ဓမ္မဒူတ ဆရာတော် အရှင်ဆေကိန္ဒ မှ ဖားကန့်ဒေသ ဝှေခါမှော် မြေပြိုမှု ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ကျပ်သိန်း ၁၀၀ ကျပ်လှူဒါန်း

ဓမ္မဒူတ ဆရာတော် အရှင်ဆေကိန္ဒ မှ ဖားကန့်ဒေသ ဝှေခါမှော် မြေပြိုမှု ဖြစ်စဥ် နှင့် စပ်လျှင်း ၍

ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ၊လူနာများအား ဖားကန့် — မြစ်ကြီးနား — မန္တလေး သို့ သယ်ဆောင်ရွှေ့ပြောင်းခြင်း လုပ်ငန်းများ အား ချက်ချင်း တုန့်ပြန်ဆောင်ရွက်နိုင်ရန် အတွက် အလှူတော်ငွေ ကျပ်သိန်းတစ်ရာ အား မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့
(ဗဟိုကော်မတီ ဒုတိယ ဥက္ကဌ)ဦးလှိုင်မင်းဦး ထံ သို့ လှူဒါန်းပေးခဲ့ပါသည်။

ဆရာတော်ဘုရား ၏ အမိန့်အရလိုအပ်ချက်များအား ပူးပေါင်းဆောင်ရွက်နိုင်ရန် အတွက်
မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းရုံး) မှဗဟိုကော်မတီ ဒုတိယဥက္ကဌဦးလှိုင်မင်းဦး ခေါင်းဆောင်သော
ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ ၊လူနာသယ်ဆောင်မည့် အရေးပေါ် လူနာတင်ယာဥ်များ၊
ရုပ်အလောင်းသယ်ဆောင်မည့် မော်တော်ယာဥ်များ ယနေ့ည ဆက်လက် ထွက်ခွါပါမည်။

Source Oakkar Thein




Source Oakkar Thein