ္ခုတည္းေပၚမွာ စိတ္တည္ၿငိမ္ေနတာမ်ိဳးကိုေခၚတယ္။

စိတ္ပ်ံ႕လြင့္ေနတာမ်ိဳး မျဖစ္ေစရဘူး။ စိတ္တည္ၿငိမ္ၿပီး သမာဓိရွိမွ ကိစၥေတြေအာင္ျမင္ႏိုင္မယ္။ ဒါဟာလိုအပ္တယ္ေနာ္။

(၅) ပညာ၊ ဒါကေတာ့ သိပ္အေရးႀကီးတယ္၊ပညာဆိုတာ လုပ္သင့္တာ လား, မလုပ္သင့္ဘူးလား၊ ဒီ ၂-ခုကို ခြဲျခားၿပီးေတာ့ သိရမယ္။

ကိုယ္လုပ္ေနတဲ့ အလုပ္ေပၚမွာ ခြဲျခားတတ္ရမယ္၊ ေျပာသင့္တာလား, မေျပာသင့္တာလား၊ စိတ္ကူး သင့္လား, စိတ္မကူးသင့္ဘူးလား ဒါကိုခြဲျခားၿပီး အၿမဲဆန္းစစ္ေနရမယ္။

လုပ္သင့္ တာ, မလုပ္သင့္တာကို ခြဲျခားၿပီး မသိဘူးဆိုရင္ ဘာေတြျဖစ္မလဲဆိုရင္ လုပ္သင့္ တာကို မလုပ္ဘဲေနမယ္ဆိုရင္ အက်ိဳးပ်က္ျပားသြားမယ္၊ ေလာကမွာ လုပ္သင့္တာလည္းရွိတယ္, မလုပ္သင့္တာလည္း ရွိတယ္။

လူေတြ ေျပာေျပာေနၾကတာရွိတယ္။ဒီေကာင္ မလုပ္သင့္တာကို လုပ္မိလို႔ဒုကၡေရာက္တယ္လို႔ ေျပာၾကတယ္။

လုပ္သင့္တာကို မလုပ္ရင္လည္း ဒုကၡေရာက္တတ္တယ္ေနာ္။ ဒီေတာ့ လုပ္သင့္တာကိုလုပ္ရမယ္, မလုပ္သင့္တာကို ေရွာင္ၾကဥ္ရမယ္ေနာ္။

အဲဒါမွ အက်ိဳးစီးပြားေတြတိုးတက္လာမယ္။ ပညာကေတာ့ အဆင့္အဆင့္ အက်ိဳးစီးပြားေတြ ျမင့္မားလာေစတယ္ေနာ္။ ေပါင္းလိုက္ေတာ့ ဒီအရည္အေသြး ၅-ရပ္ကို မိမိသႏၲာန္မွာ ရွိေစရမယ္။

ဆရာေတာ္ေဒါက္တာအရွင္နႏၵမာလာဘိဝံသ